မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ်ရှိ တောင်ပြုံး ဆုတောင်းပြည့်၊ ဆုတောင်းရ မြတ်စွာ ဘုရားပွဲ တော်နှင့် တောင်ပြုံး အရှင်နှစ်ပါး ပွဲတော်ကိုဩဂုတ် ၃ ရက်မှ စတင်၍ အစဉ်အလာမပျက် စည်ကား သိုက်မြိုက်စွာ ကျင်းပ လျက် ရှိကြောင်း သိရသည်။
တောင်းပြုံးပွဲတော်ကြီးကို မြန်မာပြည်အနှံ့အပြားမှ ပြည်သူများ ရည်ရွယ်ချက် အမျိုးမျိုးဖြင့် လာရောက် ကြသဖြင့် အထက်မြန်မာပြည်တွင် အစည်ကားဆုံး ပွဲတော်ဖြစ် သည်နှင့်အညီ ဒေသထွက်လူသုံးကုန်နှင့် စားသောက် ကုန်ပစ္စည်း များ ရောင်းချကြမည့်ဆိုင်ခန်းများနှင့်အတူ ဖျော်ဖြေရေးဇာတ်ရုံကြီးများကလည်း အားဖြည့်ဝန်းရံထား သဖြင့် နှစ်စဉ်တိုးမပေါက်လောက်အောင် စည်ကားလျက်ရှိသော ပွဲတော်ကြီးဖြစ်သည်။
http://ift.tt/1tIj32h
တောင်ပြုံးမင်းနှစ်ပါးပွဲတော် နွှဲပျော်လေပြီ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1sfpVBc
Comments
Post a Comment