Skip to main content

ကန့်ဘလူတပ်သိမ်းမြေပြဿနာတွင် အဘက်ဘက်မှ ဆုံးရှုံးနစ်နာခဲ့ရသော ထောင်ဂဏန်းရှိ တောင်သူ...



ကန့်ဘလူတပ်သိမ်းမြေပြဿနာတွင် အဘက်ဘက်မှ ဆုံးရှုံးနစ်နာခဲ့ရသော ထောင်ဂဏန်းရှိ တောင်သူများက ဥပဒေအတိုင်း မျှတစွာဖြေရှင်းပေးရန် ဆန္ဒထုတ်ဖော်



စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်းရှိ ကန့်ဘလူကြံစီမံကိန်းအတွက် တပ်မတော်မှသိမ်းယူခဲ့သော မြေယာပြဿနာများတွင် အဘက်ဘက်မှ ဆုံးရှုံးနစ်နာထိခိုက်နေရသည့် ထောင်ဂဏန်းရှိ မြေသိမ်းခံတောင်သူများနှင့် လယ်ယာအရေးဆောင်ရွက်သူများသည် ဥပဒေမဲ့မြေယာသိမ်းဆည်းမှုနှင့် မျှတမှုမရှိသော တရားစီရင်ရေးကို ဆန့်ကျင်ကြောင်း သြဂုတ် ၁၃ ရက်က ကန့်ဘလူမြို့တွင် လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု သတင်းရရှိသည်။



ထောင်ဒဏ်ကျခံနေရသော တောင်သူ ၅၆ ဦးကို အမြန်ဆုံးလွှတ်ပေးရန် တရားစွဲဆိုခံနေရသောတောင်သူများကို အမှုပိတ်သိမ်းပေးရန်၊ ဥပဒေမဲ့သိမ်းဆည်းထားသောမြေများကို မူလပိုင်ရှင်တောင်သူများကိုပြန်ပေးရန်၊ တောင်သူများ၏သီးနှံများကို တပ်မတော်ကဖျက်ဆီးနေခြင်းအား ရပ်တန့်ရန်နှင့် တရားဥပဒေစိုးမိုးရန် စသည့်အချက်များကို ဆန္ဒပြတောင်သူများက ကြွေးကြော်တောင်းဆိုခဲ့ကြသည်။



"ဒီဖိနှိပ်မှုကိုဆန္ဒထုတ်ဖော်ဖို့အတွက် မြို့နယ်ကို သြဂုတ် ၄ ရက်ကစာတင်ခဲ့တယ်။ စီစဉ်ထားတာက လူဦးရေတစ်သောင်းနဲ့ ဆန္ဒထုတ်ဖော်ဖို့ပါ။ ဖြစ်ချင်တော့ မနေ့ညက(သြဂုတ်၁၂) မိုးသဲကြီးမဲကြီးရွာတယ်။ သိတဲ့အတိုင်းပဲ ရွာအများစုကလမ်းတွေက မိုးရွာရင် သွားလို့မရအောင်ပျက်စီးကုန်တာ။ ဒါကြောင့် ဒီနေ့လူဦးရေတစ်ထောင်ကျော်လောက်ပဲ ဆန္ဒပြနိုင်ခဲ့တယ်" ဟု ငှက်ပျောတိုင်းကျေးရွာမှ တောင်သူဦးဇော်ဝင်းမောင် ကပြောကြားသည်။



မြေသိမ်းခံတောင်သူများစွာသည် အာဏာရှင်စနစ်ကိုဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင်ကာဆန္ဒပြခဲ့ကြပြီး အငြင်းပွားဖွယ် အမိန့်များချမှတ်ခဲ့သော ကန့်ဘလူမြို့နယ် တရားရုံးရှေ့တွင် ၁၀ မိနစ်ခန့်ထိုင်ကာ ကြွေးကြော်မှုများနှင့် တောင်းဆိုမှုများကိုပြုလုပ်ခဲ့သည်။



"တောင်သူတွေရဲ့ဘ၀၊ တောင်သူတွေရဲ့အသက်က မြေပါပဲ။ မတရားမြေသိမ်းဆည်းမှုဟာ ကျွန်တော်တို့ဘ၀တွေကိုဖျက်ဆီးတာနဲ့ အတူတူပါပဲ။ အဲဒီအတွက် ဆန္ဒပြတာပါ" ဟု ပေကြီးကျေးရွာမှ တောင်သူကိုဇော်ဝင်းကဆိုပါသည်။



