Skip to main content

စွမ်းအင်ကဏ္ဍ ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များအား ကုမ္ပဏီများသို့ ချပေးရာ၌ ပွင့်...



စွမ်းအင်ကဏ္ဍ ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များအား ကုမ္ပဏီများသို့ ချပေးရာ၌ ပွင့်လင်းမြင်သာမှု အားနည်းကြောင်း ဝေဖန်မှုအချို့ ထွက်ပေါ်



မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် ပြည်တွင်းပြည်ပ ကုမ္ပဏီများအား လုပ်ကွက်များချပေးရာ ပွင့်လင်းမြင်သာမှု အားနည်းကြောင်း ဝေဖန်မှုများထွက်ပေါ်နေသည်ဟု သတင်းရရှိသည်။



အစိုးရသစ်လက်ထက်တွင် ယင်းကဲ့သို့ လုပ်ကွက်တင်ဒါခေါ်ယူသည့် အကြိမ်ပေါင်း သုံးကြိမ်ရှိပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ယခုလက်ရှိ ကမ်းလွန်ရေနံလုပ်ကွက် (၂၄) ကွက်တွင် နိုင်ငံခြားရေနံကုမ္ပဏီပေါင်း (၁ဝ)ခုက ရေနံရှာဖွေလျက်ရှိပြီး ကုန်းတွင်းလုပ်ကွက် (၂ဝ)ကွက်တွင် နိုင်ငံခြားရေနံကုမ္ပဏီပေါင်းရှစ်ခုနှင့် နိုင်ငံခြားနှင့် မြန်မာပူးပေါင်းကုမ္ပဏီ ခုနစ်ခုက ရေနံရှာဖွေလျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။



ကုန်းတွင်းလုပ်ကွက်များ၌ ဝင်ရောက်လုပ်ကိုင်နေသော ပြည်ပကုမ္ပဏီများထဲတွင် အမေရိကန်၊ နယ်သာလန်၊ ကနေဒါ၊ ဩစ တြေးလျ၊ အင်္ဂလန်၊ ဂျပန်နှင့် တောင်ကိုရီး ယား စသည့်နိုင်ငံများမှ ဝင်ရောက်လုပ် ကိုင်လျက်ရှိကြောင်းနှင့် စွမ်းအင်ဝန်ကြီးဌာနမှ လက်သင့်ရာပေးသည်ဆိုသည့် သတင်း များလည်း ထွက်ပေါ်နေကြောင်း သိရသည်။



“ဒီလိုအသံမျိုးတွေ ထွက်လာတယ် ဆိုတာကတော့ ကျွန်တော့်အမြင်ပြောရရင် ဥပမာ- ၁ဝ ကွက်ကို တင်ဒါခေါ်တယ်ဆိုရင် ကုမ္ပဏီတစ်ခုတည်းကပဲ ငါးကွက်လောက် ပိုင်သွားပြီဆိုရင်တော့ ဒါဟာတစ်ခုခုတော့ မှားယွင်းနေပြီပေါ့။ တကယ်လို့ အဲဒီကုမ္ပဏီ တစ်ခုတည်းက ငါးကွက်စလုံး ရသွားတယ်ထားဦး။ အမှတ်ပေးစည်းမျဉ်းကို ပြနိုင်မယ်ဆိုရင်တော့ တစ်မျိုးစဉ်းစားရမှာပေါ့။ ကျွန်တော်တို့က ဒါမျိုးလုပ်ပါတယ်ဆိုပြီး ပြနိုင်ရမယ်။ မပြနိုင်ဘူးဆိုရင်တော့ အစိုးရရဲ့အားနည်းချက် ဖြစ်သွားမှာပါ။ ဥပမာ-ဘရာဇီးမှာဆိုရင် တင်ဒါခေါ်လိုက်တယ်။ ကုမ္ပဏီ A ဒီလောက်ဒီလောက်၊ ကုမ္ပဏီ B ဒီလောက်ဒီလောက်ကောက်ပြီး စာရေးလိုက်တယ်။ ရေးပြီးတော့မှ ကျွန်တော်တို့ အမှတ်ပေးစည်းမျဉ်းက ဒီလိုပါဆိုတာ ထိုးပြလိုက်တယ်။ နောက်တစ်ပတ်ပဲကြာတယ်။ ကြေညာလိုက်တယ်။ ဒီမှာက တစ်နှစ်လောက်ကြာသွားတယ်။ ဒါကြောင့် ဝေဖန်သံတွေ ထွက်ပေါ်လာတာလည်း ဖြစ်နိုင်ပါတယ်” ဟု Parami Energy Group of Companies မှ CEO ဖြစ်သူ ဦးပြည့်ဝထွန်းက သုံးသပ်ပြောကြားသည်။



