Skip to main content

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မြန်မာအစိုးရအား ပြင်းထန်သော အသိပေးပြောဆိုမှုများ ပြုလုပ်လိမ့်မည်ဖြစ်ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ ဂျာနယ်လစ်များဖြစ်သည့် ဘာတေးလစ်တနာနှင့် လယ်ရီဂျာဂင်တို့ ပြောကြား






အာဆီယံဒေသတွင်း ဖိုရမ်သို့ တက်ရောက်ရန်အတွက် နေပြည်တော်သို့ လာရောက်မည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအနေဖြင့် မြန်မာအစိုးရအား ပြင်းထန်သော အသိပေးပြောကြားမှုများ ပြုလုပ်လိမ့်မည်ဖြစ်ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ ဂျာနယ်လစ်များဖြစ်သည့် ဘာတေးလစ်တနာနှင့် လယ်ရီဂျာဂင်တို့က သြဂုတ် ၈ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။


“ဂျွန်ကယ်ရီနဲ့ အမေရိကန်အစိုးရအနေနဲ့က မြန်မာကို တရုတ်ရင်ခွင်ထဲကနေ ဆွဲထုတ်ဖို့ဆိုတဲ့ စိတ်ကူးယဉ်မှုအစား ဒီနိုင်ငံအတွင်းမှာ ဘာတွေဖြစ်နေလဲဆိုတာကို သေချာဆန်းစစ်ခြင်းအားဖြင့် လက်တွေ့ပိုကျတဲ့ အမြင်ကို ရှာဖွေသင့်တယ်။ ကယ်ရီက မွတ်စလင်ခံစားနေရတာ၊ ကချင်ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆူဆူညံညံ ပြောဆိုနိုင်ပါတယ်” ဟု ဆွီဒင်ဂျာနယ်လစ် ဘာတေးလစ်တနာက ပြောကြားသည်။


“လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ အရှိန်မြင့်တက်လာခြင်း၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု ရပ်တန့်နေမှု၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ နောက်ကျနေတာနဲ့ နိုင်ငံထဲမှာ လူ့အခွင့်ရေး အခြေအနေတွေ ဆုတ်ယုတ်လာတာတွေနဲ့ ပတ်သက်ပြီး အမေရိကန်က သူတို့ရဲ့ အဓိကစိုးရိမ်ပူပန်မှုတွေကို တွန်းအားပေးဖို့ အခွင့်အရေးကို အသေအချာပဲ ရယူပါလိမ့်မယ်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဂျွန်ကယ်ရီဟာပြင်းထန်တဲ့ အသိပေးပြောဆိုမှုတွေ လုပ်ပါလိမ့်မယ်” ဟု လယ်ရီဂျာဂင်က ဆိုသည်။


ထို့အပြင် သမ္မတ ဦးသိန်းစိန် အစိုးရအပေါ် အမေရိကန်၏ ဖိအားမှာ အစောပိုင်းအချိန်ကတည်းက ရှိနေပြီဖြစ်ကြောင်း လယ်ရီဂျာဂင်က ဆိုသည်။


“ဦးသိန်းစိန်အစိုးရအပေါ်မှာ အမေရိကန်ရဲ့ ဖိအားဟာအစောကတည်းက ရှိနေပါပြီ။ အထူးသဖြင့် စာနယ်ဇင်းလွတ်လပ်ခွင့်ကို နောက်ပြန်လှည့်တဲ့ ကိစ္စမှာပါ” ဟု လယ်ရီက ပြောကြားသည်။


