Skip to main content

ကြံစီမံကိန်းအတွက် တပ်မတော်က မြေသိမ်းယူထားခြင်းအပေါ် မျှတစွာ ဖြေရှင်းပေးရန် ကန့်ဘလ...



ကြံစီမံကိန်းအတွက် တပ်မတော်က မြေသိမ်းယူထားခြင်းအပေါ် မျှတစွာ ဖြေရှင်းပေးရန် ကန့်ဘလူဒေသခံ လယ်သမားတစ်သောင်းခန့် ယနေ့ ဆန္ဒထုတ်ဖော်မည်



ကန့်ဘလူ ကြံစီမံကိန်း တပ်သိမ်းမြေများနှင့် စပ်လျဉ်း၍ လက်ရှိအချိန်တွင် အငြင်းပွားဖွယ် ပြဿနာများစွာ ပေါ်ပေါက်လျက်ရှိပြီး ပြဿနာများကို မျှတစွာဖြေရှင်းပေးရန် ရွှေဘိုခရိုင်တွင်းရှိ ဒေသခံတစ်သောင်းက သြဂုတ် ၁၃ ရက်(ယနေ့) ၌ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဥပဒေမဲ့ မြေယာသိမ်းဆည်းမှုနှင့် ရိုးသားမှုမရှိခဲ့သော တရားစီရင်မှုများကို ဆန့်ကျင်ရှုတ်ချကြောင်း မြေသိမ်းဆည်းခံ တောင်သူများက ပြောကြားပြီး ဆန္ဒပြရန် တရားဝင်ခွင့်ပြုချက် ရရှိထားသည်ဟုလည်း သိရသည်။



“သြဂုတ် ၄ ရက်က ဆန္ဒပြဖို့ တရားဝင်စာတင်ခဲ့တယ်။ ကန့်ဘလူမြို့ပေါ်က အားကစားကွင်းမှာ စုဝေးပြီး မြို့ထဲကို လှည့်လည်ဆန္ဒထုတ်ဖော်မှာပါ” ဟု ငှက်ပျောတိုင်းကျေးရွာမှ တောင်သူဦးဇော်ဝင်းမောင်က ဆိုသည်။



FNI(facilitator Network with ILO) က ဦးဆောင်ပြုလုပ်မည့် ဆန္ဒထုတ်ဖော်ပွဲတွင် အဓမ္မသိမ်းဆည်းထားသော တပ်သိမ်းမြေများ ပြန်လည်ပေးအပ်ရန်၊ အကျဉ်းချခံ တောင်သူများ ပြန်လွှတ်ပေးရန်၊ လက်ရှိ တရားစွဲဆိုခံနေရသော တောင်သူများစွာကို အမှုပိတ်သိမ်းပေးရန်၊ မူလပိုင်ရှင် တောင်သူများ စိုက်ပျိုးထားသော စိုက်ခင်းဧကများစွာကို တပ်မတော်က ဥပဒေမဲ့ ဖျက်ဆီးနေခြင်းကို မျှတစွာဖြေရှင်းပေးရန်နှင့် တပ်သီးစားသမားများ အနေဖြင့် မူလပိုင်ရှင် တောင်သူများကို မြေပြန်လည်အပ်နှင်းရန် စသောအချက်များကို အဓိက တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။



“ထောင်ကျသွားတာက ၅၄ ဦး။ လတ်တလော အမှုရင်ဆိုင်နေရတာက ၁၇၃ ဦး။ ထောင်ဝင်စာသွားတွေ့လိုက်၊ အမှုပြေးရင်ဆိုင်လိုက်နဲ့ပေါ့။ ပိုဆိုးတာက လက်ရှိစိုက်ထားတဲ့ အခင်းတွေထဲက အနည်းဆုံး ဧကငါးရာလောက်ကို တပ်ကဖျက်ဆီးနေတာ။ သိပ်မကြာခင်ကလည်း ငှက်ပျောရွာက ဦးဝင်းသိန်းကို တပ်မတော်သားတစ်ဦးက ပါးရိုက်၊ လက်သီးနဲ့ထိုး လုပ်သွားသေးတယ်။ နောက်ပြီး သတ်မယ်ဖြတ်မယ်လည်း ခြိမ်းခြောက်တာပေါ့။ ရွာမှာတော့ တပ်ရဲ့ကျေးဇူးနဲ့ ကာယဒုက္ခ၊ စိတ္တဒုက္ခ နှစ်ပါးစလုံးကို ပြီးပြည့်စုံနေတာပေါ့ဗျာ” ဟု ခအုံးတာရွာမှ မြေသိမ်းခံ တောင်သူဦးသန်းထိုက်က ဆိုသည်။



ဆန္ဒပြပွဲကို နံနက်ခုနစ်နာရီမှ နေ့လည်နှစ်နာရီအချိန်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ဒီမိုကရေစီ အမည်ခံထားသော အစိုးရတစ်ရပ်၏ တာဝန်ယူမှု၊ တာဝန်သိမှုကို မြင်တွေ့လိုပါကြောင်းလည်း ဆန္ဒပြပွဲကို ဦးဆောင်သူများက ပြောကြားသည်။



“သမ္မတကြီး တဖွဖွပြောနေတဲ့ တာဝန်ယူမှု၊ တာဝန်သိမှုတွေပေါ့။ သမ္မတကြီးရဲ့ မိန့်ခွန်းတွေကို သက်ဆိုင်ရာဌာနတွေက လိုက်နာဖို့ မျှော်လင့်ပါတယ်” ဟု ကန့်ဘလူဒေသခံတစ်ဦးက ဆိုသည်။



ယခင်နှစ်ဆန်းပိုင်းက စတင်ဖြစ်ပွားခဲ့သော ကြံစီမံကိန်းမြေယာ ဧက ၁၃၀၀၀ ခန့်အတွက် အငြင်းပွားမှုတွင် တပ်မတော် တာဝန်ရှိသူများက ကတိဖောက်ဖျက်မှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသည်။ အဓမ္မ မြေယာသိမ်းဆည်းမှုအပြင် တရားစွဲခံရမှု၊ အငြင်းပွားဖွယ် ထောင်ဒဏ်များချမှတ်ခံရမှုနှင့် လက်ရှိသီးနှံများ ဖျက်ဆီးခံနေရခြင်းတို့ကြောင့် မြေသိမ်းခံတောင်သူ မိသားစုများစွာမှာ ဆိုးရွားသည့် ကျပ်တည်းမှုကို ရင်ဆိုင်နေကြရကြောင်း သိရသည်။





ကြံစီမံကိန်းအတွက် တပ်မတော်က မြေသိမ်းယူထားခြင်းအပေါ် မျှတစွာ ဖြေရှင်းပေးရန် ကန့်ဘလူဒေ�

news-eleven.com

ကန့်ဘလူ ကြံစီမံကိန်း တပ်သိမ်းမြေများနှင့် စပ်လျဉ်း၍ လက်ရှိအချိန်တွင် အငြင်းပွားဖွယ် ပြဿနာများစွာ ပေါ်ပေါက်လျက်ရှိပြီး ပြဿနာများကို မျှတစွာဖြေရှင်းပေးရန် ရွှေဘိုခရိုင်တွင်းရှိ ဒေသခံတစ်သောင်းက သြဂုတ် ၁၃ ရက်(ယနေ့) ၌ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဥပဒေမဲ့ မြေယာသိမ်းဆည်းမှုနှင့် ရိုးသားမှုမရှိခဲ…

from Eleven Media Group's Facebook Wall http://ift.tt/1roDMnh

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...