Skip to main content

အိုလံပစ်ဟိုတယ်အား ယခင်က တစ်ခန်းလျှင် တစ်ရက် ကျပ် ၅၆၀ နှုန်းဖြင့် ငှားရမ်းခဲ့ပြီး...



အိုလံပစ်ဟိုတယ်အား ယခင်က တစ်ခန်းလျှင် တစ်ရက် ကျပ် ၅၆၀ နှုန်းဖြင့် ငှားရမ်းခဲ့ပြီး ယခုအခါ တစ်ခန်းလျှင် တစ်ရက် ကျပ် ၅၀၀၀ ကျော်ဖြင့် Jewellery Luck ကုမ္ပဏီသို့ အစိုးရက နှစ်ရှည်ထပ်မံငှားရမ်းထား



ရန်ကုန်မြို့ ဦးဝိစာရလမ်းပေါ်ရှိ အမျိုးသားရေကူးကန် ဝင်းအတွင်း တည်ရှိသည့် အိုလံပစ်ဟိုတယ်ကို အားကစားဝန်ကြီးဌာနမှ Jewellery Luck ကုမ္ပဏီလီမိတက်သို့ နှစ်ရှည်ထပ်မံ ငှားရမ်းထားကြောင်း အားကစားဝန်ကြီးဌာန အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။



အားကစားဝန်ကြီးဌာန အနေဖြင့် အိုလံပစ်ဟိုတယ်ကို Jewellery Luck ကုမ္ပဏီလီမိတက်သို့ ၂ဝဝ၇ ခုနှစ်အတွင်းက စတင်၍ နှစ်ရှည်ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ၂ဝဝ၇ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အထိ ငါးနှစ်ဆက်တိုက်ကို ငှားရမ်းရာတွင် ဝန်ကြီးဌာနမှ ငှားရမ်းခအဖြစ် တစ်လလျှင် ကျပ်သိန်း ၂ဝ သာ ရရှိခဲ့ကြောင်း၊ အိုလံပစ်ဟိုတယ်သည် အခန်းပေါင်း ၁၁၉ ခန်း ပါဝင်သည့်အတွက် တစ်လ ကျပ်သိန်း ၂ဝ ဆိုပါက တစ်ရက်လျှင် ဟိုတယ်ခန်း တစ်ခန်းအတွက် ကျပ် ၅၆ဝ နှုန်းသာ ငှားရမ်းခ ရရှိခြင်းဖြစ်ကြောင်း သတင်းရရှိသည်။



၂ဝ၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ငှားရမ်းခကို ယာယီပြင်ဆင်ပြီး Jewellery Luck ကုမ္ပဏီလီမိတက်သို့ ထပ်မံငှားရမ်းခဲ့ကြောင်း၊ ပြင်ဆင်ခဲ့သည့် နှုန်းထားအရ အိုလံပစ်ဟိုတယ်အား ယခင် တစ်လကျပ်သိန်း ၂ဝ အစား တစ်လကျပ် ၁၇၅ သိန်းဖြင့် ပြင်ဆင်ငှားရမ်းခြင်းဖြစ်သည်ဟု သိရသည်။



အိုလံပစ်ဟိုတယ်အား တစ်လ ကျပ် ၁၇၅ သိန်းဖြင့် ငှားရမ်းခြင်းဖြစ်ရာ ဝန်ကြီးဌာနအနေဖြင့် အခန်းတစ်ခန်းအတွက် တစ်ရက်ငှားရမ်းခရငွေမှာ ကျပ် ၅ဝဝဝ ကျော် ရရှိမည်ဖြစ်သည်။



ရန်ကုန်မြို့လယ်၌ရှိသော ဟိုတယ်အနေဖြင့် အများပြည်သူသို့ ပြန်လည်ငှားရမ်းပါက အနည်းဆုံး တစ်ရက်လျှင် ဟိုတယ်အခန်းတစ်ခန်းမှာ ကျပ် ၃ဝဝဝဝ နှင့်အထက် ရရှိမည်ဖြစ်သည်။



ယခု Jewellery Luck ကုမ္ပဏီလီမိတက်သို့ တစ်ရက်လျှင် ကျပ် ၅ဝဝဝ ဝန်းကျင်ဖြင့် ယာယီပြင်ဆင် ငှားရမ်းထားသည့်ဈေးဖြင့် အပြီးသတ်စာချုပ် ချုပ်ဆိုငှားရမ်းရန် စီစဉ်နေကြောင်း၊ အားကစားဝန်ကြီးဌာနမှလည်း အဆိုပါဈေးဖြင့် အပြီးသတ်စာချုပ် ချုပ်ဆိုငှားရမ်းနိုင်ရေးအတွက် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



နိုင်ငံတကာမှ အားကစားဆိုင်ရာ အဖွဲ့များ၊ ဧည့်သည်များ လာရောက်ပါက အိုလံပစ်ဟိုတယ်အနေဖြင့် ဈေးလျှော့၍ ငှားရမ်းပေးရကြောင်း၊ အား/ကာ အဖွဲ့ချုပ်များ၏ အခမ်းအနားများကို ကျင်းပမည်ဆိုပါကလည်း ဈေးလျှော့ပေးရသည်ဟု သတင်းရရှိသည်။



အိုလံပစ်ဟိုတယ်အား မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ငှားရမ်းမြှုပ်နှံ လုပ်ကိုင်ခြင်းဖြစ်ပြီး ဟိုတယ်ခန်းတစ်ခန်းလျှင် တစ်ရက်ကျပ် ၅ဝဝဝ ဝန်းကျင်နှုန်းဖြင့် Jewellery Luck ကုမ္ပဏီလီမိတက်မှ နောက်ထပ်ငါးနှစ်အထိ လုပ်ကိုင်ခွင့်ရမည်ဖြစ်ကြောင်း၊ အဆိုပါဈေးဖြင့် ငါးနှစ်ပြည့်သွားပါက နောက်ထပ်ငါးနှစ်အား ဈေးနှုန်းပြင်ဆင်ပြီး ထပ်မံငှားရမ်းခွင့် ရရှိဦးမည်ဖြစ်ကြောင်း၊ ငါးနှစ်လျှင်တစ်ကြိမ် ဈေးနှုန်းပြင်ဆင်၍ သတ်မှတ်ထားသည့် နှစ်ကာလအထိ ငှားရမ်းခွင့်များ ဆက်လက်ရရှိမည်ဟု သိရသည်။

from Eleven Media Group's Facebook Wall http://ift.tt/1t86Ktx

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3