Skip to main content

အူရီဒူး၏ ၀န်ဆောင်မှုအချို့ သုံးစွဲသူများ၏ မျှော်မှန်းချက်နှင့် မကိုက်ညီဘဲ အင်တာနက...



အူရီဒူး၏ ၀န်ဆောင်မှုအချို့ သုံးစွဲသူများ၏ မျှော်မှန်းချက်နှင့် မကိုက်ညီဘဲ အင်တာနက် အသုံးပြုခနှုန်းများပြားသည့် ဝေဖန်မှုများ ရှိနေ



အူရီဒူးမြန်မာ၏ ၀န်ဆောင်မှုအချို့မှာ သုံးစွဲသူများ၏ မျှော်မှန်းချက်နှင့် မကိုက်ညီဘဲ အင်တာနက်အသုံးပြုခ နှုန်းထားများပြားခြင်း၊ ၀န်ဆောင်မှု အရည်အသွေးပိုင်းတွင် လိုအပ်ချက်ရှိခြင်း စသည့်ဝေဖန်မှုများ ရှိလာကြောင်း စုံစမ်းသိရှိရသည်။



အူရီဒူး၏ အင်တာနက်အသုံးပြုခ သတ်မှတ်နှုန်းထားများမှာ နေ့စဉ် 30 Mb အသုံးပြုခြင်းအတွက် တစ်ရက်လျှင် ကျပ် ၅၀၀၊ တစ်ပတ်လျှင် 200 Mb အသုံးပြုခြင်းအတွက် ကျပ် ၃၀၀၀၊ တစ်လလျှင် 1 Gb အသုံးပြုခြင်းအတွက် ကျပ် ၁၂၀၀၀ ကောက်ခံမည်ဖြစ်ပြီး Facebook ကို သတ်မှတ်ပမာဏ တစ်ခုအထိ အခမဲ့သုံးစွဲနိုင်မည့် ပရိုမိုးရှင်း အစီအစဉ်များ ပါဝင်သော်လည်း ဈေးနှုန်းများပြားလွန်းကြောင်း ကျွမ်းကျင်သူများနှင့် သုံးစွဲသူများက ဝေဖန်ခဲ့ကြသည်။



တစ်ရက်လျှင် 30Mb (Facebook ကို 20 Mb အခမဲ့သုံးနိုင်) ဆိုသည်မှာ အင်တာနက်ကို ချွေတာစွာ သုံးစွဲရမည်ဖြစ်ပြီး တစ်ရက်လျှင် ကျပ် ၅၀၀ ကုန်ကျမည်ဖြစ်ရာ တစ်လလျှင် ၁၅၀၀၀ ကျပ်ခန့် ကုန်ကျမည်ဖြစ်သည်။



“ကျွန်တော့်ရဲ့ တစ်လတာ အင်တာနက်သုံးစွဲမှုက 2 Gb ကျော်ကျော်ရှိတယ်။ ဖုန်းပြောတာရော အင်တာနက်သုံးတာ အပါအ၀င် တစ်လကို ငွေဖြည့်ကတ်ဖိုးက ကျပ် ၁၀၀၀၀၊ ၁၅၀၀၀ လောက် ပုံမှန်သုံးစွဲတယ်။ အခုအူရီဒူးနှုန်းထားနဲ့ ဆိုရင်တော့ ဘယ်လိုမှ တွက်ခြေမကိုက်ဘူး” ဟု WCDMA ဖုန်းသုံးစွဲသူ ကိုထွန်းထွန်းဝင်းက ဆိုသည်။



“အူရီဒူးရဲ့ အင်တာနက်နှုန်းထားတွေက ဈေးကြီးနေတယ် ပြောရမယ်။ ADSL ကတောင် ပိုတန်နေသေးတယ်။ အူရီဒူးရဲ့ အခုနှုန်းထားတွေက နိုင်ငံတကာပုံစံကိုယူပြီး သတ်မှတ်တယ်ဆိုပေမယ့် နိုင်ငံတကာက သူတို့ရဲ့ ၀င်ငွေအဆင့်အတန်းနဲ့ မျှတမှုရှိတယ်။ ဒီမှာဆိုရင်တော့ ၀င်ငွေအခြေအနေနဲ့က ကိုက်ညီမှုမရှိပါဘူး။ အဲဒီတော့ တယ်လီနော ထွက်လာချိန်ကိုပဲ ကြည့်ရတော့မယ်။ ဒီနှုန်းထားနဲ့က ကျွန်တော်ဆိုလည်း သုံးမှာမဟုတ်ဘဲ MPT နဲ့ပဲ ဆက်သုံးရဦးမှာပါ။ နေ့စဉ် Plan မှာ ၂၀၀ ကျပ်လောက်ဆိုရင် စဉ်းစားဦးမယ်။ ၅၀၀ ကျပ်က များလွန်းတယ်။ တစ်လကို 1Gb-၁၂၀၀၀ ကျပ်ဆိုတာကလည်း ပုံမှန်အသုံးပြုသူတွေအတွက် အဆင်မပြေဘူး။ လုပ်ငန်းအတွက် အီးမေးလ်ပေးပို့မှုတွေ သုံးရတဲ့ သူတွေအတွက်တော့ အဆင်ပြေနိုင်တယ်။ အင်တာနက် မြန်မယ်ဆိုရင်ပေါ့လေ။ ဒါပေမဲ့ Developer တွေအတွက်ဆိုရင် အဆင်မပြေဘူး။ သူတို့အတွက် 1 Gb ဆိုတာ ၄၊ ၅ ရက်နဲ့လည်း ကုန်သွားနိုင်တယ်။ တစ်လကို ကျပ်သိန်းချီလောက် ကုန်ကျမယ့် အနေအထား ဖြစ်နေတယ်။ အဲဒါကြောင့် အဲဒီ Package ကို ရွေးမှာမဟုတ်ဘူး” ဟု Myanmar's NET မှ ကိုမျိုးဇာနည်အောင်က ပြောကြားသည်။



