တပ်မတော်က ပြည်ထောင်စုအစိုးရရဲ့ မူဝါဒအတိုင်း ငြိမ်းချမ်းရေးကို မဖြစ်မနေ အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းနဲ့ အားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ယုံယုံကြည်ကြည်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။
“၀” အထူး ဒေသ ၂ ဗဟိုကော်မတီဝင် ဦးကျောက်ကော်အန်း၊ အက်စ်အက်စ်ပီပီ/အက်စ်အက်စ်အေ မြောက်ပိုင်း ဒုတိယဥက္ကဋ္ဌ စဝ်ခေးတိုင်း၊ မိုင်းလား အထူးဒေသ ၄ ဒုဥက္ကဋ္ဌ ဦးစန်ပေ့တို့ ဦးဆောင်တဲ့အဖွဲ့တွေနဲ့ သမ္မတ ဦးသိန်းစိန်တို့ သြဂုတ်လ ၂၅ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးစဉ် သမ္မတက ပြောကြားလိုက်တာပါ။
http://ift.tt/1BX7IxP
စစ်တပ်က ငြိမ်းချမ်းရေးကို မဖြစ်မနေ အကောင်အထည်ဖော်ရန် ဆုံးဖြတ်ထားဟု သမ္မတ ပြော - သစ်ထူးလ
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1ssGJne
Comments
Post a Comment