Skip to main content

အစိုးရနှင့် အပစ်ရပ်စဲရေး လုပ်ဆောင်ထားသည့် တိုင်းရင်းသားအဖွဲ့များအကြား နှစ်ဖက်သဘေ...



အစိုးရနှင့် အပစ်ရပ်စဲရေး လုပ်ဆောင်ထားသည့် တိုင်းရင်းသားအဖွဲ့များအကြား နှစ်ဖက်သဘောတူညီချက်များ အကောင်အထည်ဖော်ဆောင်ရာ၌ အားနည်းချက်များစွာ ရှိနေ



အစိုးရနှင့် အပစ်ရပ်စဲရေး လုပ်ဆောင်ထားသည့် တိုင်းရင်းသားအဖွဲ့များအကြား နှစ်ဖက်သဘောတူညီချက်များ အကောင်အထည်ဖော်ဆောင်ရာ၌ အားနည်းချက်များစွာ ရှိနေကြောင်း ဩဂုတ် ၁၁ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ကျင်းပခဲ့သည့် နိုင်ငံရေးပါတီများသို့ ငြိမ်းချမ်းရေးဖြစ်စဉ်များအား ရှင်းလင်းတင်ပြခြင်းနှင့် အပြန်အလှန် ဆွေးနွေးခြင်း အခမ်းအနားတွင် Myanmar Peace Center မှ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအရ သိရသည်။



အပစ်ရပ်စဲပြီး အဖွဲ့များနှင့် နှစ်ဖက်သဘောတူညီချက်များအား အကောင်အထည်ဖော်ဆောင်မှု အခြေအနေများတွင် နိုင်ငံရေးတွင် ရာခိုင်နှုန်း ၃ဝ ကျော်၊ စစ်ရေးတွင် ၁၇ ရာခိုင်နှုန်း၊ ဒေသဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာများတွင် ရာခိုင်နှုန်း ၂ဝ နီးပါးနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ အကူအညီ ထောက်ပံ့ရေးဆိုင်ရာများတွင် ၁၄ ရာခိုင်နှုန်း လုပ်ဆောင်ထားနိုင်သော်လည်း လူအခွင့်အရေးနှင့် ပညာရေး၊ ယဉ်ကျေးမှုဆိုင်ရာများတွင် ၁၄ ရာခိုင်နှုန်း၊ မူးယစ်ဆေးဝါးကဏ္ဍတွင် လေးရာခိုင်နှုန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍတွင် တစ်ရာခိုင်နှုန်းသာ လုပ်ဆောင်ထားနိုင်ကြောင်း ရှင်းလင်းချက်များအရ သိရသည်။



နှစ်ဖက်သဘောတူညီချက်များ အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသော စိန်ခေါ်မှုများမှာ သက်ဆိုင်ရာဌာနများအကြား ညှိနှိုင်းဆောင်ရွက်မှု အချိတ်အဆက် အားနည်းခြင်း၊ အချက်အလက် မျှဝေဖလှယ်ရာတွင် သတ်မှတ်ထားသော ပုံမှန်လမ်းကြောင်း မရှိခြင်း၊ ဘတ်ဂျက်အခက်အခဲနှင့် စာချုပ်များအပေါ် သဘောပေါက်နားလည်မှုတို့ဖြစ်ကြောင်း သိရသည်။



လက်ရှိအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ကို ဆွေးနွေးဖက်အဖြစ် သတ်မှတ်ကာ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ရာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့မှလွဲ၍ အဖွဲ့ ၁၄ ဖွဲ့နှင့် အပစ်ရပ်စဲရေး သဘောတူညီမှုများကို ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် လုပ်ဆောင်ထားနိုင်ခဲ့သည်။



လက်ရှိအစိုးရနှင့် KIO တို့သည် အပစ်ရပ်စဲရေး မဆောင်ရွက်နိုင်သေးသော်လည်း ပစ်ခတ်တိုက်ခိုက်မှုများ လျှော့ချနိုင်ရန်အတွက် နှစ်ဖက်လုံးမှ ကိုယ်စားလှယ်များ ပါဝင်သော ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ဖွဲ့ကာ ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိနေပြီး အစိုးရနှင့် TNLA အဖွဲ့တို့သည် ပြည်နယ်အဆင့် ဆွေးနွေးမှုတစ်ကြိမ် ပြုလုပ်ပြီးဖြစ်ကာ သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပေ။



လက်ရှိအစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆိုင်ရာများကို အလွတ်သဘောဆွေးနွေးမှု အကြိမ် ၂၅ဝ ခန့်နှင့် တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၅ဝ ကျော် ပြုလုပ်ထားပြီး ဖြစ်သည်။



ယခင် စစ်အစိုးရလက်ထက်တွင် အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့သည့် အဖွဲ့အစည်းပေါင်း ၄ဝ ရှိရာ နယ်ခြားစောင့်တပ်ဖွဲ့သို့ အသွင်ပြောင်းသွားသည့် အဖွဲ့အစည်းများ၊ ပြည်သူ့စစ်တပ်ဖွဲ့သို့ အသွင်ပြောင်းသည့် အဖွဲ့အစည်းများ ရှိခဲ့သည်။



လက်ရှိအစိုးရ၏ ဆွေးနွေးဖက်အဖြစ် သဘောတူထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ ပအိုဝ့် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားအဖွဲ့(NDAA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) တို့ ဖြစ်သည်။





အစိုးရနှင့် အပစ်ရပ်စဲရေး လုပ်ဆောင်ထားသည့် တိုင်းရင်းသားအဖွဲ့များအကြား နှစ်ဖက်သဘောတ�

news-eleven.com

အစိုးရနှင့် အပစ်ရပ်စဲရေး လုပ်ဆောင်ထားသည့် တိုင်းရင်းသားအဖွဲ့များအကြား နှစ်ဖက်သဘောတူညီချက်များ အကောင်အထည်ဖော်ဆောင်ရာ၌ အားနည်းချက်များစွာ ရှိနေကြောင်း ဩဂုတ် ၁၁ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ကျင်းပခဲ့သည့် နိုင်ငံရေးပါတီများသို့ ငြိမ်းချမ်းရေးဖြစ်စဉ်များအား ရှင်းလင်းတင်ပြခြင်းနှင့် အပြန်အ…

from Eleven Media Group's Facebook Wall http://ift.tt/1roDMUc

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...