ရေးမြို့မှ မော်လမြိုင်မြို့သို့ ထွက်ခွာလာသည့် စက်ခေါင်း အမှတ်၊ RBC-၂၅ဝ၈၊ အမှတ်(၁၇၄) အစုန် လူစီး ရထားသည် သြဂုတ် ၂၁ ရက် နံနက် ၁ဝ နာရီခန့်က ရထားလမ်း မိုင်တိုင် ၂ဝ၃/၂၁ နှင့် ၂ဝ၃/ ၂၂ ကြား အရောက်၌ ရုတ်တရက် လမ်းချော်၍ စက်ခေါင်းမှာ ညာဘက်သို့ ၄၅ ဒီဂရီခန့် တိမ်းစောင်း သွားခဲ့သည်။
အဆိုပါ လမ်းချော် သွားသည့် ရထားအား တပ်မတော်သား များက လုံခြုံရေး ဆောင်ရွက် ပေးပြီး မော်လမြိုင်မြို့ မှ တိုင်းပို့ဆောင်ရေး မန်နေဂျာ ဦးတင့်ဝေ ဦးစီးသည့် စက်မှုအဖွဲ့က ပြုပြင် ဆောင်ရွက် ခဲ့ရာ ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့် တွင် ပြုပြင်ပြီးစီး သဖြင့် မော်လမြိုင်သို့ ပုံမှန် အတိုင်း ဆက်လက် ထွက်ခွာ သွားကြောင်း နှင့် ရထား လမ်းချော်မှု ကြောင့် ခရီးသည်များ ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။
#Themyawadydaily
http://ift.tt/1q4CCiv
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1qyXHhn
Comments
Post a Comment