Skip to main content

#emg_editorials သြဂုတ်လ ၁၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်...



#emg_editorials



သြဂုတ်လ ၁၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်



တရားဥပဒေစိုးမိုးရေးနှင့် မှန်ကန်မျှတသော တရားစီရင်ရေး



လူမြင်ကွင်းတွင် လူအုပ်စုက လူတစ်ယောက်တည်းကို ထိခိုက်ဒဏ်ရာရအောင် အသက်သေဆုံးအောင် ရန်မူခြင်း၊ မည်သူက အဘယ်အကြောင်းကြောင့် လူသတ်မှုကျူးလွန်ကာ အသက်သေဆုံးစေသည်ကို ချက်ချင်းမသိနိုင်သော သက်မဲ့ခန္ဓာကိုယ်ကိုသာ တွေ့ရသည့် မှုခင်းဖြစ်စဉ်များ အပါအဝင် တရားဥပဒေစိုးမိုးရေးကို မေးခွန်းထုတ်စရာဖြစ်စေသည့် မှုခင်းဖြစ်စဉ်များ မကြာခဏဆိုသလို ဖြစ်ပွားလာသည်။



မကြာသေးမီက လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သော ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ဖြစ်ပွားခဲ့သည့် မှုခင်းဖြစ်စဉ်ကလည်း အားလုံးကို ထိတ်လန့်တုန်လှုပ်စေသည်။ အခြားအခြားသော မှုခင်းဖြစ်စဉ်များလည်း ရှိနေရာ မည်သို့ပင်ဖြစ်စေ ဤသာဓကများအရ တရားဥပဒေစိုးမိုးရေး မည်မျှအရေးပါသည်ကို အထူးပြောစရာ လိုမည်မထင်ပါ။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့အနေဖြင့်လည်း ဟိုးယခင် ကာလများနှင့်မတူသော ပြုပြင်ပြောင်းလဲမှုများနှင့်အတူ မှုခင်းဖြစ်စဉ်များကို ဖော်ထုတ် ခြင်း၊ သတင်းထုတ်ပြန်ခြင်းများ ယခင်ထက် ပိုမိုပြုလုပ်လာသည်ကို တွေ့ရသည်။



သို့သော် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခြုံ၍ကြည့်မည်ဆိုလျှင် မှုခင်းဖြစ်ပွားပြီး ဖော်ထုတ်အရေးယူခြင်းထက် ဆိုးရွားသော မှုခင်းဖြစ်စဉ်များ ဖြစ်ပေါ်လာခြင်းမရှိရန် ကြိုတင်ကာကွယ်မှု အပိုင်းများတွင်မူ ယခုထက်ပိုမို လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်သည်။



အလားတူပင် တရားဥပဒေစိုးမိုးရေးအတွက် တည်ဆဲဥပဒေများ၏ လေးနက်အသက်ဝင်မှု၊ လိုက်နာကျင့်သုံး နိုင်မှုသည်လည်း အဓိကကျနေသည်။ ထို့အတူ ကျောသား ရင်သား မခွဲခြားဘဲ ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူနိုင်ရန် လိုအပ်မည်ဖြစ်သည်။ ဥပဒေအထက်တွင် မည်သူမျှ ရှိနေ၍မဖြစ်ပါ။



တရားဥပဒေစိုးမိုးရေး၏ အခန်းကဏ္ဍ အဓိကကျသလို မှန်ကန်မျှတသည့် တရားစီရင်ရေးစနစ် ဖြစ်ထွန်းရန်လည်း လိုအပ်မည်ဖြစ်သည်။ မျှော့ကြိုးသဖွယ် လိုသလို အတိုးအလျှော့ စီရင်မှုမျိုးသည် မှန်ကန်မျှတသည့် တရားစီရင်မှုဟု ခေါ်ဆိုနိုင်မည် မဟုတ်ပါ။ လက်ရှိတွင် ပြည်သူများအကြား ဝေဖန်စရာဖြစ်နေသော၊ ယုံကြည်မှုထိခိုက်စေသော တရားစီရင်ရေးကဏ္ဍနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် ပြင်ဆင်သင့်သည်များကို အလျင်အမြန် ပြောင်းလဲပြုပြင်သင့်ပြီ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအဖြစ် မှတ်ကျောက်တင်ခံနိုင်ရန် တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေး၏ အခန်းကဏ္ဍသည် အဓိကကျနေသည်။



