Skip to main content

(သြဂုတ်လ ၁၄ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်) ခေတ်ပေါ်ဂီတ သမိုင်းပေ...



(သြဂုတ်လ ၁၄ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်)



ခေတ်ပေါ်ဂီတ သမိုင်းပေးတာဝန် ကျေပွန်ရေး



ဂီတဟာ လူတွေရဲ့ စိတ်ကို အခြားအနုပညာပစ္စည်းများနည်းတူ ဆွဲဆောင်စည်းရုံးနိုင်စွမ်းရှိတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒါကြောင့်မို့လည်း လူမျိုးတိုင်းဟာ ဂီတကို မြတ်နိုးကြတဲ့အပြင် အဲဒီဂီတကိုပဲ အသုံးပြုပြီး လူတွေရဲ့စိတ်ခံစားမှုကို မြှင့်တင်စည်းရုံးတဲ့အလုပ် လုပ်ခဲ့ကြတာပါ။ ဂီတအနုပညာရှင်တွေဟာ မိမိတို့ရဲ့ သက်ဆိုင်ရာ လူမျိုးအလိုက် မိမိတို့ လူမျိုးအုပ်စုတွေ စိတ်ဓာတ်ကြံ့ခိုင်စေရေး၊ ပျော်ရွှင်တက်ကြွစေရေး အစရှိတဲ့ တွန်းတိုက်လှုံ့ဆော်ချင်တဲ့ စေတနာကို ဂီတနဲ့ ဖော်ပြခဲ့ကြပါတယ်။ အနိမ့်ဆုံးပြောရရင် ကျောက်ခေတ်ဂူ နေလူသားခေတ်မှာကတည်းက မိမိတို့ လူမျိုးအုပ်စုအပေါ် အန္တရာယ်ကျရောက်တော့မယ့်အချိန်မျိုးနဲ့ သားရဲ တိရစ္ဆာန်များနဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ရှိတဲ့အခါ အသံအနိမ့်အမြင့်ဖြစ်ပေါ်စေတဲ့ သစ်ခေါင်းသစ်တုံး၊ တံပိုးခရာ အစရှိသည်များကို တီးမှုတ်ခြင်းအားဖြင့် ဂီတကို ဖော်ကျူးခဲ့ကြပါတယ်။



နယ်ချဲ့အင်္ဂလိပ်အစိုးရလက်ထက် လွတ်လပ်ရေးတိုက်ပွဲ နှိုးဆော်တေးသီချင်းများကအစ မျက်မှောက်ခေတ် ခေတ်ပေါ်တေးသီချင်းများအဆုံး တိုင်းပြည်နှင့်လူမျိုး အကျိုးပြုတေးသီချင်းဂီတတွေ ရှိခဲ့ပေါ်ပေါက်ခဲ့ပါတယ်။ ရပ်ကျိုးရွာကျိုးပြု တိုင်းပြုပြည်ပြု တေးပြုစာဆိုတွေဆိုတာလည်း ပေါ်ထွန်းခဲ့တာပါပဲ။ ၀ိုင်အမ်ဘီအေ သခင်တင်၊ ရွှေတိုင်ညွန့်၊ ရန်နိုင်စိန်နဲ့ မြို့မငြိမ်းလို ဂီတပညာရှင်များရှိခဲ့ပေါ်ခဲ့သလို ဒီဘက်ခေတ်မှာကျတော့ ခင်ဝမ်းနဲ့ ထူးအိမ်သင်အဆုံး တေးဂီတပညာရှင်တွေ ရှိခဲ့ပေါ်ခဲ့တာ အထင်အရှားပါပဲ။



