Skip to main content

(သြဂုတ်လ ၁၃ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်) လူမှုအသိုက်အ၀န်းများအ...



(သြဂုတ်လ ၁၃ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်)



လူမှုအသိုက်အ၀န်းများအကြားက တာဝန်ခံမှု



အစိုးရအုပ်ချုပ်သူများ တာဝန်ခံမှုရှိရန် ကျွန်တော်တို့ အစဉ်အမြဲ တိုက်တွန်းပြောဆိုနေခဲ့သည်။ အများပြည်သူ အကျိုးစီးပွားအတွက် အုပ်ချုပ်သူများ အာဏာပိုင်များသည် ပြည်သူများအပေါ် တာဝန်ခံမှုရှိရန် လိုအပ်ကြောင်း သတင်းမီဒီယာက အစဉ်ထောက်ပြ ဝေဖန်လျက်ရှိပေသည်။



အလားတူပင် ကျွန်တော်တို့ လူမှုအသိုက်အ၀န်းအကြားတွင်လည်း တာဝန်ခံမှုသည် အလွန်အရေးကြီးသည့် အရာတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ လူမှုအသိုင်းအ၀ိုင်းအကြားတွင်လည်း တာဝန်ခံမှုကင်းမဲ့သော လုပ်ဆောင်မှုများ မကြာခဏ ကြုံတွေ့နေကြရ၍ဖြစ်သည်။



ဝေးဝေးသွားမကြည့်ဘဲ သတင်းမီဒီယာနယ်ပယ်ထဲတွင်ပင် အလုပ်ကိစ္စများ လုပ်ကိုင်ကြရာတွင် နှုတ်ကတိ နားလည်မှု၊ သို့တည်းမဟုတ် စာရွက်စာတမ်းတို့ဖြင့် လုပ်ဆောင်ပင် လုပ်ဆောင်ငြားသော်လည်း တစ်ဖက်က ယင်းတို့ကို စောင့်စည်းလိုက်နာခြင်း မပြုဘဲ ချိုးဖောက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်ကို တွေ့ကြရသည်။



ယခုလောလောဆယ်တွင် သတင်းသမားများ၊ အယ်ဒီတာများနှင့် ပိုင်ရှင်အကြား အလုပ်နှင့်ပတ်သက်သည့် သဘောတူစာချုပ် ချုပ်ဆိုခြင်းမရှိဘဲ လုပ်ကိုင်နေကြသည့် သတင်းစာ၊ ဂျာနယ်တိုက်လည်း အများအပြားရှိနေကာ အချို့ကိစ္စများတွင် အလုပ်ရှင်ဘက်က ပေးသင့်ပေးထိုက်သည့် အခွင့်အရေးကို စာချုပ်သဘောတူညီချက်ဖြင့် ရေးထိုးခြင်းမရှိသဖြင့် မပေးကြသည့်ကိစ္စများလည်း မကြာခဏ တွေ့နေရသလို ၀န်ထမ်းများဖြစ်သည့် သတင်းထောက်၊ အယ်ဒီတာများဘက်ကလည်း အခြားသော အလုပ်အကိုင်အခွင့်အလမ်း ပေါ်လာသည့်အခါမျိုး၊ စိတ်အခန့်မသင့်သည့်အခါမျိုးတွင် ကောက်ကာငင်ကာ အလုပ်မှ ထွက်သွားကြသည့်အဖြစ်မျိုးလည်း မရှားသည်ကို တွေ့ကြရသည်။



ယင်းသို့ ရုတ်တရက်ထွက်သွားသည့် လုပ်ဆောင်ချက်က လည်ပတ်နေသည့် သတင်းစာစောင်ကို ထိခိုက်စေနိုင်သည့် အကြောင်းအချက်များကို ထည့်မစဉ်းစားသည့် သဘောလည်း ဖြစ်ပေသည်။



မိမိလုပ်ကိုင်နေသည့် အလုပ်၏ အကျိုးခံစားသူများထဲတွင် လုပ်ငန်းပိုင်ရှင်၊ ဆက်လက် လုပ်ကိုင်နေသည့် လုပ်ဖော်ကိုင်ဖက်၊ ယင်းသတင်းစာစောင်ကို ဖတ်ရှုနေသည့် စာဖတ်သူများအထိ ပါဝင်နေသည်ဆိုသည်အထိ ထည့်သွင်းမစဉ်းစားကြသည့် သဘောမျိုးပင်ဖြစ်သည်။



အလုပ်ရှင် သို့မဟုတ် လုပ်ငန်းစီမံခန့်ခွဲသူ မန်နေဂျာများဘက်ကလည်း မိမိ၏ ၀န်ထမ်းများအပေါ် နှုတ်ကတိ၊ နားလည်မှုကတိ၊ စာရွက်စာတမ်းပေါ်မှ ကတိများကို ဖောက်ဖျက်မည် စိတ်ကူးလျှင် လုပ်ငန်းခွင်၏ တည်ငြိမ်နေသည့် လုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်ပြီး အကျိုးထိခိုက်နိုင်သူ အများအပြားရှိသည်ကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်မှာ အမှန်ပင်ဖြစ်သည်။



မိမိတစ်ဦးချင်း၏ စိတ်ခံစားမှု၊ အကျိုးစီးပွားတို့ကိုသာ ရှေ့တန်းမတင်သင့်ဘဲ မိမိဆုံးဖြတ်ချက်ကြောင့် အကျိုးသက်ရောက်နိုင်သည်တို့ကိုပါ ထည့်သွင်းစဉ်းစားသည့် အလေ့အထ၊ မိမိသဘောတူညီထားချက်များ၊ ကတိစကားများကို ထိန်းသိမ်းသင့်သည့် အလေ့အထများ ကျွန်တော်တို့ လူမှုအသိုက်အ၀န်းတွင် ထွန်းကားသင့်ပေပြီ။



ဒီမိုကရေစီစနစ်ဆိုသည်မှာ အစိုးရနှင့် လူထုအကြားတွင်သာ ကျင့်သုံးရမည့် စနစ်တစ်ခုဆိုသည့် အဓိပ္ပာယ်မကဘဲ လူမှုအသိုက်အ၀န်းအကြားတွင်လည်း သူ့အခွင့်အရေး၊ ကိုယ့်အခွင့်အရေး တာဝန်ယူမှု၊ တာဝန်ခံမှုများ ကျင့်သုံးကြရမည့် စနစ်တစ်ရပ် ဖြစ်ပေသည်။



ထို့ကြောင့် အစိုးရ အုပ်ချုပ်သူများ ပြောင်းလဲအောင် လုပ်ဆောင်နေကြသည့် နယ်ပယ်အသီးသီးမှသူများ ကိုယ်တိုင်ပင်လျှင် မိမိတို့ကိုယ်တိုင် ပြောင်းလဲအောင် လုပ်ဆောင်ဖို့လည်း သတိမမေ့သင့်ကြောင်း ထောက်ပြရေးသားလိုက်ရပေသည်။ #Mizzimadaily

http://ift.tt/OTcCHv

from Mizzima - News in Burmese's Facebook Wall http://ift.tt/1uMwa0a

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...