သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် အုန်းနှဲကျေးရွာထိပ် ရန်ကုန်-ပြည် ကား လမ်းမိုင်တိုင် (၁၁၈/၃ နှင့် ၄) အကြားတွင် သြဂုတ် ၂ဝ ရက် နံနက် ၇ နာရီခွဲက သံလွင်ခရီးသည်တင်ယာဉ်အမှတ် 1G/---- မှာ ရှေ့ကားကို ကျော် တက်ရာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ကုက္ကိုပင်ကို ဝင်တိုက်မိရာမှ တိမ်း မှောက်မှုဖြစ်ပွားခဲ့သည်။
အဆိုပါ ကားပေါ်တွင် ခရီးသည် ၁၅ ဦးလိုက်ပါလာပြီး ယာဉ်မောင်းသူ ကိုမောင်ဇော် (ခ)ဇော်လွင်ဦး အမှတ်(၂)ရပ်ကွက် နတ်စင်လမ်း မှော်ဘီမြို့နယ် နေသူမှာ ဒဏ်ရာရရှိခဲ့ပြီး ကျန်ခရီးသည်များမှာ ပွန်းပဲ့ဒဏ်ရာသာရရှိခဲ့ကြောင်း နှင့် ယာဉ်မောင်းကို အုတ်ဖိုမြို့မရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
အောင်သူ(အုတ်ဖို)
Myanmaalinn
http://ift.tt/1nAnMka
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1BELO2m
Comments
Post a Comment