Skip to main content

ARTRAKER အနုပညာ ပထမဆု ကိုဆန်းဇော်ထွေး ရရှိ



လန်ဒန်မြို့တော် မှာ မနေ့ က ကျင်းပတဲ့ 2014 ARTRAKER နိုင်ငံတကာ ပန်းချီ အနုပညာ ပြိုင်ပွဲမှာ မြန်မာနိုင်ငံ မှ ပန်းချီပညာရှင် ကိုဆန်းဇော်ထွေး က စွန့်ပစ်ပစ္စည်းတွေ ကို အနုပညာ မြောက်အောင် ပြန်လည် အသုံးချ ပြတဲ့ ပရောဂျက် နဲ့ ပထမ ဆု ဆွတ်ခူး ခဲ့ ပါတယ်။ ဒီ ပြိုင်ပွဲ မှာ စကာတင် အနုပညာရှင် ၁၂ ယောက် အနက်၊ ကိုဆန်းဇော်ထွေး က ပထမ ဆု ရခဲ့တာပါ။

ဒီ ဆုချီးမြှင့်မှု ကို ARTRAKER အဖွဲ့ က နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ ကျရောက်တဲ့ စက်တင်ဘာလ ၂၁ ရက် ဝန်းကျင်မှာ ကျင်းပလေ့ ရှိပါတယ်။ သူဟာ ၁၉၉၉ ခု၊ ဗကသ ပြန်လည်ဖွဲ့စည်းရေး ဦးဆောင်ဖွဲ့စည်း ချိန်၊ ၉ လေးလုံး လှုပ်ရှားမှု ဖြစ်အောင် လှုံ့ဆော်မှု စတာတွေ နဲ့ ထောင်ဒဏ် ၃၆ နှစ် ချမှတ်ခံခဲ့ ရတာပါ။ ၂၀၁၂ ခု နှစ် ကျမှ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ အကျဉ်း က လွတ်မြောက်လာခဲ့တာပါ။


ထောင်ကျနေစဉ် ကတည်း က ရသမျှ ပစ္စည်း၊ ပလပ်စတစ် အိတ်၊ ကော်ဖီ အိတ်ခွံ ဘူးခွံ၊ ကတ်ထူပြား စတာတွေ နဲ့ ရရာ ပစ္စည်းတွေ နဲ့ သူ့ အနုပညာ လက်ရာ တွေ တီထွင်ခဲ့တာပါ။ ထောင် က လွတ်လာပြီးတဲ့ နောက်မှာ တကိုယ်တော် ပန်းချီ ပြပွဲ ကိုလည်း၊ ပြသခဲ့ပါတယ်။ အခု သူတတ်မြောက်ထားတဲ့ စွန်ပစ် ပစ္စည်းတွေ ကနေ အနုပညာ လက်ရာ ဖန်တီးမှု ကိုလည်း၊ မိဖမဲ့ ကလေးတွေ၊ HIV ရောဂါ စွဲနေတဲ့ ကလေး တွေ ကို သင်ကြားပေး ကြောင်း ဘီဘီစီ ကို ပြောပါတယ်။


အခုလို နိုင်ငံတကာ က အသိအမှတ်ပြု ဆုချီးမြှင့် ခံရတဲ့ အတွက်၊ မြန်မာနိုင်ငံတွင်းက စစ်ပြေးဒုက္ခသည် ကလေးတွေ အကြောင်း စာအုပ်ရေးသား ထုတ်ဝေပြီး၊ နိုင်ငံတကာ ဒုက္ခသည် ကလေးတွေ ဆီ ပို့ပေးဖို့ အစီအစဉ်၊ သူ့ရည်ရွယ်ချက် ကိုလည်း ARTRAKER အဖွဲ့ ကို ရှင်းပြခဲ့ လို့၊ သူလုပ်ငန်းတွေ ပိုမို ထိရောက်မှု ရှိလာနိုင်မယ် လို့ မြှော်လင့် ကြောင်းလည်း ဘီဘီစီ ကို ပန်းချီပညာရှင် ကိုဆန်းဇော်ထွေး က ပြောပြပါတယ်။


ဘီဘီစီ (မြန်မာပိုင်း)

http://ift.tt/1tiDX74











ပန်းချီဆန်းဇော်ထွေး ရဲ့ ဆုရ ပန်းချီ စါရင်းဝင်




from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/XGcTCc

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...