Skip to main content

နိုင်ငံများ၏ တရားဥပဒေစိုးမိုးမှုအဆင့် သတ်မှတ်ရန် ၉၉ နိုင်ငံအား စစ်တမ်းပြုရာ၌ မြန်မာက အဆင့် ၈၉ တွင် ရပ်တည်နေကြောင်း World Justice Project အဖွဲ့ ထုတ်ပြန်






အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီအခြေစိုက် အစိုးရအဖွဲ့အစည်းမဟုတ်သော World Justice Project (WJP) အဖွဲ့အ စည်း၏နေ့စဉ် လူမှုဘ၀ဆိုင်ရာ တရားဥပဒေစိုးမိုးမှု ကမ္ဘာစစ်တမ်းတစ်ရပ်တွင် နိုင်ငံပေါင်း ၉၉ နိုင်ငံအား သုတေသနပြုလုပ်ခဲ့ရာ၌ မြန်မာနိုင်ငံသည် အဆင့် ၈၉ တွင် ရပ်တည်နေကြောင်း သိရသည်။


အဆိုပါ WJP အဖွဲ့အစည်းသည် ၂၀၁၄ ခုနှစ်အတွက် တရားဥပဒေစိုးမိုးမှုနှင့် ပတ်သက်သောစစ်တမ်းကို သြဂုတ် ၆ ရက်က ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ပြီး လူနေမှုဘ၀တွင် အစိုးရအဖွဲ့အစည်းများနှင့် ပြည်သူတို့၏ တရားဥပဒေအပေါ် လေးစားလိုက်နာမှု စံနှုန်းများကို အဓိကစစ်တမ်းပြုစုခဲ့ခြင်းလည်း ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော WJP အဖွဲ့အစည်းသည် မည်သည့်အစိုးရ၏ ထောက်ပံ့မှုကိုမှ ရယူခြင်းခြင်းမရှိသော အဖွဲ့အစည်းအဖြစ် ရပ်တည်နေကာ ကမ္ဘာ့နိုင်ငံတိုင်းတွင် တရားဥပဒေစိုးမိုးမှု ပိုမိုဖြစ်ထွန်းလာစေရန် အစဉ်တစိုက်လုပ်ဆောင်လျက် ရှိသည်ကိုလည်း တွေ့ရသည်။


၎င်းတို့ အဖွဲ့အစည်းအနေဖြင့် ကမ္ဘာတစ်ဝန်းတွင် ဥပဒေကျွမ်းကျင်သော ပညာရှင် ၂၄၀၀ ခန့် ဦးဆောင်၍ အိမ်ထောင်စုပေါင်း တစ်သိန်းကျော်ကို အခြေခံစစ်တမ်း ပြုလုပ်ကာ အဖြေမှန်ထွက်ရှိရေးကို လုပ်ဆောင်ခဲ့ကြသည်။ သို့ရာတွင် အစိုးရအဖွဲ့အစည်းများ၏ တရားဥပဒေလေးစား လိုက်နာမှုထက် ပြည်သူများ၏ တရားဥပဒေလေးစား လိုက်နာမှုကိုသာ အလေးပေးစစ်တမ်းပြုလုပ် ခဲ့ကြောင်းသိရပြီး မြန်မာနိုင်ငံတွင် တရားဥပဒေနှင့်ပတ်သက်၍ ဗဟုသုတနည်းပါးသည့် အချက်က ပြည်သူများအား တရားဥပဒေဆိုင်ရာ ကျင့်ဝတ်များနှင့် လျော်ညီစွာ နေ့စဉ်ဘ၀နေထိုင်မှုတွင် အားနည်းချက်များ ဖြစ်ပေါ်ခဲ့ကြောင်း အဖြေထွက်လာခဲ့သည်။ WJP အဖွဲ့အစည်းအနေဖြင့် လေ့လာရမည့် အချက်ပေါင်း ၄၇ ခုတွင် တရားဥပဒေစိုးမိုးမှုဆိုင်ရာ ကဏ္ဍပေါင်းရှစ်ခုခွဲကာ လေ့လာခဲ့ခြင်းဖြစ်ပြီး ထိုကဏ္ဍရှစ်ခုမှာ အစိုးရအာဏာ အကန့်အသတ်ရှိမှု (Constraints on Government Powers)၊ လာဘ်ပေးလာဘ်ယူခြစားမှု ကင်းရှင်းမှု (Absence of Corruption)၊ ပွင့်လင်းမြင်သာသည့် အစိုးရတစ်ရပ်ရှိမှု (Open Government)၊ အခြေခံလူ့အခွင့်အရေး ကောင်းမွန်မှု (Fundamental Rights)၊ အမိန့်တည်တံ့မှုနှင့် လုံခြုံမှုဆိုင်ရာစနစ်ပြည့်ဝမှု (Order and Security)၊ စည်းမျဉ်းစည်းကမ်းများအပေါ်တွင် အာဏာတည်တံ့မှု (Regulatory Enforcement)၊ ပြည်သူရေးရာတရားမျှတမှု (Civil Justice)၊ ပြစ်မှုဆိုင်ရာတရားမျှတမှု (Crim- inal Justice) တို့ဖြစ်ကြသည်။


