ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ ဈေးပိုင်းရပ်တွင် သြဂုတ်လ ၂၀ ရက်နေ့ ၊ နံနက် ၈ နာရီ အချိန် တွင် ခင်ပွန်းဟောင်းဖြစ်သူမှ ဓားထိုးမှု့ ဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိသည်။
ဖြစ်စဉ်မှာ တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက် ရွှေကျွန်း ဟိုတယ် ရှေ့လမ်းပေါ်တွင် ခင်ပွန်းဟောင်းဖြစ်သူ မျိုးမင်းသန့်မှ ဇနီးဟောင်းအား အသင့်ပါလာသော အရိုးအသွား ၁၅ လက်မခန့်ရှိ ဓါးဖြင့် (၄)ချက်ခန့် ထိုးသွင်းခဲ့သောကြောင့် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ ပို့ဆောင်စဉ် သေဆုံးခဲ့သည် ဟုရဲစခန်း ထုတ်ပြန်ချက်အရ သိရသည်။
သေဆုံးသူ အမျိုးသမီးအား သြဂုတ်လ ၂၁ ရက်နေ့ မနက်တွင် တိုင်းရင်းသား သုသာန်သို့ မီးသဂျိုခဲ့ကြောင်း လိုက်လံ ပို့ဆောင်ပေးခဲ့သူ မမီးမီးက ပြောဆိုသည်။
ဓားဖြင့် ထိုးသူ ခင်ပွန်းဟောင်း နှင့် သေဆုံးသူ အမျိုးသမီးတို့ တွင် ၃ နှစ်အရွယ် ကလေးတစ်ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။
ဓါးဖြင့် ထိုးသတ်ခဲ့သူ မှ ၄င်းကိုယ်တိုင် ရဲစခန်းသို့ သွားရောက် အဖမ်းခံခဲ့ပြီး တောင်ကြီးမြို့ ၊ အမှတ် ၁ မြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ (က)ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း ရဲထုတ်ပြန်ချက်အရ သိရသည် ။
တောင်ကြီးဂျာနယ်
Taunggyi Journal
http://ift.tt/1vp0VbR
| Photo online |
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1vp0XjK
Comments
Post a Comment