ရန်ကုန်မြို့တွင်း၌ မြို့အင်္ဂါရပ်နှင့် ညီညွတ်ပြီး သန့်ရှင်းသပ်ရပ်မှု ရှိစေရန် လမ်းဘေးဈေးသည် များကို စက်တင်ဘာလမှ စ၍ ရောင်းချခွင့် ပြုတော့မည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ထံမှ သိရသည်။
ရန်ကုန်မြို့တွင်း ရောင်းချလျက် ရှိသော လမ်းဘေးဈေးသည် များကို ၂ဝ၁၁ ခုနှစ် ဇွန် ၁ ရက်မှ စတင်၍ ဈေးကောက် ကောက်ခံခြင်း မပြုဘဲ ညနေ ၃ နာရီမှ ည ၉ နာရီ အထိ ရောင်းချခွင့် ပေးခဲ့သော်လည်း သတ်မှတ်ချိန်ထက် ပိုမို ရောင်းချနေသောကြောင့် ဖမ်းဆီးကာ ဒဏ်ငွေ ဆောင်ခိုင်းမှုများ ပြုလုပ်နေရကြောင်း၊ ဒဏ်ငွေ ပေးဆောင်ရာတွင် ငွေကျပ် တစ်သောင်းမှ ငွေကျပ် ငါးသိန်း အထိ သတ်မှတ် ထားကြောင်း သိရသည်။
http://ift.tt/1o7BSJT
ရန်ကုန်မြို့တွင်းရှိ လမ်းဘေး ဈေးသည်များကို အခွန်လွတ် ဈေးများသို့ ပြောင်းရွှေ့ ပေးမည
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1zP81J7
Comments
Post a Comment