Skip to main content

အောင်မြင်မှု ရေရှည် တည်တံ့နေဖို့ အရည်အချင်း ဆိုတဲ့ ဒေါက်တစ်ခုလည်း လိုတယ်ဆိုတဲ့ အိမ့်ချစ်





လတ်တလောတွင် နယ်ရှိုးပွဲများ ဆက်တိုက် သီဆိုနေရပြီး မကြာသေးမီက ထွက်ရှိထားသည့် ''အချစ်ရေး'' တေးသီချင်းအတွက် ဗီစီဒီ ရိုက်ကူးနေမှုများ ပြုလုပ်နေသည့် အဆိုတော် အိမ့်ချစ်က အောင်မြင်နေမှု ရေရှည် တည်တံ့နေရန် အတွက် အရည်အချင်းဆိုသည့် ဒေါက် တစ်ခု ရှိရန်လို အပ်ကြောင်း ယခုလို ပြောပြခဲ့သည်။

''ပေါ်ထွက်လာတဲ့ အနုပညာရှင် အသစ်တွေက သေချာ လေ့လာ သင်ယူပြီးမှ ထွက်ပေါ် လာတဲ့ အဆိုတော်တွေ များပါတယ်။ ဖြစ်ချင်ရုံ တစ်ခုတည်းနဲ့၊ အသံလေးကောင်းရုံနဲ့ ထဆိုရင်တော့ မ ဖြစ်နိုင်ဘူးပေါ့။ ကံအရမ်းပါလာရင်တော့ ဖြစ်သွားလိမ့်မယ်။ အရည်အချင်း ရှိဖို့လည်း လိုပါတယ်။ အဲဒီတော့ ကိုယ့်ဘာသာ ဖြစ်နိုင်ခြေ ရှိလားဆိုတာ အရင် စဉ်းစား ရမယ်။ ဖြစ်နိုင်ခြေ ရှိပြီဆိုရင် ကိုယ့်ယုံကြည်ချက်အတိုင်း ဖြစ်နိုင်အောင် ကြိုးစားဖို့ပဲ လိုပါတယ်။ အောင်မြင်မှု ရဖို့ဆိုတာက ကြိုးစားရင် လွယ်ပါတယ်။ ဒါပေမဲ့ နေရာတစ်ခုကို ထိန်းထား နိုင်ဖို့ ဆိုတာ အရမ်းခက် ခဲပါတယ်။ ကိုယ့်ရဲ့ အရည်အချင်းကို မကျအောင် ကြိုးစား ရမယ်။ အမြဲတမ်း တီထွင်ဆန်းသစ် နိုင်ရမယ်။ ပြီးတော့ကိုယ့်ရဲ့ ကံတို့၊ ဆန်းတို့ ကျမသွားဖို့ ဆိုတာ ကလည်း ဘာသာတရားနဲ့ ထိန်းထား နိုင်ရမယ်။ အများကြီး အဘက်ဘက် ကနေ ဒေါက်တွေ ထောက်ထား နိုင်ရမယ်။ အဲဒါမှ နေရာတစ်နေရာမှာ အောင်မြင်စွာ ရပ်တည် နိုင်မှာပါ''ဟု သူမက ပြောပြခဲ့သည်။


သူမ၏ ''အချစ်ရေး'' အခွေ ထွက်ရှိပြီးသည့် နောက်ပိုင်းတွင် ပရိသတ်များ စိတ်ဝင်စား လျက်ရှိ နေသေးသည့် အိမ့်ချစ်၏ အချစ်ရေး အကြောင်းကိုလည်း ''အိမ့်ချစ်တို့က လူငယ်တွေ ဖြစ်တဲ့ အတွက်ကြောင့် ချစ်ကြိုက်ကွဲညား ဇာတ်လမ်းတွေကတော့ ရှိတာပေါ့နော်။ အိမ်ထောင်ပြုဖို့ ကိုတော့ အခုချိန်မှာ မစဉ်းစား သေးပါဘူး။ ညီမကကိုယ့် ဘာသာ လွတ်လွတ်လပ်လပ် နေရ တာကို ကြိုက်တယ်။ နောက်ပြီးတော့လည်း ကိုယ့်ရဲ့နောက်မှာ ကိုယ့်ကို အမှီပြု နေရတဲ့ မိသားစုလည်း ရှိသေးတဲ့အတွက် အိမ်ထောင်ပြု ပြီးတော့ ရုန်းထွက်သွားတယ်ဆိုတဲ့ တစ်ကိုယ်ကောင်း ဆန်တာမျိုး ကိုတော့ အခုချိန်မှာ မလုပ်ချင်သေးပါဘူး'' ဟု ဆက်လက် ပြောပြခဲ့သည်။


အိအိမြတ်


မြ၀တီ

http://ift.tt/1oFF4sG





from သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1zCg6yO

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...