Skip to main content

မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င်လမ်းကြောင်းမှ ၀င်ရောက်ပြီး မြန်မာမိန်းမ၀ယ်ယူရန်လ...



မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င်လမ်းကြောင်းမှ ၀င်ရောက်ပြီး မြန်မာမိန်းမ၀ယ်ယူရန်လာရောက်သူ တရုတ်နိုင်ငံသားသုံးဦးကို လောက်ကိုင်မြို့၌ ဖမ်းဆီးရမိ



မြန်မာနိုင်ငံအတွင်းသို့ မြန်မာမိန်းမဝယ်ယူရန် ဝင်ရောက်လာသူ တရုတ်နိုင်ငံသားသုံးဦးကို လောက်ကိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။



ဩဂုတ် ၈ ရက်က လောက်ကိုင်မြို့နေ အသက် ၁၉ နှစ်အရွယ်ရှိ မ-----အား တရုတ်အမျိုးသားနှင့် လက်ထပ်ပေးရန် တရုတ်အမျိုးသားသုံးဦးနှင့် မြန်မာအမျိုးသမီးတစ်ဦးတို့က သွေးဆောင်စည်းရုံးနေကြောင်း သတင်းပေးချက်အရ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ် (လောက်ကိုင်) မှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။



ထိုသို့စစ်ဆေးခဲ့ရာ လောက်ကိုင်မြို့ အမှတ် ၁ ရပ်ကွက်တွင် တရုတ်နိုင်ငံသားသုံးဦးနှင့် မြန်မာနိုင်ငံသူတစ်ဦးတို့က မ---- အား ခေါ်ဆောင်လာသည်ကို တွေ့ရှိသဖြင့်မေး မြန်းရာ မ-----အား ယခင်တစ်ရပ်ကွက်တည်းနေ တရုတ်အမျိုးသားနှင့် အိမ်ထောင်ကျနေသူက တရုတ်ယောက်ျားနှင့်ယူပါက ကောင်းမွန်စွာနေထိုင်ရမည်ဖြစ်ပြီး မိဘများကိုလည်း တစ်လလျှင်ယွမ် ၂ဝဝဝဝ ထောက်ပံ့နိုင်မည်ဖြစ်ကြောင်း စည်းရုံးသဖြင့် သဘောတူလက်ခံကာ ယခုကဲ့သို့ လာရောက်ခေါ်ဆောင်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။



ယင်းသို့ လာရောက်ခေါ်ဆောင်သူ တရုတ်အမျိုးသားသုံးဦးနှင့် မြန်မာအမျိုးသမီးတစ်ဦးတို့ကို လောက်ကိုင်မြို့နယ် တုံချိန်နယ်မြေရဲစခန်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေဖြင့် ဩဂုတ် ၉ ရက်တွင် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။



အဆိုပါအမှုမှ တရုတ်နိုင်ငံသားသုံးဦးမှာ မြန်မာနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ ခိုးဝင်လာသူများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိသဖြင့် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့် ထပ်မံအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာ-တရုတ် နှစ်နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး နားလည်မှုစာချွန်လွှာကို ၂ဝဝ၉ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ထို့ပြင် မြန်မာ-တရုတ် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ နယ်စပ်ဆက်ဆံရေးရုံးများကိုလည်း မူဆယ်-ရွှေလီ ၌ ၂ဝဝ၇ ခုနှစ်တွင်လည်းကောင်း၊ လွယ်ဂျယ်-ကျန်းဖုန်း နယ်စပ်ဆက်ဆံရေးရုံးကို ၂ဝဝ၈ ခုနှစ်တွင်လည်းကောင်း၊ လောက်ကိုင်-နမ့်ဆန်နယ်စပ် ဆက်ဆံရေးရုံးကို ၂ဝ၁၃ ခုနှစ်တွင်လည်းကောင်း အသီးသီးဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။



နယ်စပ်ဆက်ဆံရေးရုံးများ၏ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကြောင့် ၂ဝဝ၇ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အထိ လူကုန်ကူးအမှုပေါင်း ၁၁၃ မှု ဖော်ထုတ်နိုင်ခဲ့ပြီး လူပွဲစား ကျား ၁၃၆ ဦး၊ မ ၂၂၃ ဦးကို ဖမ်းဆီးနိုင်ကာ လူကုန်ကူးခံရသူ ၂ဝ၃ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။



၂ဝ၁၃ ခုနှစ်တွင် လူကုန်ကူးမှု ၁ဝ၂ မှု ဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံသို့ ဦးတည်လူကုန်ကူးမှု ၅၉ မှု ဖြစ်ပွားပြီး အဆိုပါ ၅၉ မှုတွင် အဓမ္မမွေးစားမှု နှစ်မှု၊ အဓမ္မ အလုပ်စေခိုင်းမှုနှစ်မှုဖြစ်ကာ ကျန် ၅၅ မှုမှာ တရုတ်ဇနီးမယားအဖြစ် ရောင်းစားသည့်အမှုများဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံတွင် ဖြစ်ပွားသည့် လူကုန်ကူးမှုများအနက် တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရမှုမှာ ၉၃ ဒသမ ၂၂ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရသဖြင့် မြန်မာအမျိုးသမီးများအနေဖြင့် တရုတ်နိုင်ငံသို့ သွားရောက် အလုပ်လုပ်မည်ဆိုပါက စဉ်းစားဆင်ခြင်သင့်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတိပေးသုံးသပ်ထားကြောင်း သိရသည်။





မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င်လမ်းကြောင်းမှ ၀င်ရောက်ပြီး မြန်မာမိန်းမ၀ယ်ယူရန်လာေ

news-eleven.com

မြန်မာနိုင်ငံအတွင်းသို့ မြန်မာမိန်းမဝယ်ယူရန် ဝင်ရောက်လာသူ တရုတ်နိုင်ငံသားသုံးဦးကို လောက်ကိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ဩဂုတ် ၈ ရက်က လောက်ကိုင်မြို့နေ အသက် ၁၉ နှစ်အရွယ်ရှိ မ-----အား တရုတ်အမျိုးသားနှင့် လက်ထပ်ပေးရန် တရုတ်အမျိုးသားသုံးဦးနှင့် မြန်မ…

from Eleven Media Group's Facebook Wall http://ift.tt/1roDNHF

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...