Skip to main content

မြန်မာဘက်မှတင်ပို့သည့် ဆန်များကို တရုတ်အစိုးရ စီမံချက်ဖြင့် ဖမ်းဆီးနေမှုများကြောင...



မြန်မာဘက်မှတင်ပို့သည့် ဆန်များကို တရုတ်အစိုးရ စီမံချက်ဖြင့် ဖမ်းဆီးနေမှုများကြောင့် မြန်မာ-တရုတ်နယ်စပ်တွင် ဆန်အရောင်းအ၀ယ် ရပ်ဆိုင်းလုနီးပါး ဖြစ်နေ



မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်များတင်ပို့လျက် ရှိသော်လည်း တရုတ်ဗဟို အစိုးရ၏ စီမံချက်ဖြင့် မြန်မာ့ဆန်ကို တရုတ်နိုင်ငံ ရွှေလီမြို့နှင့် နေရာအနှံ့အပြားတွင် ဖမ်းဆီးနေမှုများကြောင့် တရုတ်ဘက်မှ ကုန်သည်များက မြန်မာ့ဆန်ကို မဝယ်ယူရဲသကဲ့သို့ မြန်မာဘက်မှလည်း မရောင်းရဲသည့် အနေအထားရှိလာကာ မြန်မာ-တရုတ်နယ်စပ်တွင် ဆန်အ ရောင်းအဝယ် ရပ်ဆိုင်းလုနီးပါးဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်း (မူဆယ်) မှ သိရသည်။



တရုတ်ဗဟိုအစိုးရ၏ စီမံချက်ဖြင့် ဆန်များအား တရုတ်နိုင်ငံ ရွှေလီမြို့နှင့် အနှံ့အ ပြားတွင် ဖမ်းဆီး၍ ကုန်ပစ္စည်းများကို သိမ်းယူခြင်းအပြင် ရွှေလီရှိကုန်သည်များ၏ ဂိုဒေါင်များအား ဝင်ရောက်စစ်ဆေး၍ မြန်မာ့ဆန်းမျာကို ဖမ်းဆီးခြင်း၊ ဆန်ကဲ့ကား များအပေါ်တွင် ဖမ်းဆီးမိပါက ပစ္စည်းသိမ်းမည့်အပြင် ကားအား တစ်လခန့် ထိန်းသိမ်း မည်ဖြစ်သည့်အပြင် လူကိုပါ ဖမ်းဆီးအရေး ယူမည်ဖြစ်သောကြောင့် ဝယ်ယူသည့်တရုတ် ကုန်သည်များ မဝယ်ရဲသကဲ့သို့ ရောင်းချ သည့်ကုန်သည်များလည်း မရောင်းချရဲသဖြင့် အရောင်းအဝယ်မရှိဘဲ ဈေးကွက်ရပ်ဆိုင်း လုနီးပါးဖြစ်နေကြောင်း၊ ယင်းကြောင့် ဈေး နှုန်းထွက်ခြင်း မရှိဖြစ်နေကြောင်းလည်း မြန်မာနိုင်ငံဆန် စပါးအသင်း (မူဆယ်) မှ သိရသည်။