မြေယာသိမ်းဆည်းခံရမှု၊ သီးနှံဖျက်ဆီးခံရမှု၊ တရားစွဲဆိုခံရခြင်းနှင့် ထောင်ဒဏ်ချမှတ်ခံရခြင်းများကြောင့် စားဝတ်နေရေးအပြင် လူမှုဒုက္ခအ၀၀ကိုလည်း ဆိုးရွားစွာခံစားနေကြရကြောင်း ဆန္ဒပြတောင်သူများစွာက ပြောကြားသည်။



"ကလေးတွေကိုကျောင်းနုတ်လိုက်ရတယ်။ ယောက်ျားက ပဲခူးထောင်အရွှေ့ခံရတာ။ ထောင်ဝင်စာလည်း သွားမတွေ့နိုင်ဘူး။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့တာ။ ဒီလိုနိုင့်ထက်စီးနင်းလုပ်တာကို ၀မ်းနည်းတယ်။ ငိုပဲငိုချင်နေတာ။ ကြောက်စိတ်တော့မရှိတော့ဘူး။ ဘာပဲဖြစ်ဖြစ်လေ" ဟု ပေကြီးကျေးရွာမှ ဒေါ်စန်းတင့်က ပြောကြားသည်။



တောင်သူအများစုအနေဖြင့် စားဝတ်နေရေးနှင့် တရားရင်ဆိုင်ရာတွင် ကုန်ကျနေရသောစရိတ်များကြောင့် အကြွေးဝန်ပိလျက်ရှိကြောင်း၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ဆိုးရွားစွာဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။



"ယောက်ျားက ထောင်ကျသွားတယ်။ အိမ်မှာ ကျွန်မနဲ့သမီးသုံးယောက်ကျန်ခဲ့တယ်။ အိမ်ထောင်ဦးစီးမရှိတော့ ၀င်ငွေမရှိလို့ခက်ခဲရတဲ့အပြင် စိတ်လည်းမလုံခြုံဘူး။ အခုရောက်နေတဲ့တပ်သားတွေက ခြိမ်းခြောက်မှုတွေအမြဲလုပ်နေတာ" ဟု ငှက်ပျောတိုင်းကျေးရွာမှ ဒေါ်ဌေးချိုက ပြောကြားသည်။



"ယောက်ျားဖြစ်သူက အဆုတ်ကင်ဆာဖြစ်နေတာ။ အဲဒီအချိန်မှာ တပ်က အမေကြီးတို့နေတဲ့တဲကိုလာပြီး ဖယ်ပေး။ မဖယ်ရင် တရားစွဲမယ်ခြိမ်းခြောက်တယ်။ အမေကြီးကတော့မဖယ်နိုင်ဘူး။ ဒီလူနာကြီးနဲ့ ဘယ်သွားနေရမှာလဲ။ လူနာအတွက်၊ စားဝတ်နေရေးအတွက် သုံးထာတာပေးစရာအကြွေးက သိန်း ၅၀ လောက်တင်နေပြီ။ ဒုက္ခရောက်တာတော့ပြောမကုန်ပါဘူး" ဟု ပေကြီးကျေးရွာမှ အသက် ၆၀ နှစ်အရွယ် ဒေါ်လှရီကဆိုသည်။



လက်ရှိဖြစ်ပွားနေသော ကန့်ဘလူကြံစီမံကိန်းတပ်သိမ်းမြေပြဿနာနှင့်ပတ်သက်ပြီး စစ်ကိုင်းတိုင်း နယ်လုံဝန်ကြီးအား ဖုန်းဖြင့် အကြိမ်များစွာဆက်သွယ်ခဲ့သော်လည်း အစည်းအဝေးရှိနေကြောင်းသာ ပြန်လည်ဖြေကြားခဲ့ပြီး အစည်းအဝေးပြီးနောက် ဆက်သွယ်ရာတွင် ဖုန်းလက်ခံဖြေကြားခြင်း မရှိတော့ပေ။=





ကန့်ဘလူတပ်သိမ်းမြေပြဿနာတွင် အဘက်ဘက်မှ ဆုံးရှုံးနစ်နာခဲ့ရသော ထောင်ဂဏန်းရှိ တောင်သူမျ�

www.news-eleven.com

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်းရှိ ကန့်ဘလူကြံစီမံကိန်းအတွက် တပ်မတော်မှသိမ်းယူခဲ့သော မြေယာပြဿနာများတွင် အဘက်ဘက်မှ ဆုံးရှုံးနစ်နာထိခိုက်နေရသည့် ထောင်ဂဏန်းရှိ မြေသိမ်းခံတောင်သူများနှင့် လယ်ယာအရေးဆောင်ရွက်သူများသည် ဥပဒေမဲ့မြေယာသိမ်းဆည်းမှုနှင့် မျှတမှုမရှိသော တရားစီရင်ရေးကို ဆန့်ကျင်ကြောင်း သြဂုတ…

from Eleven Media Group's Facebook Wall http://ift.tt/1uQQQUP

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...