“အခုနှုန်းထားက များနေပါတယ်။ ဒီပုံစံနဲ့ဆိုရင် ဖုန်းအင်တာနက်မှာ MPT ကိုပဲသုံးတဲ့သူ ပိုများနေဦးမယ် ထင်တယ်။ အူရီဒူးကိုတော့ ဖုန်းပြောရုံလောက် အသုံးပြုကြဖို့ ရှိတယ်။ ဖုန်းပြောခမှာတော့ သူကပိုသက်သာနေတယ်။ တယ်လီနောကိုပဲ တစ်ချက်စောင့်ကြည့်ရမယ်။ အူရီဒူးက ခုလိုမျိုး ဘာကြောင့်သတ်မှတ်ရလဲဆိုတာ မသိဘူး။ ဒီနိုင်ငံက သုံးစွဲသူ အများစုက Time Based Charging စနစ်ကိုပဲ ပိုကြိုက်ကြတယ်။ ဖြစ်နိုင်ရင် နှစ်မျိုးစလုံးကို မိတ်ဆက်ပေးပြီး ကြိုက်ရာရွေးခိုင်းရင် ပိုကောင်းမယ်ထင်တယ်။ အူရီဒူးက ဖုန်းပြောတဲ့အပိုင်းမှာလည်း သိပ်မကောင်းသေးဘူး။ ပြောနေရင်း ပြတ်ကျသွားတာတွေ ရှိတယ်။ အခုတော့ သူတို့ပြောတာက အခြေခံအဆောက်အအုံ မပြည့်စုံသေးဘူးဆိုတယ်။ အင်တာနက်ဆိုလည်း စစချင်းတစ်ချက်ပဲ ကောင်းလိုက်တယ်။ နောက်ပိုင်းမှာ တော်တော်ညံ့သွားတယ်” ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ ဦးမင်းဦးက သုံးသပ်သည်။



အူရီဒူးမြန်မာ၏ အရောင်းဌာနဆိုင်ရာ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ကမူ “Volume နဲ့ ကောက်ခံတဲ့စနစ်က ပိုကောင်းပြီး ပိုဣနြေ္ဒရမယ်ထင်လို့၊ နိုင်ငံတကာကပုံစံနဲ့လည်း ကိုက်ညီလို့ ဒီပုံစံနဲ့ ကောက်ခံဖြစ်တာပါ။ ဟိုတစ်နေ့ကပဲ အင်တာနက် မပိတ်မိဘဲထားခဲ့တာ အရာမထင်ဘဲ သုံးစွဲခ ဖြတ်တောက်ခံရတာနဲ့ ကြုံခဲ့ရတယ်။ Volume စနစ်မှာတော့ အင်တာနက်ကို အမြဲတမ်းဖွင့်ထားလို့ ရမယ်” ဟု ပြောကြားသည်။



ထို့ပြင် ဆင်းမ်ကတ်မှာ ဟန်းဆက်ရွေးခြင်း၊ လိုင်းမမိသည့် နေရာများစွာ ရှိနေခြင်း စသည်တို့မှာလည်း အခက်ကြုံရကြောင်း သုံးစွဲသူများက ဝေဖန်ခဲ့ကြသည်။



အူရီဒူးမြန်မာအနေဖြင့် လက်ရှိတွင် မြို့နယ်နှင့် မြို့ ၆၈ ခုရှိ လူဦးရေ ၇ ဒသမ ၈ သန်းကိုလည်းကောင်း၊ နှစ်ကုန်ပိုင်းတွင် လူဦးရေ ၂၅ သန်းအထိလည်းကောင်း ကွန်ရက်လွှမ်းခြုံနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

from Eleven Media Group's Facebook Wall http://ift.tt/1oCc7Sc

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...