ဆီးရီးယား၊ အီရပ် အပါအဝင် အရှေ့ အလယ်ပိုင်းဒေသ မှာ အစ္စလာမ်မစ် နိုင်ငံတော် အိုင်အက်စ် အဖွဲ့ ရဲ့ ခြိမ်းခြောက်မှု တွေ ဟာ တနေ့ထက် တနေ့ ပိုပြီး ဆိုးလာတဲ့ အတွက် မနေ့ က ဆိုရင်၊ ဆော်ဝ်ဒီ အာရေဗျ နိုင်ငံ ဂျက်ဒါ မြို့မှာ အရေးပေါ် အစည်းအဝေး တရပ် ကျင်းပပါတယ်။
ဒီ အစည်းအဝေး ကို အီဂျစ်၊ ဂျော်ဒန်၊ ကာတာ နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု က နိုင်ငံခြားရေး ဝန်ကြီးတွေ၊ တက်ရောက်ကြပြီး အစ္စလာမစ် နိုင်ငံတော် အဖွဲ့ ရဲ့ တိုက်ခိုက်မှု တွေ ကို တွန်းလှန် နိုင်ရေး နဲ့ ကာကွယ်ရေးတွေ ဆွေးနွေးကြပါတယ်။ ဆီးရီးယား ရဲ့ ပြည်တွင်းစစ် ကလည်း မပြီးသေးတဲ့ အတွက်၊ ဒီ အရေး ကို လည်း နိုင်ငံရေး အရ ဖြေရှင်း ဖို့ ၊ ပိုမို လိုအပ်လာတဲ့ အကြောင်း အီဂျစ် နိုင်ငံခြားရေး ဝန်ကြီး ကလည်း ပြောပါတယ်။
http://ift.tt/1zpO35H
အရှေ့အလယ်ပိုင်းနဲ့ နိုင်ငံတကာ ခြိမ်းခြောက် ခံရ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1pWRU9d
Comments
Post a Comment