Skip to main content

မြန်မာနိုင်ငံ၏ အဓိကပို့ကုန် ဆန်နှင့်ပြောင်း တရုတ်သို့ တရားဝင်တင်ပို့ခွင့်ရရှိရေး...



မြန်မာနိုင်ငံ၏ အဓိကပို့ကုန် ဆန်နှင့်ပြောင်း တရုတ်သို့ တရားဝင်တင်ပို့ခွင့်ရရှိရေးနှင့် မြန်မာပို့ကုန် ၉၇ ရာခိုင်နှုန်းအား အကောက်ခွန်ကင်းလွတ်ခွင့်ရရှိရေး လာမည့်စက်တင်ဘာတွင် နှစ်နိုင်ငံ စာချုပ်ချုပ်ဆိုမည်



တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ အဓိကပို့ကုန်များဖြစ်သည့် ဆန်နှင့်ပြောင်းအား တရားဝင်တင်ပို့ခွင့်ရရှိရေးအတွက် လာမည့်စက်တင်ဘာလအတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံ စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သြ ဂုတ် ၁၂ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ကျင်းပသည့် အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကြံပေး ဒေါက်တာမောင်အောင်က သတင်းထောက်များအား ပြောကြားခဲ့သည်။



မြန်မာ့ဆန်များ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့်ရရှိရေးအတွက် တရုတ်နိုင်ငံမှ အရည်အသွေးစစ်ဆေးရေးအဖွဲ့အစည်းဖြစ်သည့် AQSIQ (Administration of Quality Supervisi on, Inpection and Quarantine) အဖွဲ့မှ မြန်မာ့ပို့ကုန်များ၏ အရည်အသွေးအား စက်တင်ဘာလအတွင်း လာရောက်စစ်ဆေးသွားမည်ဖြစ်ကြောင်း နှင့် ယင်းကဲ့သို့ စစ်ဆေးမှုအား အမြန်ဆုံးဆောင်ရွက်နိုင်ရေးအတွက်လည်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် စသည်တို့မှ တာဝန်ရှိသူများပါဝင်သည့် AQSIQ အကောင်အထည်ဖော်ရေးကော်မတီကို မကြာမီဖွဲ့စည်းသွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။



“စက်တင်ဘာထဲမှာ AQSIQ ကို ဖိတ်ထားပြီးပြီ။ အဓိက က AQSIQ နဲ့ အရည်အသွေးနှင့်ပတ်သက်သည့် စာချုပ်ချုပ်ရမယ်။ ဒီလထဲမှာပိုပြီးတော့ မြန်အောင်ဆိုပြီး AQSIQ နဲ့ပတ်သက်ပြီး အကောင်အထည်ဖော်ရေးကော်မတီကို ဖွဲ့စည်းမယ်။ အဓိက က လယ်/ဆည်ပါမယ်။ စီးပွား/ကူးသန်းပါမယ်။ ဆန်ပါမယ် ပြောင်းပါမယ်၊ ပဲနှမ်းအသင်းပါမယ်။ လက်မှတ်ထိုးပြီးမှ တရားဝင်တင်ပို့ခွင့် ရမယ်။ Quota free အရေအတွက် သတ်မှတ်ချက်ကတော့ ပုံမှန်တစ်နှစ်ချင်းတင်ရမှာ။ ချက်ချင်းကြီးတော့ မရနိုင်သေးဘူး။ အခုဆိုရင် တရုတ်က မြန်မာကိုပေးတဲ့ အကောက်ခွန်ကင်းလွတ်ခွင့်ကို အရင်က ၉၅ ရာခိုင်နှုန်းပေးတယ်။ အခု အဲဒါကို နှစ်ရာခိုင်နှုန်းတိုးပြီး ၉၇ ရာခိုင်နှုန်းပေးပြီ။ အဲဒါ ဒီနှစ်ကစပြီးပေးပြီ။ မကြာခင်မှာ စာချုပ်ချုပ်တော့မယ်။ အဲဒါလည်း စက်တင်ဘာလထဲမှာ ချုပ်တော့မယ်။ အဲဒီစာချုပ်တွေပြီးရင်တော့ မြန်မာက ပို့ကုန်ရဲ့ ၉၇ ရာခိုင်နှုန်းဟာ အကောက်ခွန်ကင်းလွတ်ခွင့် ရရှိသွားမှာဖြစ်ပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြံပေးဒေါက်တာမောင်အောင်က ပြောပြခဲ့သည်။



မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်များတင်ပို့လျက်ရှိသော်လည်း ၂၀၁၄ ခုနှစ် သြဂုတ်လဆန်းပိုင်းအတွင်းက တရုတ်ဗဟိုအစိုးရ၏ စီမံချက်ဖြင့် မြန်မာ့ဆန်ကို တရုတ်နိုင်ငံ ရွှေလီမြို့နှင့် နေရာအနှံ့အပြားတွင် ဖမ်းဆီးနေမှုများကြောင့် တရုတ်ဘက်မှ ကုန်သည်များမှ မြန်မာ့ဆန်ကို မ၀ယ်ယူရဲသကဲ့သို့ မြန်မာဘက်မှလည်း မရောင်းရဲသည့် အနေအထားရှိလာကာ မြန်မာ-တရုတ်နယ်စပ်တွင် ဆန်အရောင်းအ၀ယ် ရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(မူဆယ်) မှ သိရသည်။



ယင်းကဲ့သို့ ဖမ်းဆီးမှုများဖြစ်ပွားခဲ့ခြင်းသည် မြန်မာဘက်မှ တရားဝင်တင်ပို့ခြင်းဖြစ်သော်လည်း တရုတ်ဘက်မှ တရားဝင်တင်ပို့ခွင့် ပြုမထားသေးသည့်အတွက် ဖြစ်ကြောင်း၊ လာမည့်စက်တင်ဘာလအတွင်း မြန်မာနိုင်ငံမှ ဆန်နှင့်ပြောင်း တရားဝင်တင်ပို့ခွင့်ရရှိရေး နှစ်နိုင်ငံ စာချုပ်ချုပ်ဆိုပြီးပါက မြန်မာ့ဆန်နှင့်ပြောင်းကို တရားဝင်တင်ပို့ခွင့် ရရှိတော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ သိရသည်။





မြန်မာနိုင်ငံ၏ အဓိကပို့ကုန် ဆန်နှင့်ပြောင်း တရုတ်သို့ တရားဝင်တင်ပို့ခွင့်ရရှိရေးနှ�

news-eleven.com

တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ အဓိကပို့ကုန်များဖြစ်သည့် ဆန်နှင့်ပြောင်းအား တရားဝင်တင်ပို့ခွင့်ရရှိရေးအတွက် လာမည့်စက်တင်ဘာလအတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံ စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သြ ဂုတ် ၁၂ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ကျင်းပသည့် အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ နှစ်နိုင်…

from Eleven Media Group's Facebook Wall http://ift.tt/1roDMmY

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3