“ဥပဒေအချို့ အားနည်းချက်များကြောင့် အများပြည်သူ နစ်နာမှုရှိခြင်း၊ ပြည်သူ့ရဲ အရာရှိများအနေဖြင့် လူသတ်မှု၊ ထောင်ဖောက်ထွင်းမှုများအား မှန်ကန်မြန်ဆန်စွာ မဖော်ထုတ်နိုင်ခြင်း၊ တရားခံကို တိတိကျကျ မဖော်ထုတ်နိုင်ခြင်း၊ တရားရုံးတွင် အမှုလိုက်ပါ ဆောင်ရွက်ကြသော ဥပဒေအရာရှိများ၊ ရှေ့နေများကလည်း မိမိတို့၏ ကျင့်ဝတ်သိက္ခာ စောင့်ထိန်းရန်လိုခြင်း၊ တရားသူကြီးများအနေဖြင့် ယိမ်းယိုင်နေသော တရားရေးမဏ္ဍိုင်ကို ပြန်လည်တည့်မတ်ရန် အဂတိတရားလေးပါး ကင်းစွာဖြင့် လုပ်ရန်လိုခြင်း၊ ဥပဒေကျင့်ထုံးများ လုပ်ထုံးလုပ်နည်းများ၏ ပျော့ကွက်ဟာကွက်ကို အခွင့်ကောင်းယူပြီး လိုရာဆွဲဆုံးဖြတ်ခြင်းမျိုးမပြုရန် လိုအပ်နေခြင်း၊ အချို့တရားရုံးများသည် အမှုစစ်ဆေးခြင်း၊ စွဲချက်တင်ခြင်း၊ စီရင်ချက်ချခြင်းတို့တွင် ဥပဒေနှင့်မညီခြင်း ကဲ့သို့သော အချက်များအပါအဝင် လက်ရှိတရားရေးမဏ္ဍိုင် ယိမ်းယိုင်နေသည့် အချက်များ ပေါ်လွင်နေကြောင်း” ဟူသော တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၏ ပြည်ထောင်စုလွှတ်တော်သို့ ၂ဝ၁၃ ခုနှစ် ဩဂုတ် ၁၂ ရက်က တင်သွင်းခဲ့သည့် အစီရင်ခံစာပါ အချက်များကို သတိပြုသင့်ပါသည်။ ပြုပြင်သင့်သည်များကို အလျင်အမြန် လုပ်ဆောင်သင့်ပါသည်။



ထို့ကြောင့် အစိုးရသက်တမ်း ငါးနှစ်ကုန်ဆုံးရန် ရက်ပေါင်း ၄ဝဝ ကျော်သာ ကျန်ရှိတော့သည့် လက်ရှိအစိုးရအတွက် တရားဥပဒေ စိုးမိုးရေးနှင့် မှန်ကန်မျှတသော တရားစီရင်ရေးအဖြစ် အများပြည်သူကို အကာအကွယ်ပေးရန် လူထုယုံကြည် လက်ခံလာစေရန် လုပ်ဆောင်သင့်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းအပ်ပါသည်။







သြဂုတ်လ ၁၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော် | Eleven Daily News

www.news-eleven.com

တရားဥပဒေစိုးမိုးရေးနှင့် မှန်ကန်မျှတသော တရားစီရင်ရေး

from Eleven Media Group's Facebook Wall http://ift.tt/1uQQQE2

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...