Skip to main content

(၄၇) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ တောင်တရုတ်ပင်လယ်အရေး အပါအ၀င် အချက်သုံးချက်ကို အဓိကထားဆွေးနွေး






သြဂုတ် ၈ ရက်က စတင်ကျင်းပခဲ့သည့် (၄၇) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ တောင်တရုတ်ပင်လယ်အရေး အပါအ၀င် အချက်သုံးချက်ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။



ထိုသို့ ဆွေးနွေးခဲ့သည့် အချက်သုံးချက်မှာ (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၏ နောက်ဆက်တွဲ လုပ်ငန်းစဉ်များ၊ တောင်တရုတ်ပင်လယ်အတွင်း နိုင်ငံများ လိုက်နာဆောင်ရွက်ရမည့် ကြေညာစာတမ်း၊ အကောင်အထည်ဖော်နေမှု လုပ်ငန်းစဉ်နှင့် အာဆီယံအသိုက်အ၀န်း အကောင်အထည်ဖော်မှု ဖြစ်ပေါ်တိုးတက်မှု စသည်တို့ ဖြစ်ကြသည်။



ထို့ပြင် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများသည် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် အာဆီယံအစိုးရချင်းဆိုင်ရာ ကော်မရှင်၏ ၂၀၁၄ ခုနှစ် အစီရင်ခံစာကို မှတ်တမ်းတင်ခဲ့ပြီး ၂၀၁၅ လုပ်ငန်းစဉ်များနှင့် ဘဏ္ဍာငွေကို အတည်ပြုခဲ့ကြောင်း သိရသည်။



အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအဖြစ် သြဂုတ် ၈ ရက်တွင် အရှေ့တောင်အာရှ အဏုမြူလက်နက် ကင်းမဲ့ဇုန်ဆိုင်ရာ ကော်မရှင်အစည်းအဝေး၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် အာဆီယံအစိုးရချင်းဆိုင်ရာ ကော်မရှင်အစည်းအဝေး အစရှိသည်တို့ကို ပြုလုပ်ခဲ့သည်။



အရှေ့တောင်အာရှ အဏုမြူလက်နက် ကင်းမဲ့ရေးဇုန်ဆိုင်ရာ ကော်မရှင်အစည်းအဝေး ကျင်းပရာတွင် စာချုပ်၏ လုပ်ငန်းစီမံချက် (၂၀၁၃-၂၀၁၇) အကောင်အထည်ဖော်နိုင်မှု အခြေအနေကို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး စာချုပ်၏လုပ်ငန်းစဉ်ကို အဏုမြူလက်နက်ပိုင်ဆိုင်သည့် နိုင်ငံများက ခြွင်းချက်မရှိ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ယင်းနိုင်ငံများနှင့် ဆက်လက်ထိတွေ့ ဆက်ဆံသွားရန် ကော်မရှင်အဖွဲ့ဝင်များက ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။








from Eleven Daily News http://ift.tt/1lIaYCV

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3