Skip to main content

တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာနှင့် ရတနာပန်းခြံတို့အား ဖျက်သိမ်း၍ အဆင့်မြင့်ကားပါ...



တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာနှင့် ရတနာပန်းခြံတို့အား ဖျက်သိမ်း၍ အဆင့်မြင့်ကားပါကင်များ ဆောက်လုပ်ရန် စီစဉ်နေ



ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ၁၁ ရပ်ကွက်နှင့် ၁၂ ရပ်ကွက်တို့ရှိ မြသီတာနှင့် ရတနာပန်းခြံများအားဖျက်သိမ်း၍ ယင်းနေရာများတွင် အဆင့်မြင့်ကားပါကင်များ ဆောက်လုပ်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စီစဉ်နေသည်ဟု သိရသည်။



ယင်းပန်းခြံနှစ်ခုမှာ ပန်းခြံအငယ်စားများဖြစ်ပြီး လူသွားလာမှုနည်းပါးခြင်း၊ ပန်းပင်၊ သစ်ပင်အရေအတွက် နည်းပါးခြင်းအပြင် ယင်းပန်းခြံလမ်းဘေးဝဲယာ ပတ်ဝန်းကျင်တွင် ယာဉ်ရပ်နားမှုများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်နေ၍ ၎င်းတို့နေရာတွင် သုံးထပ်အမြင့်ရှိ အဆင့်မြင့်ကားပါကင်တစ်ခုစီကို စည်ပင်က ဆောက်လုပ်ရန်စီစဉ်နေခြင်းဖြစ်ကာ အခကြေးဖြင့် ယာဉ်ရပ်နားခွင့် ပြုမည်ဖြစ်ကြောင်း၊ ကားပါကင်များ၏အ ပေါ်ဆုံးထပ်တွင် ဖူဆယ်ကွင်းကဲ့သို့ အားကစားကွင်းကို ထည့်သွင်းဆောက်လုပ်ပေးမည်ဖြစ်ပြီး ယခုဘဏ္ဍာနှစ်အတွင်း စတင်ဆောက်လုပ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။



အဆိုပါပန်းခြံနှစ်ခုကို ဖျက်သိမ်း၍ ကားပါကင်ဆောက်လုပ်ရန် စီစဉ်နေခြင်းအား ရပ်ကွက်နေပြည်သူများက ကန့်ကွက်နေကြသည်။



“ဒီလိုဆောက်ဖို့ကိစ္စကို သဘောတူစရာ လုံးဝမရှိပါဘူး။ ကားကျပ်တာကို အကြောင်းပြပြီးလုပ်တာက အဓိပ္ပာယ်လည်းမရှိဘူး။ အခုသူတို့က သုံးထပ်ဆောက်ပြီး အပေါ်ဆုံးထပ်မှာ မြက်ခင်းတုနဲ့ ကစားကွင်းလုပ်ပေးမယ်လို့ ပြောတယ်။ ပန်းခြံဆိုတာမျိုးက အရိပ်ကောင်းတဲ့အပင်တွေ၊ ပန်းတွေနဲ့ပဲရှိသင့်တယ်။ ပန်းခြံလုပ်ဖို့ဆိုရင် ဒီလိုသုံးထပ် ဆောက်ဖို့မလိုပါဘူး။ ကျွန်တော်တို့ရပ်ကွက် မှာ ပန်းခြံမရှိဘူး။ ဒီပန်းခြံလေးတစ်ခုပဲရှိတာပါ။ ကလေးတွေကစားစရာလည်း ကစားကွင်းလုံးဝမရှိဘူး။ ကျွန်တော်တို့ ရပ်ကွက်နေ ပြည်သူတွေအတွက် ကားပါကင်မလိုပါဘူး။ ပန်းခြံပဲလိုပါတယ်။ တကယ်ပန်းခြံကိုအဆင့် မြ§င့်ပေးချင်ရင် ဒီပန်းခြံအတိုင်းကိုပဲထားပြီး လိုအပ်တာကိုဖြည့်ပေးတာကိုပဲ လိုချင်ပါ တယ်။ ဒီလိုပွင့်လင်းမြင်သာမှုမရှိဘဲ စည်ပင် က လုပ်ငန်းတွေလုပ်တာကို ကန့်ကွက်ပါ တယ်” ဟု တောင်ဥက္ကလာပ ၁၂ ရပ်ကွက်နေ ရန်ကုန်တိုင်း လက်ရွေးစင်အားကစားသမားဟောင်း ဦးမောင်မောင်တင်က ပြောကြား သည်။



ယခုကဲ့သို့ အဆင့်မြင့်ကားပါကင် ဆောက်လုပ်မည့် အစီအစဉ်အား ရပ်ကွက်နေ ပြည်သူများကို ကြိုတင်အသိပေးခြင်းများ လည်းမရှိခဲ့ကြောင်းနှင့် လက်ရှိတွင် ပန်းခြံ များအား ခြံစည်းရိုးခတ်၍ မြေစမ်းသပ်မှုများ ပင်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ပတ်ဝန်းကျင်နေ ပြည်သူများက ဆိုသည်။