မြန်မာဂီတအနုပညာအနေနဲ့ တိုင်းကျိုးပြည်ပြုလုပ်ငန်းမှာ တာဝန်ကျေခဲ့တယ်လို့ဆိုရာမှာ လွတ်လပ်ရေးမရခင် လွတ်လပ်ရေးအတွက် ကြိုးပမ်းနေကြချိန်ကာလ ဂီတအနုပညာများက နားလည်ဖို့ရာ ထင်သာမြင်သာရှိပေမယ့် မျက်မှောက်ခေတ် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးကြိုးပမ်းကြရတဲ့ ကာလအတွင်းမှာကျတော့ ဂီတအနုပညာရဲ့ ပါဝင်ပတ်သက်မှုဟာ ထုံးစံအတိုင်း အာဏာရှင် လက်အောက်ဖြစ်ခဲ့တာမို့ ထင်သာမြင်သာမရှိဘဲ တင်စားမှုတွေ၊ နိမိတ်ပုံတွေ၊ သွယ်ဝိုက်အဓိပ္ပာယ်တွေနဲ့ ရေးရဖွဲ့ရစပ်ရ ဆိုရတာဖြစ်လို့ ရုတ်တရက်အားဖြင့်တော့ ဘယ်ဂီတအနုပညာဟာဖြင့် လူထုအကျိုးပြု၊ လူငယ်အကျိုးပြု၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးကို ရည်ညွှန်းပြီးရေးခဲ့တာပဲဆိုတာ မသိနိုင်ပါဘူး။



ဒီနေရာမှာ ခေတ်ပေါ်တေးသံရှင်လည်းဖြစ်၊ စွယ်စုံရဂီတပညာရှင်လည်းဖြစ်တဲ့ ထူးအိမ်သင်ရဲ့တေးသီချင်းများကို လေ့လာလျှင် သိနိုင်ပါတယ်။ ဥပမာ သူ့ရဲ့ရာဇ၀င်များရဲ့ သတို့သမီး၊ အရေးကြီးပြီ အစရှိတဲ့သီချင်းတွေဟာ စစ်အာဏာရှင်လက်အောက်က ရုန်းကန်ဖောက်ထွက်ဖို့ ကြိုးစားကြတဲ့လူငယ်ထုနဲ့ လူထုကို စည်းရုံးလှုံ့ဆော်ခဲ့တဲ့ တေးသီချင်းတွေပဲ ဖြစ်ပါတယ်။



ခေတ်ဟောင်းက သီချင်းတွေဟာ ဒီဘက်ခေတ်နဲ့ နှိုင်းယှဉ်ရင် ရှင်းလင်းတိကျလွယ်ကူတဲ့ စကားလုံးများနဲ့ ရက်သီထားပြီး ဒီဘက်ခေတ်မှာကျတော့ တေးသီချင်းစာသားတွေဟာ အဓိပ္ပာယ်တိုက်ရိုက်ထွက်စေတဲ့ စကားလုံးများထက် သွယ်ဝိုက်တင်စားတဲ့ စကားလုံးတွေ ဖြစ်လာခဲ့တာကတော့ သိသာထင်ရှားတဲ့ အချက်ပါပဲ။ ဒါကလည်း အာဏာရှင်လက်အောက်မှာ လူထုအကျိုးပြုတေးသီချင်းတွေ ပြုစုတဲ့အခါ အာဏာရှင်တွေ လက်လှမ်းမမီတဲ့ အာဏာရှင်တွေ မျက်စိမှောက်စေမယ့် စကားလုံးဝေါဟာရအသစ်တွေကို အသုံးပြုဖို့ လိုအပ်တာကြောင့်လည်း ဖြစ်ပါတယ်။ ဒါကို အထင်အရှားသက်သေပြနိုင်တဲ့ သီချင်းတစ်ပုဒ်ကတော့ တေးသံရှင် လေးဖြူရဲ့ အလင်းရောင်လို သီချင်းမျိုး ဖြစ်ပါတယ်။



ဒါကြောင့်မို့ အခုလို အစဉ်အလာကြီးတဲ့ သမိုင်းလှခဲ့တဲ့ တစ်နည်းအားဖြင့် ပြောရလျှင် သမိုင်းပေး တာဝန်ကျေခဲ့ကြတဲ့ ဂီတအနုပညာရှင်များ၊ တေးဂီတ အမျိုးအစားများ ခေတ်ဟောင်းကာလတုန်းက ပေါ်ထွန်းခဲ့သလို ဒီကနေ့မျက်မှောက်ခေတ်မှာလည်း ခေတ်ရဲ့လိုအပ်ချက်အရ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးအတွက် အကျိုးဖြစ်ထွန်းစေမယ့် တေးဂီတရှင်များ၊ တေးသီချင်းများ ဆက်လက်ပေါ်ထွန်းနေရေးဟာ လွန်စွာ အရေးကြီးကြောင်း တင်ပြလိုက်ပါတယ်။ #Mizzimadaily

http://ift.tt/OTcCHv

from Mizzima - News in Burmese's Facebook Wall http://ift.tt/1Af518W

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...