Skip to main content

လူငယ်မျိုးသစ်တွေကို တာဝန်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ်ကတည်းက ခက်ခဲကြမ်းတမ်းတဲ့ကာလတွေမှာ တာဝန်ယူခဲ့ကြတဲ့ လူလတ်ပိုင်းတွေအနေနဲ့ မျိုးဆက်သစ်လူငယ်တွေကို အခွင့်အရေး သို့မဟုတ် ရွေးချယ်ပိုင်ခွင့်တွေ ပေးဖို့လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တာဝန်ယူခဲ့ကြတဲ့ လူလတ်ပိုင်းနဲ့ လူငယ်မျိုးဆက်တွေရဲ့ တွေ့ဆုံပွဲကို ဒီနေ့ရန်ကုန်မြို့ ရွှေဂုံတိုင်က တော်ဝင်းနှင်းဆီခန်းမမှာ ကျင်းပရာမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို တိုက်တွန်း ပြောကြားခဲ့တာဖြစ်ပါတယ်။

"NLD ရဲ့ ခက်ခဲတဲ့အချိန်ကာလတွေကို သတ္တိရှိရှိနဲ့ ကျော်လွှားခဲ့တဲ့ အခုလူလတ်ပိုင်းတွေဟာ ကျမတို့နိုင်ငံရဲ့ အခုလက်ရှိပြဿနာတွေကိုလည်း သတ္တိရှိရှိနဲ့ ပညာရှိရှိ ကျော်လွှားဖို့လိုတယ်ဆိုတာ အသိအမှတ်ပြုစေချင်တယ်၊ နောက်ပြီးတတ်နိုင်သမျှ လူငယ်မျိုးဆက်သစ်တွေကို အခွင့်အရေးတွေ အများကြီးပေးဖို့၊ အခွင့်အရေးဆိုတာ အခွင့်အရေးယူတဲ့သဘော မဟုတ်ဘူး၊ ရွေးချယ်ပိုင်ခွင့်တွေလို့ ပြောရမှာပေါ့၊ ရွေးချယ်ပိုင်ခွင့်တွေ ပေးနိုင်သမျှပေးဖို့ ကြိုးစားစေချင်တယ်"


ဒါ့အပြင် မြန်မာနိုင်ငံက လူငယ်တွေကြား အလုပ်လက်မဲ့ပြဿနာ နဲ့ မူးယစ်ဆေးဝါးသုံးစွဲမှု များပြားနေတာကိုလည်း ၀ိုင်းဝန်းအဖြေရှာကြဖို့ကို တိုက်တွန်းခဲ့ပါတယ်။


"ကျမတို့နိုင်ငံမှာ အခုဆိုရင် အလုပ်လက်မဲ့လူငယ်တွေ အင်မတန်များတယ်၊ ဒီနိုင်ငံရဲ့ အဓိကပြဿနာကြီးတစ်ခုပဲ၊ ဒီပြဿနာကြီးကို ဘယ်လိုဖြေရှင်းမလဲဆိုတာ အားလုံးကဝိုင်းဝန်းပြီးတော့ စဉ်းစားပေးဖို့ဖြစ်တယ်၊ ဘွဲ့တော့ရထားပြီ ဘာအလုပ်မှမရှိဘူး၊ လုပ်စရာအလုပ်ကျလည်းမရှိဘူး၊ ဒါဟာ ကျမတို့နိုင်ငံလူငယ်တွေရဲ့ ပြဿနာကြီးတစ်ခုဖြစ်တယ်၊ အဲဒီပြဿနာနဲ့ ဆက်နွယ်နေတာ မူးယစ်ဆေးဝါးကိစ္စပဲ၊ အဲဒီတော့ အလုပ်မရှိတဲ့လူငယ်များဟာ စိတ်လေတယ်၊ အလုပ်မဲ့တာဟာ ပြဿနာမဟုတ်ဘူး၊ မျှော်လင့်ချက်မဲ့သွားရင်တော့ ပြဿနာဖြစ်ပြီ"


ဒီနေ့ကျင်းပတဲ့ လူငယ်တွေ့ဆုံဆွေးနွေးပွဲဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ချိန်ကစပြီး တာဝန်ယူခဲ့ကြတဲ့ အဖွဲ့ဝင်တွေရဲ့ အတွေ့အကြုံတွေကို မျိုးဆက်သစ်လူငယ်တွေကို ပြန်လည်မျှဝေဖို့အတွက် ကျင်းပတာလို့ သိရပါတယ်။


RFA Burmese

http://ift.tt/1mveILg






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1qeSSOd

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...