ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၂၂၁/ ၁) နှင့် (၂၂၁/၂) အကြားတွင် ယနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က နေပြည်တော်မှ မန္တလေးသို့ ယာဉ်မောင်း တင်လင်းအောင် (၃၅ နှစ်) မောင်းနှင်လာသည့် ဂျေဂျေ ခရီးသည်တင် မှန်လုံယာဉ်သည် မိုးရွာသွန်းမှုကြောင့် လမ်းချော်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ဘာရီယာတုံးများကို တိုက်ကာ တစ်ဖက် ယာဉ်ကြောသို့ ရောက်ရှိ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါရှိသူ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၂၉ ဦးအနက် အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း၁၇ ဦး ဒဏ်ရာရရှိ (အားလုံး မစိုးရိမ်ရ) ခဲ့သည်။ ဒဏ်ရာ ရရှိသူများထဲတွင် တရုတ်နိုင်ငံသား နှစ်ဦး၊ ဩစတြေးလျ နိုင်ငံသား တစ်ဦး ပါဝင်သည်။
http://ift.tt/1vjCOuW
ဂျေဂျေ ခရီးသည်တင်ယာဉ် လမ်းချော် တိမ်းမှောက်၍ ခရီးသည်အချို့ ဒဏ်ရာရ - သစ်ထူးလွင် (နေ့စဉ်�
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/YBDTDL
Comments
Post a Comment