“ဒီလိုလုပ်မယ်ဆိုတာကို ဦးတို့ ဘာမှ မသိရပါဘူး။ အပြင်မှာပြောနေတယ်။ ဒီကိစ္စ ကို ပန်းခြံအနီးနေထိုင်တဲ့ပတ်ဝန်းကျင်က သဘောတူတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ သဘောလည်း မတူပါဘူး။ ပန်းခြံကြီးပျောက် သွားမယ့်ကိစ္စပါ။ ပန်းခြံဖျက်ပြီး ကားပါကင် လုပ်ရအောင် ဒီနားပတ်ဝန်းကျင်က ကားမပိတ်ပါဘူး။ ပန်းခြံထဲမှာ လက်ဖက်ရည်ဆိုင် လေးတွေရှိတယ်။ ရာသီဥတုပူရင် အပင်ရိပ် ဖြစ်တဲ့ အဲဒီဆိုင်လေးတွေမှာထိုင်ရင်း အရိပ် ခိုလှုံနေကြတာပါ။ ဦးတို့က ပန်းခြံပဲလိုချင်ပါတယ်” ဟု ၁၂ ရပ်ကွက်နေ ဦးကျော်သူကလည်း ဆိုသည်။



“ကျွန်တော်တို့ကို ဒီကိစ္စနဲ့ပတ်သက် လို့ လာပြီးအမြင်တောင်းခံတာမရှိပါဘူး။ လာတောင်းခံရင်လည်း ကန့်ကွက်တယ်လို့ပဲ ပြောမှာပါ။ အစိုးရအနေနဲ့ ပန်းခြံတွေကို ဒီလိုလုပ်ခဲ့တာတွေ အများကြီးရှိနေပါပြီ။ ဒီ စီမံကိန်းကိုလည်း ပုဂ္ဂလိကကိုလွှဲလိုက်ပြီ လားတောင်မသိဘူး” ဟု ၁၁ ရပ်ကွက်နေ ပြည်သူတစ်ဦးကလည်း ပြောကြားသည်။



ကားပါကင်များ ဆောက်လုပ်မည်ဖြစ်၍ ပန်းခြံနှစ်ခုအတွင်းရှိ နှစ်ပေါင်း ၂ဝ ကျော် ရောင်းချခဲ့သောဆိုင်ခန်းများကိုလည်း ဧပြီလ ကတည်းက အပြီးဖယ်ရှားပေးရန်အကြောင်း ကြားထားခဲ့ပြီး ဆိုင်အချို့ဆက်လက်ရောင်းချ ခွင့်ပြုရန် တင်ပြခဲ့ခြင်းကြောင့် ဩဂုတ်လကုန်အထိ ရောင်းချခွင့်ပြုထားကြောင်းနှင့် သတ်မှတ်ချိန်ပြည့်သည်အထိ မဖယ်ရှားပါက တရားစွဲဆိုမည်ဟု အကြောင်းကြားထားကြောင်း ရတနာပန်းခြံအတွင်းမှ ဆိုင်ခန်းပိုင်ရှင် ဦးတင်စိုးက ဆိုသည်။



“ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဘာစီမံကိန်းရှိလို့ ဒီလိုဖယ်တာလဲလို့ လွှတ်တော်မှာ ကြယ်ပွင့်မပြမေးခွန်းအနေနဲ့ မေးလိုက်တော့ ဒီလိုကားပါကင်ဆောက်ဖို့ ရှိတယ်ဆိုတာ သိရတယ်။ ဒီပန်းခြံတွေဟာ အများနဲ့ဆိုင်တဲ့နေရာတွေ။ ဒီကိစ္စက အများပဲဆုံးဖြတ်ရမယ်။ ဦးက ရပ်ကွက်နေပြည်သူတွေရဲ့ သဘောထားမှတ်ချက်ကို နားထောင်ပါဦးမယ်။ အဲဒီသဘာထား အတိုင်းကို အစိုးရအဖွဲ့ကို ပြန်တင်မှာပါ” ဟု တောင်ဥက္ကလာပမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။





တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာနှင့် ရတနာပန်းခြံတို့အား ဖျက်သိမ်း၍ အဆင့်မြင့်ကားပါကင�

news-eleven.com

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ၁၁ ရပ်ကွက်နှင့် ၁၂ ရပ်ကွက်တို့ရှိ မြသီတာနှင့် ရတနာပန်းခြံများအားဖျက်သိမ်း၍ ယင်းနေရာများတွင် အဆင့်မြင့်ကားပါကင်များ ဆောက်လုပ်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စီစဉ်နေသည်ဟု သိရသည်။

from Eleven Media Group's Facebook Wall http://ift.tt/1t86JWE

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...