အသက် ၂၄ နှစ်အရွယ် ဂျပန် လူရွယ်ရဲ့ သန္ဓေသားလောင်းကို ကိုယ်ဝန်ဆောင်ခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် အာနန်ယာ ချမ်းပါနဲ့ ပန်ချာ ခွန်ချွန်းတို့ကို ရဲက မေးမြန်းနေပါတယ်။ အခုတော့ ဂျပန် လူရွယ်ဟာ ထိုင်းနိုင်ငံပြင်ပကို ရောက်နေတယ်လို့ ယုံကြည်ရပါတယ်။
ထိုင်းနိုင်ငံမှာ သြစတြေလျ မိဘနှစ်ပါးက အမွှာမောင်နှမနှစ်ယောက်ထဲက ဥာဏ်ရည်ဖွံ့ဖြိုးမှု အားနည်းတဲ့ သားယောင်္ကျားလေးကို အငှားကိုယ်ဝန်ဆောင်တဲ့ ထိုင်းမိခင်လက်ထဲမှာ ပစ်ထားခဲ့တယ်ဆိုတဲ့အမှု ပေါ်ပေါက်ခဲ့ပြီးနောက် အငှားကိုယ်ဝန်ဆောင်တဲ့လုပ်ငန်းမှာ စိစစ်မှုတွေ လုပ်နေတာဖြစ်ပါတယ်။
ကလေးထုတ်လုပ်တဲ့စက်ရုံလို့ ပြောစမတ်တွင်တဲ့အထိ ဖြစ်ပြီးနောက် မျိုးစပ်ပေးတဲ့ IVF သားဖွားဆေးခန်း ၅ ခုကိုလည်း ရဲက ၀င်စီးခဲ့ပြီး ပိတ်ပစ်ခဲ့ပါတယ်။
အခု ပြဿ နာ ပေါ်ပေါက်ပြီးနောက် စီးပွားဖြစ် အငှားကိုယ်ဝန်ဆောင်တဲ့ လုပ်ငန်းကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်နိုင်တဲ့ ဥပဒေကြမ်းကို စစ်အစိုးရက ကနဦး အတည်ပြုထားပြီး ဖြစ်ပါတယ်။
By ဒီဗွီဘီ
http://ift.tt/XIAuD4
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1si6A0W
Comments
Post a Comment