ယိုအန်ဂမ်ပါဖလားတွင် တိုက်စစ်မှူးသစ် လူးဝစ်ဆွာရက်ဇ် ဘာစီလိုနာအသင်းအတွက် ပထမဆုံးပွဲဦးထွက်အဖြစ် ပါဝင်ကစားခဲ့
ဘာစီလိုနာအသင်း၏ တိုက်စစ်မှူးသစ် လူးဝစ်ဆွာရက်ဇ်သည် ပြီးခဲ့သည့် တနင်္လာနေ့က ယှဉ်ပြိုင်ခဲ့သော ရာသီကြို ယိုအန်ဂမ်ပါဖလားပွဲတွင် ဘာစီလိုနာအသင်းအတွက် ပထမဆုံးပွဲဦးထွက်အဖြစ် ပါဝင်ကစားခဲ့ကြောင်း သိရှိရသည်။
ယိုအန်ဂမ်ပါဖလားသည် ဘာစီလိုနာအသင်းက ၎င်းတို့၏ ကစားသမားဟောင်းနှင့် ဥက္ကဋ္ဌဟောင်းဖြစ်သည့် အသင်းအား တည်ထောင်ခဲ့သူ ဆွစ်ဇာလန်လူမျိုး ယိုအန်ဂမ်ပါကို ဂုဏ်ပြု သည့်အနေဖြင့် ၁၉၆၆ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် ရာသီကြိုဖိတ်ခေါ်ပြိုင်ပွဲတစ်ခုဖြစ်သည်။ ယင်းပြိုင်ပွဲကို မူလကအသင်း(၄)သင်းယှဉ်ပြိုင်မှုဖြင့် အစပြုခဲ့ပြီး ၁၉၉၇ ခုနှစ်မှစတင်၍ လက်ရှိအချိန်အထိ နှစ်သင်းတည်းသာ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ (၄၉)ကြိမ်မြောက်ဖြစ်သည့် ယခုနှစ်ပြိုင်ပွဲတွင် ဘာစီလိုနာအသင်းနှင့် မက္ကဆီကိုကလပ် လီယွန်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး ဘာစီလိုနာအသင်းက (၆-၀)ဂိုးဖြင့် အနိုင်ရရှိကာ ဆုဖလားကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့သည်။ ဘာစီလိုနာအသင်း၏ တိုက်စစ်မှူးသစ် လူးဝစ်ဆွာရက်ဇ်သည် ခြေစမ်းပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည့်အတွက် ယခုပွဲတွင် ပါဝင်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ဆွာရက်ဇ်သည် ပွဲချိန်(၇၇)မိနစ်ရောက်မှ ရာဖင်ဟာ၏နေရာတွင် ၀င်ရောက်ကစားခဲ့ခြင်းဖြစ်ပြီး ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ကြာင်း သိရှိရသည်။
(Photo: AFP)
from Eleven Media Group's Facebook Wall http://ift.tt/1sQe5jY
Comments
Post a Comment