တရုတ်နိုင်ငံက မြန်မာ့ဆန်ကို တရားဝင် တင်သွင်းခွင့်ပြုရင် မန္တလေးမြို့နဲ့ နယ်စပ်ဒေသက အသေးစား အလတ်စား ဆန်လုပ်ငန်းရှင်တွေ အနေနဲ့ အများပိုင် ကုမ္ပဏီစုဖွဲ့ပြီး စနစ်ပြောင်း လုပ်ဆောင်ကြဖို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းတာဝန်ရှိသူက ပြောပါတယ်။
မြန်မာဆန်တွေ ပိုးမွားကင်းစင်ရေး ဆောင်ရွက်နေတာတွေကို လေ့လာဖို့ အတွက် တရုတ်နိုင်ငံ AQSIQ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်တဲ့ အဖွဲ့ မြန်မာနိုင်ငံကိုလာရောက်ခဲ့အပြီး တရုတ်ဘက်က တရားဝင် ဆန်တင်ပို့ခွင့်ပြုပေးခဲ့မယ်ဆိုရင် နယ်စပ်ဒေသမှာ အကြီးစား လုပ်ငန်းတွေ ၀င်ရောက်လာမှာ ဖြစ်တဲ့ အတွက် နယ်စပ်က အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေ အနေနဲ့ စိုးရိမ်ပူပန်မှုတွေရှိနေတဲ့အပေါ် အခုလို အကြံပေးခဲ့တာဖြစ်ပါတယ်။
http://ift.tt/1udzoZP
အသေးစားနှင့်အလတ်စား ဆန်လုပ်ငန်းရှင်များ အများပိုင်ကုမ္ပဏီစုဖွဲ့ရန် ဆန်စပါးအသင်းအကြံ
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1pWWYL9
Comments
Post a Comment