၂၆.၈.၂၀၁၄ ရက်နေ့ ၁၇၁၀ အချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊ သံဃာ့တက္ကသိုလ်ကျောင်း ရှေ့ရှိ ရထားလမ်းကူး နေရာတွင် ရထားနှင့် မော်တော်ယာဉ်တို့ တိုက်မိမှု ဖြစ်ပွား ခဲ့ပါသည်။
ဖြစ်စဉ်မှာ ပုရွက်ဆိတ်ကုန်း ဘူတာဘက်မှ ရေကူးဘူတာဘက်သို့ သရက်(၆) ငွေသိမ်းရထားမှ မောင်းနှင်လာစဉ် အဆိုပါရထားလမ်းကူးနေရာအား ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နေ ယာဉ်မောင်း ဦးမင်းကျော်ကျော်၊ (၂၈)နှစ်မောင်းနှင်သည့် 4G---- တိုယိုတာ ဗစ်ကိုယ်ပိုင်ယာဉ်မှ ဖြတ်သန်း မောင်းနှင်စဉ် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
ထိုသို့တိုက်မိမှုကြောင့် ယာဉ်၏ရှေ့ခေါင်းပိုင်းနှင့် ယာဘက်ခြမ်းတို့ ပျက်စီးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရပါသည်။
ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်၍ ရထားဖြင့်တိုက်မိခဲ့သဖြင့် ယာဉ်မောင်း ဦးမင်းကျော်ကျော်အား မရမ်းကုန်းမြို့မရဲစခန်း(ပ)၃၂၅/၂၀၁၄၊ မီးရထားအက် ဥပဒေပုဒ်မ-၁၂၉ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။
Yangon Police
http://ift.tt/1nAnmKq
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1vP82KM
Comments
Post a Comment