တောင်ကုတ်၌ အစ္စလာမ်ဘာသာဝင် ၁၀ ဦးသေဆုံးမှုတွင် သံသယဖြင့် ဖမ်းဆီးခံထားရသူများအား စွဲချက်တင်သည့်ပုဒ်မကို ပြင်ဆင်ပေးရန်လျှောက်လဲချက် ပြည်နယ်တရားလွှတ်တော် ပယ်ချ
တောင်ကုတ်၌ အစ္စလာမ်ဘာသာဝင် ၁ဝ ဦး သေဆုံးမှုတွင် သံသယဖြင့် ဖမ်းဆီးခံထားရသူများအား စွဲချက်တင်သည့်ပုဒ်မကို ပြင်ဆင်ပေးရန် လျှောက်လဲချက်အား တစ်လခန့်အကြာ စစ်ဆေးပြီးနောက် ဩဂုတ် ၁၂ ရက်က ပြည်နယ်တရားလွှတ်တော်က ပယ်ချသည်ဟု အမိန့်ချမှတ်လိုက်သည်ဟု သတင်းရရှိသည်။
၂ဝ၁၂ ခုနှစ် ဇွန် ၃ ရက်က တောင်ကုတ်မြို့တွင် အစ္စလာမ်ဘာသာဝင် ၁ဝ ဦးသေဆုံးမှုနှင့်ပတ်သက်ပြီး တစ်နှစ်ကျော်အကြာတွင် နေပြည်တော်ရဲမှ လာရောက်ကာ တောင်ကုတ်မြို့မှ သံသယရှိသူခုနစ်ဦးအား ဖမ်းဆီးခဲ့သည်။ ၎င်းတို့အား တစ်နှစ်ခန့်အကြာ စစ်ဆေးခဲ့ပြီး ၂ဝ၁၄ ခုနှစ် မေလကုန်ပိုင်းက သံတွဲခရိုင်တရားရုံးက ပုဒ်မ ၃ဝ၂(၂)/၃၄ ဖြင့် စွဲချက်တင်ခဲ့ရာ ဖမ်းဆီးခံထားရသူများက မကျေနပ်သဖြင့် အမှုပြင်ဆင်ပေးရန် ပြည်နယ်တရားလွှတ်တော်သို့ ဇူလိုင် ၁ဝ ရက်က လျှောက်လဲချက် တင်ခဲ့ကြောင်း သိရသည်။
“ခရိုင်တရားရုံးကနေ ဖမ်းဆီးခံထားတဲ့ သူတွေကို ပုဒ်မ ၃ဝ၂/၃၄ နဲ့ စွဲချက်တင်တာ ဟာမှားယွင်းတယ်။ ဒါကို ပုဒ်မ ၃၂၅/၃၄ နဲ့ပဲ စွဲချက်တင်ဖို့ဖြစ်တယ်။ တုန်းသောလက်နက် ပြင်းထန်ဒဏ်ရာဆိုသည့်အတွက် မည်သူ၏လက်ချက်ဖြင့် သေဆုံးသည်ဟု မသိလျှင် ၃၂၅ နဲ့စွဲရမယ်လို့ လျှောက်ထားတယ်။ အဲဒီလိုပြင်ဆင်ဖို့ လျှောက်တာကို တရားလွှတ်တော်က မနေ့ကပယ်ချလိုက်ကြောင်း အမိန့်ချတာဖြစ်ပါတယ်။ ဒါကြောင့် အောက်ရုံးမှာ စွဲထားတဲ့ ပုဒ်မနဲ့ပဲ ဆက်လက်စစ်ဆေး ခံရမှာဖြစ်တယ်” ဟု အမှုအားလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေဦးကျော်ညွန့်မောင်က ပြောကြားသည်။
ပြစ်မှုဆိုင်ရာပြင်ဆင်မှုအဖြစ် မင်းသိုက်ထွန်းပါ ခြောက်ဦးအား ရှေ့နေဒေါ်အေးနုစိန်က လျှောက်လဲချက်တင်ခဲ့ပြီး အေးမင်း (ခ) အာဠာဝကအတွက် သီးသန့်ရှေ့နေ ဦးကျော်ညွန့်မောင်က လျှောက်လဲချက်တင်ခဲ့ကြောင်း သိရသည်။
တောင်ကုတ်ဖြစ်စဉ်ဖြင့် ဖမ်းဆီးခံထားရသူများမှာ မင်းသိန်းထွန်း၊ စိုးသန်းကျော်၊ လင်းမောင်၊ သိန်းရွှေမောင်၊ ဝင်းနိုင်၊ ထွန်းမင်း၊ အေးမင်းတို့ဖြစ်ကြောင်းနှင့် ၎င်းတို့အား တစ်နှစ်ခန့်အကြာ စစ်ဆေးပြီးနောက် တရားခံများတွင် စွဲချက်တင်နိုင်လောက်သည့် အထောက်အထားမရှိသဖြင့် စွဲချက်မတင်ဘဲ လွှတ်မိန့်ချပေးရန် သံတွဲခရိုင်တရားရုံးအား ရှေ့နေဦးတင်အောင်က လျှောက်လဲချက်ပေးခဲ့သော်လည်း စွဲချက်တင်ခဲ့သဖြင့် ပြည်နယ်တရားလွှတ်တော်သို့ စွဲချက်အမိန့်အား ပြင်ဆင်ပေးရန် လျှောက်လဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တောင်ကုတ်၌ အစ္စလာမ်ဘာသာဝင် ၁၀ ဦးသေဆုံးမှုတွင် သံသယဖြင့် ဖမ်းဆီးခံထားရသူများအား...
www.news-eleven.com
တောင်ကုတ်၌ အစ္စလာမ်ဘာသာဝင် ၁ဝ ဦး သေဆုံးမှုတွင် သံသယဖြင့် ဖမ်းဆီးခံထားရသူများအား စွဲချက်တင်သည့်ပုဒ်မကို ပြင်ဆင်ပေးရန် လျှောက်လဲချက်အား တစ်လခန့်အကြာ စစ်ဆေးပြီးနောက် ဩဂုတ် ၁၂ ရက်က ပြည်နယ်တရားလွှတ်တော်က ပယ်ချသည်ဟု အမိန့်ချမှတ်လိုက်သည်ဟု သတင်းရရှိသည်။
from Eleven Media Group's Facebook Wall http://ift.tt/1uQQRYB
Comments
Post a Comment