Skip to main content

(သြဂုတ်လ ၁၂ ရက်နေ့ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်) ရထားတော်လှန်ရေးြ...



(သြဂုတ်လ ၁၂ ရက်နေ့ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်)



ရထားတော်လှန်ရေး



မြန်မာနိုင်ငံတွင် ရထားပို့ဆောင်ရေးစနစ်မှာ လျစ်လျူရှုအခံရဆုံး သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်ကြောင်း မြန်မာနိုင်ငံတွင် ရထားဖြင့် ခရီးသွားဖူးသူတိုင်း သိသည်။ နွားလှည်းပြီးလျှင် အဆိုးဆုံး သယ်သူပို့ဆောင်ရေးစနစ်ဖြစ်သည်။ ဟိုယခင် နှေးကွေး လေးလံစွာ သွားရသည့် ခေတ်က အတိုင်းပင် ရထားလမ်းကရှိနေဆဲဖြစ်ပြီး မော်တော်ကားလမ်းကလည်း ဒုတိယအစုတ်ချာဆုံး စနစ်ဖြစ်သည်။ ဗြိတိသျှကိုလိုနီခေတ်က အိမ်နီးချင်း အိန်္ဒိယနိုင်ငံနှင့် မီးရထားလမ်း ဆက်သွယ်ထားခဲ့ရာ ရထားလမ်း ကွန်ရက် မကျယ်ပြန့်သေးသော်လည်း ယခုခေတ်ထက် သာသေးသည်။



မြန်မာမီးရထားတွဲများတွင် တွေ့မြင်နေကျ ပျင်းရိပျင်းတွဲလိုက်ပါလာသည့် ခရီးသည်များနှင့် ပြုပြင်ထိန်းသိမ်းမှု ကင်းမဲ့နေသော ရထားလမ်းများအစား မြန်မာနိုင်ငံတွင် မကြာခင် ရထားတော်လှန်ရေးကြီးတစ်ခု ပေါ်ပေါက်လာတော့မည်ဖြစ်သည်။ ထိုရထားလမ်းကား တရုတ်လုပ်မြန်နှုန်းမြင့် ရထားများဖြင့် တရုတ်နိုင်ငံက ဆောက်လုပ်ပေးမည့် အာရှရထားလမ်း ကွန်ရက်ဖြစ်ပြီး ယင်းက တရုတ်ပြည်မကြီးနှင့် တောင်အာရှနိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများကို ဆက်သွယ်ပေးသွားမည်ဖြစ်သည်။ နောက်ပိုင်းတွင် ထို့ထက် ခရီးဝေးရောက်နိုင်မည်ဖြစ်သည်။



သို့သော် ထိုရထားအိပ်မက်မှာ ချောင်ထိုးခံထားရပုံရသည်။ ထိုစီမံကိန်း၏ ပထမအဆင့်မှာ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံကုန်ကျမည်ဖြစ်ပြီး တရုတ်ပြည် ယူနန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ အိပ်ငိုက်နေသော ကျောက်ဖြူဆိပ်ကမ်းတို့ကို ရွှေဓာတ်ငွေ့ပိုက်လိုင်းနှင့်အပြိုင် ဆက်သွယ်ပေးမည်ဖြစ်သည်။ ယင်းစီမံကိန်းသည် မြန်မာ့ရထားလမ်းကွန်ရက်ကို အဓိက အဆင့်မြှင့်တင်ခြင်းနှင့် တိုးချဲ့ခြင်း ပထမအဆင့်ဖြစ်လိမ့်မည်ဖြစ်သည်။ တရုတ်နှင့် မြန်မာနိုင်ငံတို့အကြား အကြီးစားဖက်စပ်စီမံကိန်းတို့သည် တခါတရံ ပြည်သူလူထု၏ ဆန့်ကျင်ခြင်းကို ခံကြရသည်။



ထိုသို့ဆန့်ကျင်ခြင်းမှာ စီမံကိန်းကြောင့် တိုက်ရိုက်ထိခိုက်ခံရသူများထံမှ လာလေ့ရှိသော်လည်း မြစ်ဆုံဆည်စီမံကိန်းနှင့် လက်ပံတောင်းကြေးနီစီမံကိန်းတို့လို စီမံကိန်းများတွင် ပိုမိုကျယ်ပြန့်သော လူထု၏ဆန့်ကျင်ခြင်းကို ခံခဲ့ကြရသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်းအချက်များအရလည်းကောင်း၊ မြန်မာနိုင်ငံ၏ ၀ိညာဉ်လဲဖြစ် အမှတ်အသားသဖွယ်လည်းဖြစ်နေသော ဧရာဝတီမြစ်ကြောင့်လည်းကောင်း ထိုသို့ ဆန့်ကျင်ခံခဲ့ရခြင်းဖြစ်သည်။