WJP ၏ စစ်တမ်းအရ မြန်မာနိုင်ငံတွင် အမိန့်တည်တံ့မှုနှင့် လုံခြုံမှုဆိုင်ရာ စနစ်ပြည့်ဝခြင်းမှာ နိုင်ငံ ၉၉ နိုင်ငံတွင် အဆင့် ၆၀ အထိ ရပ်တည်နေပြီး ငွေကြေးခြစားမှုတွင်လည်း အဆင့် ၆၃ တွင် ရပ်တည်နေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံအနေဖြင့် အဓိကအားနည်းနေသည့် ကဏ္ဍများမှာ အခြေခံလူ့အခွင့်အရေးရရှိမှုနှင့် ပွင့်လင်းမြင်သာသည့် အစိုးရတစ်ရပ် ပိုင်ဆိုင်မှုတို့ပင်ဖြစ်ကာ ယင်းနှစ်ရပ်စလုံး၌ အခြေခံလူ့အခွင့်အရေး ရရှိမှုက အဆင့် ၉၇ နှင့် ပွင့်လင်းမြင်သာသည့် အစိုးရတစ်ရပ်ပိုင်ဆိုင်မှုက ၉၆ တို့တွင် အသီးသီး ရပ်တည်နေကြသည်။ ယခုစစ်တမ်းကောက်ယူမှုတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ ၉၄ နိုင်ငံကိုချန်ကာ ကောက်ယူခဲ့ခြင်းဖြစ်ပြီး ယင်း ၉၄ နိုင်ငံတို့ တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် လာအိုနှင့်ဘရူနိုင်းတို့ ပါဝင်ကြောင်း သိရသည်။


WJP က တရားဥပဒေစိုးမိုးရေးသည် တရားမျှတမှုနှင့် အခွင့်အရေးဖြစ်တည်မှုတို့၏ လမ်းစဖြစ်ပြီး လူမှုအဖွဲ့အစည်းအားလုံးအတွက် ခိုင်မာသော စီးပွားရေး တိုးတက်ပြောင်းလဲမှု၊ အသိအမှတ်ပြုထိုက်သော အစိုးရတစ်ရပ်ဖြစ်တည်မှု၊ လူ့အခွင့်အရေး လေးစားလိုက်နာမှုတို့၏ ရေသောက်မြစ် ဖြစ်သည်ဟု ပြောကြားသည်။


၎င်းတို့ ထုတ်ပြန်သော နိုင်ငံများစာရင်းတွင် တရားဥပဒေစိုးမိုးမှုပိုင်း၌ ထိပ်ဆုံးတွင်ရှိနေသော နိုင်ငံများမှာ ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ဖင်လန်၊ နယ်သာလန်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှာ အဆင့် ၁၉ တွင်သာ ရပ်တည်နိုင်သော်လည်း ဟောင်ကောင်မှာ အဆင့် ၁၆ တွင် ရပ်တည်လျက်ရှိသည်။ စင်ကာပူမှာ အဆင့်သတ်မှတ်ခံရမှု ၁၀ ဖြင့် ထိပ်ဆုံးနိုင်ငံများ စာရင်းဝင်ခွင့်ရခဲ့ပြီး တောင်အာရှနိုင်ငံများထဲတွင် အဆင့်သတ်မှတ်ခံရမှု အမြင့်ဆုံးနိုင်ငံမှာ သီရိလင်္ကာဖြစ်ကာ အဆင့် ၄၈ တွင် ရပ်တည်နေသည်။ အဆင့် ၈၉ အဖြစ် သတ်မှတ်ခံရသည့် မြန်မာနိုင်ငံ၏အောက်တွင် ယူဂန္ဓာ၊ ကမ္ဘောဒီးယား၊ ပါကစ္စတန်၊ ဇင်ဘာဘွေနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့ ပါဝင်နေကြောင်း စစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။








from Eleven Daily News http://ift.tt/1vmx33m

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3