Skip to main content

အလယ်တန်းပညာရေး အခမဲ့မသင်မနေရစနစ် ပြဋ္ဌာန်းရင် ကလေးလုပ်သား ပပျောက်မည်



မြန်မာနိုင်ငံမှာ အလယ်တန်းပညာရေး အခမဲ့ မသင်မနေရစနစ်ကို အမြဲတမ်းဆောင်ရွက်မှသာ ခလေးအလုပ်သမားတွေနဲ့ ဆင်းရဲမွဲတေမှုကြောင့် ကျောင်းမတတ်နိုင်သူတွေ ပပျောက်သွားမယ် လို့ မြန်မာ့ပညာရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ မူလတန်းပညာရေးအခမဲ့မသင်မနေရစနစ်ကို ပြဋ္ဌာန်းလိုက်ပြီး ၂၀၁၄ ခုနှစ်မှာ အလယ်တန်းပညာရေးကိုပါ အခမဲ့စနစ်လုပ်ဆောင်ခဲ့ပေမယ့် စာမသင်မနေရစနစ်ကို ၉ နှစ်တာ ကာလလုံး ကျင့်သုံးနိုင်မှသာ ကလေးတယောက်အတွက် စာတတ်မြောက်မှုနဲ့ ကလေး အလုပ်သမားအဖြစ် ခိုင်းစေခံရမှု လွတ်ကင်းနိုင်မှာ ဖြစ်တယ်လို့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲ ရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (အန်အန်အီးအာ) အဖွဲ့ဝင် ဒေါ်သူသူမာ က ပြောပါတယ်။


“အစိုးရက ထုတ်ပြန်တဲ့ ပညာရေးဥပဒေမှာ မူလတန်း မသင်မနေရ အခမဲ့ပညာရေးကို အကောင်အထည် ဖော်ပြီးတော့ အဆင့်ဆင့်တိုးချဲ့သွားမယ်လို့ ပါတယ်။ ဒါပေမယ့် အခမဲ့ မသင်မနေရ ပညာရေးက အနည်းဆုံး အလယ်တန်းပြီးဆုံးတဲ့ အသက် ၉ နှစ်အထိ နိုင်ငံတော်က တာဝန်ယူသင့်တယ်။ ဒါမှ ကလေးစစ်သားတွေ၊ ကလေးအလုပ်သမားတွေနဲ့ ဆင်းရဲမွဲတေမှုကြောင့် ကျောင်းမတက်နိုင်တဲ့ ကိစ္စရပ်တွေကိုပါ အများကြီး ကူညီပေးသွား နိုင်တယ်။”


အလယ်တန်းပညာရေး အခမဲ့မသင်မနေရစနစ်ကို ရေရှည်လုပ်ဆောင်ဖို့ လိုအပ်ပြီး ဆင်းရဲမွဲတေ မှုကြောင့် ကျောင်းမတတ်နိုင်သူဦးရေ တိုးမြှင့်လာမှုကိုလည်း အစိုးရတာဝန်ရှိသူတွေအနေနဲ့ ဖြေရှင်းဆောင်ရွက်ဖို့ လိုတယ်လို့ လွတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း က သုံးသပ်ထား ပါတယ်။


“လူတယောက်ရဲ့ အခြေခံလူ့အခွင့်အရေးဖြစ်တဲ့ ပညာရေးကို ဖြည့်ဆည်းပေးရမှာက နိုင်ငံတော်ရဲ့ တာဝန်။ လူတယောက်ဟာ ဒီနိုင်ငံမှာ မွေးလာပြီဆိုတာနဲ့ တပြိုင်နက် သူသည် အခမဲ့ မသင်မနေရ မူလတန်းပညာရေး၊ အခု ဥပဒေအရဆိုင်ရင် မူလတန်းပညာရေး ပေါ့။ ကျမတို့ တောင်းနေတာက အလယ်တန်းပညာရေးပေါ့။ အဲဒီ အလယ်တန်းပညာရေး အဆင့်အထိကို သူရအောင် သူ့ကို နိုင်ငံတော်က လုပ်ပေးရမယ်။ ဒါနိုင်ငံတော်ရဲ့ တာဝန်ပဲ။ အဲဒါကို မလုပ်ပေးနိုင်ဘူးဆိုရင် အဲဒီအစိုးရက အစိုးရမလုပ်နဲ့။ တခြားနိုင်ငံက အစိုးရတွေ လုပ်ပေးနိုင်ရင် ဘာလို့ ဒီနိုင်ငံအစိုးရ မလုပ်နိုင်ရမှာလဲ။”


မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုကြောင့် ကလေးစစ်သားနဲ့ ကလေးအလုပ်သမားအဖြစ် ခိုင်းစေခံရမှု တိုးမြှင့်လာနေပါတယ်။ ဒီလိုအခြေအနေတွေက လွန်မြောက်ဖို့အတွက် အနာဂတ် ပညာရေးစနစ်ကို အဆင့်မြှင့်တင်ဖို့ လိုအပ်တယ်လို့လည်း ပညာရှင်တွေက ထောက်ပြကြပါ တယ်။


By ဒီဗွီဘီ

http://ift.tt/1ppNGHi






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1p3Mzh7

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...