သို့သော် တရုတ်နိုင်ငံကမူ ဒေသတွင်း အိမ်နီးချင်းနိုင်ငံများသို့ အရောက်သွားရေး ရည်ရွယ်ချက်တည်းဟူသော အိပ်မက်ကို ဆက်မက်ဆဲရှိသည်။ အာရှတစ်လွှား မြန်မြန်ဆန်ဆန် သက်သောင့်သက်သာဖြင့် ခရီးသည်များ သွားလာစေချင်သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံရှိ စစ်အစိုးရက ဒေါ်လာ ၂၃ ဘီလီယံတန် မြန်နှုန်းမြင့် ရထားလမ်းကြီး တည်ဆောက်ရန် မီးစိမ်းပြလိုက်ပြီးနောက် ထိုသို့ တရုတ်သံအမတ်၏ ပြောဆိုမှု ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့သော် ရထားလမ်းအဆင့်မြှင့်တင်ခြင်း၊ အဆိုပြုထားသည့်အတိုင်း အာရှတစ်လွှားရထားလမ်းကွန်ရက်နှင့် ချိတ်ဆက်ထားခြင်းတို့ဖြင့် ပြည်တွင်းသယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ တိုးတက်ကောင်းမွန်လာပြီး ဒေသတွင်း သယ်ယူပို့ဆောင်ရေးတော်လှန်ရေးတစ်ရပ် ဖြစ်ပေါ်လာမည်ဖြစ်ကြောင်းကို ထိုင်းနိုင်ငံတွင် ယခုအခါ အသိအမှတ်ပြုလာကြပြီဖြစ်သည်။



အာရှနိုင်ငံအများအပြားကလည်း သူတို့နိုင်ငံများ၏ စီးပွားရေးနှင့် ကုန်သွယ်ရေးအတွက် ဤရထားလမ်းသည် သူမသာ ကိုယ်မနာ စီမံကိန်းဖြစ်ကြောင်းမြင်ကြသည်။ အာဆီယံနိုင်ငံများဆိုလျှင် ရှေ့နှစ်တွင် အာဆီယံစီးပွားရေးသမဂ္ဂဖြစ်သော အာဆီယံစီးပွားရေးအသိုက်အ၀န်းကို ထူထောင်တော့မည်ဖြစ်သည်။ နိုင်ငံများအကြား အမြန်သွား ရထားလမ်းစနစ်ကို ယက်ကန်းရှယ်သလို ရှယ်ထားခြင်းဖြင့် ကြီးမားသော အကျိုးအမြတ်များကို ရရှိစေမည်ဖြစ်သည်။



လူတိုင်းကတော့ ထိုသို့သဘောပေါက်လိမ့်မည်မဟုတ်ပါ။ မြန်မာနိုင်ငံသားအချို့က ဤစီမံကိန်းအပေါ် အဆိုးမြင်နေကြပြီး တရုတ်အစိုးရက ကျောထောက်နောက်ခံပြုထားပြီး ရုတ်ကုမ္ပဏီများက ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် တရုတ်ဆန့်ကျင်ရေးအမြင်များ ရှိနေကြသဖြင့်လည်း ထိုသို့ဆန့်ကျင်ကြခြင်းဖြစ်သည်။ ထို့ပြင် အတိတ်က ရှိခဲ့သော ပြည်သူ့ဆောက်လုပ်ရေးစီမံကိန်းများ၌ အဓမ္မလုပ်အားပေးခိုင်းစေခြင်းများရှိခဲ့ခြင်းကြောင့်လည်း အဆိုးမြင်စိတ်များ ဆန့်ကျင်မှုများပေါ်ပေါက်ရသည်။ ထိုခံစားချက်များကို ဘေးဖယ်မထားသင့်ပေ။



သို့သော်မြင်ကွင်းကို ကျယ်ကျယ်ကြည့်ဖို့လည်း လိုသည်။ မြန်မာနိုင်ငံကို သူများထက် နောက်ကျကျန်ခဲ့တာကို မြင်လိုပါသလား။ ထိုင်းနိုင်ငံလို ကားလမ်းတွေချည်း ဖောက်လုပ်ပြီး ရထားလမ်းကို လျစ်လျူရှုထားခဲ့မိသည့် အမှားမျိုး လုပ်ချင်ပါသေးသလား။ မြန်လဲမြန်၊ စွမ်းဆောင်ရည်လဲ မြင့်သည့် ရထားလမ်းကွန်ရက်၏ အားသာချက်များကို ဥရောပ၊ ဂျပန်နှင့် တရုတ်နိုင်ငံများက မီးမောင်းထိုးပြသခဲ့ပြီးဖြစ်သည်။ ဥရောပ မြန်နှုန်းမြင့်ရထားလမ်းများကို စီးဖူးသူတိုင်း ထိုရထားများသည် လေယာဉ်နှင့်အပြိုင် သက်သောင့်သက်သာရှိပြီး ဇိမ်ကျကြောင်း ချီးကျူးထောပနာပြုကြလိမ့်မည်။ စွမ်းဆောင်ရည်မြင့်သော ရထားလမ်းကွန်ရက်က ကုန်စည်အများအပြားကို သယ်ယူပို့ဆောင်ပေးနိုင်လိမ့်မည်၊ စီးပွားရေးကို စန်းထစေလိမ့်မည် ဖြစ်သည်။



#Mizzimadaily

http://ift.tt/OTcCHv

from Mizzima - News in Burmese's Facebook Wall http://ift.tt/1sK5s6W

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3