“အခု EITI ရဲ့ အဖွဲ့ဝင် နိုင်ငံဖြစ်သွား ပြီဆိုတော့ ပွင့်လင်းမြင်သာမှုဆိုတာ နောက်ပိုင်းမှာ ချပြရမှာပါ။ EITI ရဲ့ Multistake Holder ထဲမှာ အစိုးရရော ကုမ္ပဏီရော CSO အဖွဲ့တွေပါ ပါလာမှာဆိုတော့ ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ဖို့ လိုလာတော့မှာပါ” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြော ကြားသည်။



“ဒါတွေက အရမ်းရှုပ်ထွေးပါတယ်။ တော်တော်တန်တန်နဲ့ နားလည်ဖို့မလွယ်ပါဘူး။ ဒါပေမဲ့ ဝန်ကြီးဌာနတွေက နားလည်ပါတယ်။ ဒီဟာတွေ အခုမှ စလုပ်တာလည်း မဟုတ်ပါဘူး။ အင်ဒိုနီးရှားတို့၊ မလေးရှားတို့မှာလည်း ဒီလိုပုံစံမျိုးပါပဲ။ မြန်မာပြည်က ထွင်ပြီးလုပ်တာ မဟုတ်ပါဘူး။ ဒါတွေအတွက် Standard တွေက ရှိပြီးသားပါ။ ကန်ထရိုက်တွေကလည်း ရိုးရိုးကန်ထရိုက်တွေ မဟုတ်ပါဘူး။ Production Sharing ကန်ထရိုက်တွေပါ။ နိုင်ငံတကာကျင့်သုံးတဲ့ Standard အပေါ်မူတည်ပြီး လုပ်ကြတာပါ။ အခုဆိုရင် စီးပွားရေးပိတ်ဆို့မှုကို ဖွင့်ပေးလိုက်တဲ့အခါကျတော့ လုပ်ငန်းတွေအများကြီး ဝင်လာကြပြီး Signature Bonus တောင် နှစ်မီလျံလောက်ရနေကြတာ” ဟု စွမ်းအင်ဝန်ကြီးဌာနမှ အငြိမ်းစားဘူမိအင်ဂျင်နီယာ တစ်ဦးကဆိုသည်။



လက်ရှိ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှာ ရက်ပိုင်းအတွင်းက ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးအဖြစ် တိုးမြှင့်ခန့်အပ်ခံရသည့် ဦးရဲထွဋ်၏ ယောက်ဖတော်စပ်သူ ဦးဇေယျာအောင်ဖြစ်သည်။ ထို့အပြင် ဦးဇေယျာအောင်အား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဦးဇေယျာအောင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ထားသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အား သမ္မတက ပြန်လည်ပယ်ဖျက်ကြောင်း နိုင်ငံတော်ပြန်တမ်းတွင် ပါရှိခဲ့သည်။ သို့သော် ဇူလိုင် ၂၃ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒသမမြောက်နေ့တွင် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ဦးဇေယျာအောင် လာရောက်ရှင်းလင်း တင်ပြခဲ့ပြီး ၎င်းအားမြန်မာနိုင်ငံ နှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌအဖြစ်ဖော်ပြခဲ့သည်။ ဦးဇေယျာအောင်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်မှ အစိုးရသစ်လက်ထက်တွင် ရထားပို့ဆောင်ရေး ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး ၎င်း၏ဖခင်သည် သမ္မတဦးသိန်းစိန်၏ အထက်အရာရှိ ဖြစ်ခဲ့ဖူးကြောင်း သိရသည်။



မြန်မာနိုင်ငံ၏ ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်အချို့ပြ မြေပုံအားတွေ့ရစဉ်







from Eleven Media Group's Facebook Wall http://ift.tt/1maDRaO

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...