Skip to main content

သြဂုတ်လ ၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်






အာဆီယံအတွက် အရေးအကြီးဆုံးအချိန်



လက်ရှိအာဆီယံဥက္ကဋ္ဌ မြန်မာနိုင်ငံတွင် (၄၇) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို နေပြည်တော်၌ ကျင်းပနေပြီဖြစ်သည်။ အမေရိကန်၊ တရုတ်၊ ရုရှား အပါအ၀င် အင်အားကြီးနိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်မည့် အာဆီယံဒေသတွင်း ဖိုရမ်ကိုလည်း နေပြည်တော်တွင် ကျင်းပမည်ဖြစ်သည်။



ထို့ပြင် ယခုတစ်ကြိမ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် အတူကျင်းပမည့် အာဆီယံဒေသတွင်းဖိုရမ်သည် စိတ်ဝင်စားစရာဖြစ်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီ၊ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရီဆုယောင်တို့အပြင် ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဥရောပသမဂ္ဂ၊ သြစတြေးလျ၊ နယူးဇီလန်နှင့် ရုရှားတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်သည်။ အာရှ၏ အကြီးဆုံးသော လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲအဖြစ် အများသိသည့် အာဆီယံဒေသတွင်းဖိုရမ်သို့ မြောက်ကိုရီးယားနိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်မည်ဆိုသည်မှာ ရှားပါးသည့်ဖြစ်စဉ် တစ်ခုအဖြစ်လည်း မှတ်ချက်ပြုကြသည်။ သုံးရက်ကြာကျင်းပမည့် အစည်းအဝေးတွင် အရှေ့တောင်အာရှ နျူကလီးယားလက်နက် ကင်းစင်ရေးဇုန် သဘောတူစာချုပ် လက်မှတ်ရေးထိုးရေးဆိုင်ရာ အစည်းအဝေး၊ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံအစိုးရချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေး၊ (၄၇)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံနှင့် သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ-ဥရောပသမဂ္ဂ အစည်းအဝေး၊ အာဆီယံဒေသတွင်းဖိုရမ် အစရှိသည့် အစည်းအဝေးများကို ကျင်းပမည်ဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတို့ တက်ရောက်မှု၏ နောက်ကွယ်တွင် စိတ်ဝင်စားမှုများစွာ ဖြစ်ပေါ်စေသည်။ ဒေသတွင်းအင်အားကြီး တရုတ်၏ မိတ်ဖက်နိုင်ငံအဖြစ် ရပ်တည်နေသော အာဆီယံဥက္ကဋ္ဌ မြန်မာနိုင်ငံ၏ ဒေသတွင်း အရေးကိစ္စများအပေါ် မည်ကဲ့သို့ ရပ်တည်မည်ဆိုသည်ကိုလည်း စောင့်ကြည့်နေကြမည် ဖြစ်သည်။



သြဂုတ် ၈ ရက်က ပြုလုပ်သော (၄၇) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဖွင့်ပွဲတွင် သမ္မတဦးသိန်းစိန်က လက်ရှိအချိန်အခါသည် အာဆီယံအတွက် အရေးအကြီးဆုံးအချိန် ရောက်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သလို အာဆီယံအသိုက်အ၀န်း ထူထောင်မှုနှင့် ပတ်သက်၍ အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။



အမှန်တကယ်လည်း အာဆီယံဒေသအတွက် အရေးကြီးနေပြီဖြစ်သလို ဒေသတွင်းပြဿနာများ ဖြေရှင်းရေးတွင် အာဆီယံဥက္ကဋ္ဌ၏ အခန်းကဏ္ဍသည် အဓိကနေရာတွင် ရှိသည်။ ထို့အတူ အာဆီယံဥက္ကဋ္ဌ မြန်မာနိုင်ငံအတွက်လည်း လက်ရှိကာလသည် အရေးကြီးသော ကာလတစ်ခုဖြစ်နေသည်။ မကြာမီ ရောက်ရှိလာတော့မည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် လက်ရှိအစိုးရ၏ လက်ကျန်သက်တမ်း တစ်နှစ်ကျော်အတွင်း လုပ်ဆောင်စရာ ဖြေရှင်းစရာ ကိစ္စရပ် အများအပြား ရှိနေသည်။ အစိုးရအဖြစ် စတင်တာဝန်ယူစဉ်က ပေးအပ်ခဲ့သော ကတိက၀တ်များ၊ အကောင်အထည်ဖော်ရန် ကိစ္စများ၊ မပြီးပြတ်သေးသော ကိစ္စများအတွက် လက်ကျန်တစ်နှစ်ကျော် ကာလတွင် မှတ်ကျောက်တင်ခံရဦးမည် ဖြစ်သည်။



ထို့ကြောင့် အာဆီယံဥက္ကဋ္ဌ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းကိစ္စရပ်များကို ကိုင်တွယ်သကဲ့သို့ မြန်မာနိုင်ငံ၏ မပြီးဆုံးသေးသော ဖြေရှင်းစရာ ကိစ္စရပ်များအပေါ် လက်ကျန်သက်တမ်း တစ်နှစ်ကျော်အတွင်း မည်ကဲ့သို့ လုပ်ဆောင်မည်ကို ပြည်သူများစောင့်ကြည့်နေကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။








from Eleven Daily News http://ift.tt/1lIaYTp

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...