“ဈေးအနေနဲ့ ဒီရက်ပိုင်းမှာ သုံးရက် လောက်ရှိပြီ။ ဈေးမထွက်ဘူးဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ဘက်က ဗဟို အစိုးရစီမံချက်ကြောင့်ပေါ့နော် ဒီရက်ပိုင်းအ ဖမ်းအဆီးများနေတယ်။ ဟိုဘက်မှာ ဖမ်း ဆီးတဲ့အတွက် တရုတ်ကုန်သည်တွေကလည်း ဒီကိုလာပြီးတော့ မဝယ်ရဲဘူး။ ရောင်းတဲ့ သူကလည်း မရောင်းရဲဘူး။ ကဲ့ပေးတဲ့ ကဲ့ သမားတွေအနေနဲ့ကလည်း မကဲ့ပေးရဲတဲ့အ တွက် ဈေးကွက်ကအရောင်းအဝယ်မရှိ သလောက်ဖြစ်သွားတယ်။ ရောင်းသူက လည်း မရောင်းရဲဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်တို့က အကြွေးစနစ်ကိုးဗျ။ တရုတ် ဘက်ကို။ တရုတ်ဘက်မှာ အဖမ်းအဆီး ခံရရင်တောင်မှ ကျွန်တော်တို့ကို ငွေမရှင်း ပေးဘူးဆိုရင် ပြဿနာရှိလာနိုင်တယ်။ ဝယ်သူအနေနဲ့ကလည်း သူတို့ဖမ်းဆီးခံရမယ် ဆိုရင် ပြဿနာတက်လာနိုင်တယ်။ ဖမ်းမယ် ဆိုပြီးလည်း သူတို့ဘက်မှာ ကြေညာထားတာကိုး။ အဲဒီအတွက် ပြသနာတက်နိုင် တဲ့အတွက် လာဝယ်တဲ့သူလည်းသိပ်မရှိ ဘူး။ ရောင်းတဲ့သူကလည်း မရောင်းရဲဘူး ဆိုတော့အရောင်းအဝယ်က အဓိကအားဖြင့် ရပ်ဆိုင်းနေတဲ့ သဘောမျိုးဖြစ်နေတာပေါ့။ ဒါကြောင့် ဩဂုတ်၁ ရက်ဆိုရင် မူဆယ် ဆန်အသင်းမှာ အဲဒါနဲ့ပတ်သက်ပြီး သတင်း ထုတ်ပြန်ပေးထားတယ်”ဟု ဆန်စပါးကုန် စည်ဒိုင် (မူဆယ်) မှ ဒုတိယဥက္ကဋ္ဌ ဦးချမ်းသာဦးက ပြောပြသည်။



ယခင်ကပုံမှန်အားဖြင့် မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံသို့ တစ်နေ့လျှင်ဆန်အိတ်ရေ ၆ဝဝဝဝမှ ၇ဝဝဝဝ ခန့်အထိ တင်ပို့မှု ရှိခဲ့ကြောင်းသိရသည်။ မူဆယ်သို့ ဧရာဝ တီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး စသည်တို့မှ ဆန်တင်ပို့မှုများပြားပြီး ပြီးခဲ့သည့်ရက်ပိုင်း က တရုတ်သို့ တင်ပို့သည့်ဆန်ဈေးနှုန်းမှာ တစ်အိတ်လျှင် ၁၅၃ ယွမ်ဝန်းကျင်ရှိခဲ့ ကြောင်း သိရသည်။



မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင် ပို့မှု၏ ၈ဝရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်ကြောင်း၊ တရုတ်သို့ ဆန် တင်ပို့ရာ၌ မြန်မာဘက်မှ တရားဝင်တင် ပို့ခြင်းဖြစ်သော်လည်း တရုတ်ဘက်တွင်မူ တရား ဝင်တင်ပို့ခွင့် ပြုမထားသေးကြောင်း၊ ယင်းအခြေအနေများကြောင့် တရားဝင်တင်ပို့ခွင့်ရရေး ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသော်လည်း နှစ်နိုင်ငံဆွေးနွေးမှုများ၌ ကြန့်ကြာမှုများရှိနေသည်။



ယခုနှစ် ဧပြီလအတွင်းက မြန်မာ့ဆန်ကို တရုတ်သို့ တင်ပို့ရာ၌ တရုတ်ဘက်မှ ဖမ်းဆီးမှုအချို ရှိနေသည့်အတွက် မြန်မာကုန်သည်များ အနေဖြင့် တံဆိပ်မပါသည့် အိတ်များဖြင့် တရုတ်ဈေးကွက်အတွင်းသို့ တင်ပို့ခဲ့ရကြောင်း မူဆယ်နယ်စပ်ရှိ ဆန်ကုန်သည်များထံမှ သိရသည်။



မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ဝင်းအတွင်း ဆန်တင်ယာဉ်တစ်စီးအား ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလက တွေ့ရစဉ်







from Eleven Media Group's Facebook Wall http://ift.tt/1kunACw

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...