Skip to main content

MPT နှင့် ပူးပေါင်းထားသည့် KDDI က မြှုပ်နှံမည်ဆိုသော ဒေါ်လာနှစ်ဘီလျံကျော်မှာ ချေးငွေများသာဖြစ်၍ အားလုံးပြန်ဆပ်ရမည်ဖြစ်ပြီး အသားတင်အမြတ်၏ ရာခိုင်နှုန်း ၅၀ ကိုလည်း KDDI သို့ခွဲပေးရန် စီစဉ်






မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT နှင့် ပူးပေါင်းထားသည့် KDDI က စိုက်ထုတ်မြ§ုပ်နှံမည်ဆိုသော အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော်မှာ မြန်မာ့ဆက်သွယ်ရေး ကဏ္ဍအတွက် အပြီးထည့်ဝင်မြှုပ်နှံမည့် ငွေများမဟုတ်ဘဲ ခေတ္တထုတ်ချေးပေးသည့် ငွေများသာဖြစ်ပြီး အားလုံးပြန်ဆပ်ရမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။



KDDI ဘက်က အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော်ကို ရင်းနှီးမြှုပ်နှံသည်ဟုသာ ထုတ်ဖော်ပြောကြားထားသော်လည်း အမှန်တကယ် MPT နှင့် KDDI-Summit Global Myanmar Co.Ltd တို့ သဘောတူစာချုပ်ချုပ်ဆိုရန် ပြင်ဆင်နေမှုအရဆိုပါက ချေးငွေသာဖြစ်ပြီး ပြန်ဆပ်ရမည်ဖြစ်ကြောင်း သိရသည်။



KDDI သို့ အားလုံးပြန်ဆပ်ရမည့်အပြင် အကျိုးအမြတ်ခွဲဝေရာတွင်လည်း အသားတင်အမြတ်၏ ရာခိုင်နှုန်း ၅ဝ ကို KDDI သို့ပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် ဆက်သွယ်ရေး ဝန်ဆောင်မှုများအတွက် နိုင်ငံတကာမှ လာရောက်မြှုပ်နှံသည့် Telenor၊ Ooredoo တို့နှင့် ယှဉ်ပြိုင်နိုင်ရန်အတွက် KDDI ဖြင့် ပူးပေါင်းထားခြင်းဖြစ်သည်။



KDDI-Summit Global Myanmar ကုမ္ပဏီလီမိတက်နှင့် MPT တို့သည် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် Joint Operation Agreement ကိုချုပ်ဆိုရန် ပြင်ဆင်ထားပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။



အဆိုပါ Joint Operation Agreement အရဆိုပါက စာချုပ်သက်တမ်း ၁ဝ နှစ်ဖြစ်ပြီး KDDI Summit Global Myanmar Co.Ltd မှ စိုက်ထုတ်မြှုပ်နှံမည့် အမေရိကန်ဒေါ်လာ နှစ်ဘီလျံကို နှစ်အလိုက် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း၊ MPT မှ လက်ရှိဝန်ထမ်းများကို အသုံးပြုမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအတွက် လစာကို MPT ဘက်မှသာ ကျခံသုံးစွဲရမည်ဖြစ်ကြောင်း စသည်ဖြင့် အချက်များပါဝင်သည်ဟု သိရသည်။



ထူးခြားချက်အနေဖြင့် KDDI က အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော်ကို စိုက်ထုတ်မြှုပ်နှံမည် ဆိုသော်လည်း အမှန်တကယ်တွင် အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်ကိုသာ ၎င်းတို့ဘက်မှ စိုက်ထုတ်ရခြင်းဖြစ်ကြောင်း သိရသည်။



ဥပမာအားဖြင့် သုံးနှစ်အတွင်း KDDI မှ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်ကို စိုက်ထုတ်ပေးထားပြီး MPT နှင့် KDDI ပူးပေါင်းထားသည့် Joint Operation က အဆိုပါ တစ်ဘီလျံကို နှစ်စဉ်သတ်မှတ်ထားသည့် ပမာဏအတိုင်း ပြန်ဆပ်ရမည်ဖြစ်ကြောင်း၊ ပြန်ဆပ်သည့်ငွေဖြင့် KDDI မှ ပြန်လည်စိုက်ထုတ်ပေးခြင်းဖြစ်ကြောင်း၊ ထို့အတွက် KDDI မှ အမှန်တကယ် စိုက်ထုတ်ရသည့် ပမာဏမှာ ဒေါ်လာတစ်ဘီလျံကျော်သာရှိကြောင်း သိရသည်။