“ကျွန်တော်ယုံကြည်တာတော့ ဦးအောင်ကြည်ကို ထုတ်ပစ်လိုက်ခြင်းက မီဒီယာတွေအပေါ် ဆက်ဆံနေတဲ့ပုံစံနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ပြေရာပြေကြောင်း နှစ်သိမ့်လိုက်တဲ့ သဘောပဲ။ အမေရိကန်ဟာ အခုဆိုရင် မြန်မာနိုင်ငံနဲ့ သံခင်တမန်ခင်းမှာပိုပြီး ဝေေ၀၀ါးဝါးဖြစ်လာနေပြီ။ အဲဒါရဲ့ သက်သေကတော့ အဲဒီတုန်းက ပြန်ကြားရေးဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို အမေရိကန်မှာတစ်လကြာ သင်တန်းတက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့တာပါပဲ။ ဦးရဲထွဋ်အဲဒီမှာရှိနေတုန်းမှာ သူတို့က သူ့ကိုလွှမ်းမိုးနိုင်အောင် လုပ်နိုင်မယ်လို့ ထင်ခဲ့ကြတယ်။ ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ပြန်ကြားရေးဝန်ကြီး နုတ်ထွက်ရပြီး ရာထူးမတိုးခင် တစ်ရက်မှာပဲ ဦးရဲထွဋ်ဟာ နေပြည်တော်ကို ပြန်သွားခဲ့တယ်” ဟု လယ်ရီက ပြောကြားသည်။


သြဂုတ် ၁၀ ရက်တွင် ပြုလုပ်မည့် အာဆီယံဒေသတွင်း ဖိုရမ်သို့ အမေရိကန် လာရောက်ခြင်းနှင့် ဂျွန်ကယ်ရီ၏ မြန်မာခရီးစဉ်သည် အာရှဒေသအပေါ် ၀ါရှင်တန်၏ စိတ်ဝင်စားမှုကို ပြသခြင်းဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။


“ဒီခရီးစဉ်ဟာ ၀ါရှင်တန်အနေနဲ့ အာရှအပေါ် ယေဘုယျ စိတ်ဝင်စားမှုရှိကြောင်း ပြတဲ့ပွဲဖြစ်ပြီး အစိုးရအဖွဲ့အနေနဲ့ အာရှဟာအရေးကြီးကြောင်း ပြဖို့အတွက်အခွင့်ကောင်းလည်း ဖြစ်ပါတယ်။ တောင်တရုတ် ပင်လယ်အရေးကိစ္စဟာ ဂျွန်ကယ်ရီအနေနဲ့ ဒီခရီးစဉ်လာရောက်ရတဲ့ အရေးကြီးဆုံးအချက်ပါပဲ။ အဲဒါကလည်း ပေကျင်းထောက်ခံတဲ့ နိုင်ငံတွေနဲ့ သိမ်းငှက်လိုစောင့်ကြည့်နေတဲ့ အမေရိကန်၊ တခြားအာဆီယံ နိုင်ငံတွေအကြား ကျဉ်းမြောင်းတဲ့လမ်းကျဉ်းကို လျှောက်ရမယ့် မြန်မာအတွက် ဖိအားတွေဖြစ်ပေါ် စေမှာပါပဲဟု လယ်ရီက ဆိုသည်။


သို့သော် အမေရိကန်အနေဖြင့် မြန်မာနိုင်ငံအား တရုတ်လွှမ်းမိုးမှု လက်အောက်ခံ ဘ၀သို့ ပြန်တွန်းပို့မည့် ကိစ္စများကိုလုပ်ဆောင်လိမ့်မည် မဟုတ်ကြောင်း ဘာတေးလစ်တနာက ပြောကြားခဲ့သည်။


“၀ါရှင်တန်အတွက် မြန်မာနိုင်ငံအတွင်း အဓိက အကျိုးစီးပွားဟာ အာရှမှာ တရုတ်ကို ပထ၀ီနိုင်ငံရေးအရ တန်ပြန်နိုင်ဖို့ အတွက်သာဖြစ်တယ်လို့ ကျွန်တော် ယုံကြည်တယ်။ အခုဖြစ်နေတဲ့အရာတွေဟာ အမေရိကန်အစိုးရကို စိတ်အနှောင့်အယှက် ဖြစ်နေစေပေမယ့်လည်း သူတို့အနေနဲ့ မြန်မာနိုင်ငံကို တရုတ်ရဲ့ သြဇာအောက်ကို ပြန်တွန်းပို့သလိုဖြစ်သွားမယ့် ဘယ်လိုကိစ္စရပ်မျိုးကိုမှ လုပ်မှာမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်” ဟု ဘာတေးလစ်တနာက ပြောကြားသည်။








from Eleven Daily News http://ift.tt/1lIb0L6

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...