Skip to main content

စစ်တွေ ဘင်္ဂါလီဒုက္ခသည်စခန်းတွင် လူအုပ်ဖြင့်ရန်ပြု၍ ရဲကပစ်ခတ်၊ တစ်ဦးသေ ရန်ကုန်၊ြ...



စစ်တွေ ဘင်္ဂါလီဒုက္ခသည်စခန်းတွင် လူအုပ်ဖြင့်ရန်ပြု၍ ရဲကပစ်ခတ်၊ တစ်ဦးသေ



ရန်ကုန်၊ သြဂုတ် ၈



ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘင်္ဂါလီ များနေထိုင်သည့် မှန်စီ ဒုက္ခသည်စခန်းတွင် ဖြစ်ပွားသည့် ရုန်းရင်းဆန်ခတ်မှုကို ထိန်းသိမ်းရာတွင် ရဲတပ်ဖွဲ့ဝင်များကို လူအုပ်စုလိုက် ရန်ပြုသဖြင့် ပစ်ခတ် ဟန့်တားခဲ့ရာ တစ်ဦးသေဆုံးကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။



အသက် ၂၁ နှစ်အရွယ် အလူလာလုံ နှင့် အသက် ၁၃ နှစ်အရွယ် လာဘာဟူစွန်း ဆိုသူနှစ်ဦးသည် သြဂုတ်လ ၆ ရက်နေ့က အဆိုပါ ဒုက္ခသည်ကယ်ဆယ်ရေး စခန်းရှိ ကွမ်းယာဆိုင်တွင် ဈေးလာဝယ်စဉ် ၄င်းတို့ နှစ်ဦးသည် ပစ္စည်းခိုးဝှက်တတ်သူများဟု ဆိုကာ လူအုပ်စုတစ်ခုက ဖမ်းဆီး ခေါ်ဆောင်ရာမှ ရုန်းရင်းဆန်ခတ်မှု စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

"ကောင်လေးနှစ်ယောက်ကို သူခိုးဆိုပြီး ကြိုးတုပ် ခေါ်သွားတယ်။ လိုက်သွားတဲ့ ရဲတွေကိုလည်း ခဲတွေနဲ့ ပစ်တယ်။ လေးဂွတွေနဲ့ ပစ်တယ်။ ဓားတွေနဲ့ ပြန်ပြီး ခုခံတယ်" ဟု ၄င်းက ဆိုသည်။



အဆိုပါ ပြဿနာကို ရဲတပ်ဖွဲ့က သွားရောက် ဖြေရှင်းရာတွင် လူ ၇၀ ရှိသည့် လူအုပ်က တုတ်၊ ဓား၊ လေးခွများ ကိုင်ဆောင်၍ ဆူပူအော်ဟစ်နေသဖြင့် လူစုခွဲရန် သတိပေးခဲ့ကြောင်း၊ လူအုပ်စုက ယင်းအမိန့်ကို မလိုက်နာသည့်အပြင် ဖမ်းထားသည့် လူနှစ်ဦးကို လယ်ကွင်းသို့ ဆွဲခေါ်ပြီး သတ်ဖြတ်ရန် လုပ်ဆောင်၍ သေနတ် ငါးချက်ပစ်ခတ် ဟန့်တားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။



သို့သော်လည်း ရပ်တန့်ခြင်းမရှိဘဲ လူနှစ်ဦးကို ဆက်လက်ဆွဲခေါ်သွားသဖြင့် အဓိကရုဏ်းနှိမ်နင်းရေး ၁၂ ဗို့ သေနတ်ဖြင့် တစ်ချက် ထပ်မံပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်သော်လည်း နောက်မဆုတ်ဘဲ အော်ဟစ်ဆဲဆိုပြီး ခဲဖြင့် ပစ်ပေါက်သဖြင့် သေနတ်လေးချက် ထပ်မံပစ်ခတ်ခဲ့ရာ လူအုပ်အနည်းငယ် ရှင်းလင်းသဖြင့် ဖမ်းဆီးခံထားရသူ နှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ယင်းထုတ် ပြန်ချက်တွင် ပါရှိသည်။



ယင်းနောက် အသက် ၃၀ အရွယ် ရှောင်ရှအာလောင်ဆိုသူက ရဲတပ်ဖွဲ့ဝင် များကို ဓားဖြင့် ဝင်ခုတ်သဖြင့် ရဲက ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ပြီး ဓားကိုင်ထား သူနှစ်ဦးဖြစ်သည့် အဒူကဖူ၊ အဇူမာလစ် တို့ကို ဖမ်းဆီး အရေးယူထားကြောင်း စစ်တွေမြို့ မြို့မ ရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။



ခဲများဖြင့် ပစ်ခတ်ခံရသဖြင့် ရဲတပ်ဖွဲ့ဝင် အချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။



ဖမ်းဆီးထားသူနှစ်ဦးကို ၃၄၂ (မတရားချုပ်နှောင်မှု)၊ ၃၃၃ (တာဝန် ထမ်းဆောင်နေသည့် ပြည်သူ့ဝန်ထမ်း အပြင်းအထန် နာကျင်စေမှု)၊ ၁၄၈ (သေစေသည့် လက်နက်ဖြင့် ရုန်းရင်းဆန်ခတ်မှု)၊ ၃၅၃ (ပြည်သူ့ဝန်ထမ်းကို ဟန့်တားနှောင့်ယှက်မှု)၊ ၁၁၄ (အားပေးကူညီမှု)၊ ၃၂၅ (အပြင်းအထန် နာကျင်စေမှု) တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ၄င်းကဆိုသည်။

from The Voice Weekly's Facebook Wall http://ift.tt/1kOx9MQ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...