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အသိုင်းအဝိုင်းမှ Joint Operation Agreement အပေါ် သိရှိထားသူတစ်ဦးက “လူတိုင်းသိထားတာက KDDI ဘက်က ဒေါ်လာနှစ်ဘီလျံကျော် စိုက်ထုတ်မြှုပ်နှံမယ်လို့ သိထားတာ။ တကယ်က ဒေါ်လာနှစ်ဘီလျံကျော်စလုံးကို နှစ်ဖက်ပေါင်းထားတဲ့ Joint Operation က ပြန်ဆပ်ရမှာဆိုတော့ သူက ခေတ္တစိုက်ထုတ် ချေးပေးတာပဲပေါ့။ ပြီးတော့ ဒေါ်လာနှစ်ဘီလျံစလုံးကို တစ်ခါတည်းစိုက်ထုတ်ရမှာ မဟုတ်ဘူး။ ပထမ ၃၊ ၄ နှစ်လောက်အတွင်းမှာ ဒေါ်လာတစ်ဘီလျံကျော်ကိုပဲ စိုက်ထုတ်ရမှာ။ အဲဒီ တစ်ဘီလျံကျော်ကို Joint Operation က နှစ်အလိုက် ပြန်ဆပ်ရမယ်။ အဲဒီပြန်ဆပ်တဲ့ငွေနဲ့ နောက်ပိုင်းနှစ်တွေမှာ ပြန်စိုက်ထုတ်မှာ။ ဒီတော့ သူတကယ်တမ်း စိုက်ထုတ်ပေးတာက ဒေါ်လာတစ်ဘီလျံကျော်ပဲ ရှိတယ်။ ၁ဝ နှစ်စာ သူ့ဘက်စိုက်ထုတ်တာတွေ အကုန်ပေါင်းထားလို့သာ နှစ်ဘီလျံကျော် ဖြစ်နေတာ။ တစ်ဘီလျံကျော်နဲ့ပဲ လှည့်ပတ်သုံးစွဲမှာ။ အကျိုးအမြတ်ခွဲတဲ့ အခါကျတော့ အသားတင် အမြတ်ပေါ်မှာ ၅ဝ ရာခိုင်နှုန်းသူ့ကို ပေးရမယ့်နှုန်းနဲ့ စာချုပ်ဖို့ပြင်ဆင်နေကြတယ်လို့ သိထားတယ်။ ရှင်းရှင်းပြောရင်ဗျာ အဲဒီ Joint Operation မှာ လက်ရှိ MPT ဝန်ထမ်းတွေကို သုံးမယ်ဆိုပေမယ့် အဲဒီဝန်ထမ်းလစာတွေကိုလည်း Joint Operation က မခံဘူး။ MPT ကပဲ ကျခံရမယ်။ ခြုံကြည့်ရင် KDDI ဘက်က ဒေါ်လာ တစ်ဘီလျံကျော်ကို ခဏထုတ်ချေးပေးတာရယ် နည်းပညာယူလာတာရယ် ရှိမယ်။ မြန်မာဘက်က ဒေါ်လာတစ်ဘီလျံကိုလည်း ပြန်ဆပ်။ MPT ရဲ့ ဝန်ထမ်းလစာလည်း ကိုယ့်ဟာကိုယ်ပေး၊ အကျိုးအမြတ်ကိုလည်း ၅ဝ ရာခိုင်နှုန်း ခွဲပေးရမှာပေါ့။ မိုဘိုင်းစခန်းသစ်တွေ၊ တာဝါတိုင်သစ်တွေ အများကြီးကတော့ ထပ်ရလာမယ်။ ဒါကလည်း ပြန်ဆပ်ရမယ့်ငွေနဲ့ လုပ်တာဆိုတော့ ကိုယ့်ငွေနဲ့ ကုန်ကျခံလုပ်တာလို့ပဲ ပြောရမှာပဲ” ဟု ရှင်းပြသည်။



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် မိုဘိုင်းဖုန်းများကို ကနဦးတပ်ဆင်ခ ကျပ် ၁၅ သိန်းအထိယူ၍ နိုင်ငံတကာတွင်မရှိသည့် နှုန်းများဖြင့် ချထားပေးခြင်းကြောင့် ယခင်က ဖုန်းတစ်လုံးပြင်ပပေါက်ဈေးကျပ် ၂၅ သိန်းမှ ကျပ်သိန်း ၄ဝ အထိ ဝယ်ယူသုံးစွဲခဲ့ရသူများ နစ်နာခဲ့ရဖူးသည်။








from Eleven Daily News http://ift.tt/1ucxhWx

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...