#BreakingNews
"တူရကီသမ္မတရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် အာဒိုဂန် အနိုင်ရ"
တူရကီဝန်ကြီးချုပ် တေရစ်ပ် အာဒိုဂန်သည် သမ္မတရွေးကောက်ပွဲတွင် ဆန္ဒမဲအရေအတွက် ၅၃ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရရှိသွားကြောင်း ဆန္ဒမဲရေတွက်မှု အစောပိုင်းရလဒ်များအရ သိရသည်။
တူရကီသမ္မတရွေးကောက်ပွဲ၏ ဆန္ဒမဲ ၉၅ ရာခိုင်နှုန်းနီးပါးကို ရေတွက်ပြီးစီးချိန်တွင် ဝန်ကြီးချုပ်အာဒိုဂန်က ၅၃ ရာခိုင်နှုန်းဖြင့် ဦးဆောင်နေပြီဖြစ်သည်။ အာဒိုဂန်၏ ပြိုင်ဘက်နှစ်ဦးမှာ ဆန္ဒမဲအရေအတွက် ၃၇ ရာခိုင်နှုန်းကျော်နှင့် ၉ ရာခိုင်နှုန်းကျော် ရရှိကြောင်း သိရသည်။
#MizzimaDaily
http://ift.tt/OTcCHv
from Mizzima - News in Burmese's Facebook Wall http://ift.tt/1kuEDV1
Comments
Post a Comment