Skip to main content

မြန်မာနိုင်ငံတွင် လူငယ်ပေါင်း ၂၆ သန်းခန့်ရှိပြီး သုံးဦးလျှင် တစ်ဦးမှာ စိတ်ကျရေ...



မြန်မာနိုင်ငံတွင် လူငယ်ပေါင်း ၂၆ သန်းခန့်ရှိပြီး သုံးဦးလျှင် တစ်ဦးမှာ စိတ်ကျရောဂါ ခံစားနေရဟုဆို



မြန်မာနိုင်ငံတွင် လူငယ်ပေါင်း ၂၆ သန်းခန့်ရှိပြီး သုံးဦးလျှင် တစ်ဦးနှုန်း စိတ်ကျရောဂါ ခံစားနေရကြောင်း ဩဂုတ် ၁၂ ရက် တွင်Dolphin Restaurant ၌ ကျင်းပခဲ့သည့် နိုင်ငံတကာလူငယ်များနေ့ အထိမ်းအမှတ် စုံညီဆွေးနွေးပွဲ (Mental Health Matters) မှ သိရသည်။



လူလတ်ပိုင်းအရွယ်များတွင် စိတ်ပိုင်းဆိုင်ရာရောဂါ ခံစားနေရသူများသည် ကလေးဘဝတွင် ပဋိပက္ခဖြစ်ပွားမှုများ၊ သဘာဝ ဘေးအန္တရာယ်များနှင့် လူမှုရေးနယ်ပယ်တွင် ပစ်ပယ်ခံရသူများ၊ မိသားစုနှင့်ဆရာ၊ ဆရာမများ၏ အကြမ်းဖက်မှုများ၊ ဆိုးရွားစွာ ဆက် ဆံခံခဲ့ရမှုများကြောင့် ဖြစ်နိုင်ကြောင်း ရန် ကုန်တက္ကသိုလ်၊ စိတ်ပညာဌာနမှပါမောက္ခ ဌာနမှူး ဒေါက်တာနီလာကြူ၏ပြောကြား ချက်အရ သိရသည်။



ကလေးဘဝတွင် စိတ်ပိုင်းဆိုင်ရာ ထိ ခိုက်ခံစားခဲ့ရသူများသည် အသက် ၁၄ နှစ် မတိုင်မီတွင် စိတ်ကစဥ့်ကလျား ဖြစ်ပွားမှုများ စတင် ဖြစ်ပွားနိုင်ပြီး လူလတ်ပိုင်းအရွယ် ရောက်လာပါက အကြောင်းအမျိုးမျိုးသော စိတ်မကျန်းမာမှုများကို ခံစားရနိုင်ကြောင်းလည်း သိရသည်။



ထို့ပြင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ ပေါ်ရှိ လူငယ် ၇ဝဝဝဝ ကျော်မှာ နှစ်စဉ် မိမိကိုယ်ကိုယ် အဆုံးစီရင်မှုများ ပြုလုပ်နေ ကြပြီး အဆုံးစီရင်ခဲ့သည့်လူငယ်များ၏ အဆ ၄ဝ ခန့်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် ရန် ကြိုးစားခဲ့သူများဖြစ်ကြောင်း သိရသည်။



“ကလေးဘဝမှာ မိသားစုကဖြစ်စေ၊ ကျောင်းမှာ ဆရာဆရာမတွေကဖြစ်စေ အ ကြမ်းဖက်ခံရတာတွေ၊ လူမှုရေးနယ်ပယ်မှာ ပစ်ပယ်ခြင်းခံရတာတွေ၊ ပဋိပက္ခဖြစ်ပွားတဲ့ နေရာတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကို တွေ့ကြုံခံစားခဲ့ရတဲ့သူတွေက ကြီးလာတဲ့ အခါမှာ စီးပွားရေး၊ ပညာရေး၊ လူမှုရေး နယ်ပယ်တွေမှာ မဝင်ဆံ့တာတွေ၊ ထူးချွန်မှု မရှိပဲ နိမ့်ပါးတာတွေ ဖြစ်လာနိုင်တာအပြင် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာမသန်စွမ်းမှုတွေ ကိုပါ ဖြစ်လာစေနိုင်ပါတယ်။ လက်ရှိမှာ စိတ်ပိုင်းဆိုင်ရာ ကစဥ့်ကလျားဖြစ်တဲ့သူတွေ ရဲ့ ၇၅ ရာခိုင်နှုန်းကလည်း အသက် ၂၄ နှစ်အရွယ်တွေဖြစ်နေပါတယ်”ဟု ဒေါက်တာ နီလာကြူက ဆိုသည်။



လက်ရှိလူငယ်များ၏ ၁၅ နှစ်မှ ၂၄ နှစ်ကြားရှိ ၂ဝ ရာခိုင်နှုန်းခန့်မှာ တစ်နည်းနည်း ဖြင့် စိတ်ကျန်းမာရေးတစ်ခုခုခံစားနေရ ကြပြီး လူငယ်ပိုင်းတွင် ကြုံတွေ့နေရသည့် စိတ်ကျန်းမာရေးအခြေအနေများသည် အထူး သဖြင့် စိတ်ကျရောဂါနှင့် မသန်စွမ်းမှုများ ကိုဖြစ်စေနိုင်သည့်အပြင် မျိုးဆက်ပွားကျန်း မာရေးကိုပင် ထိခိုက်နိုင်ကြောင်း၊ စိတ်ပျက် အားငယ်မှုကိုဖြစ်စေနိုင်ကြောင်းနှင့် ယင်း အခြေအနေများသည် အထီးကျန်မှုကို ခံစားရ စေပြီး ထိလွယ်ရှလွယ်သည့် အန္တရာယ်ရှိ သည့်အခြေအနေကိုပင် ဖြစ်စေနိုင်ကြောင်း လည်း ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့မှ ဌာနေကိုယ်စားလှယ် Ms.Janet Jaskson က ပြောကြားသည်။



နိုင်ငံတကာလူငယ်များနေ့ အထိမ်းအမှတ် စုံညီဆွေးနွေးပွဲကို မြန်မာနိုင်ငံဆရာ ဝန်အသင်း၊ လူငယ်ဖွံ့မှုအစီအစဉ်မှ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့၏ ပံ့ပိုးမှုဖြင့် ကျင်းပခဲ့ပြီး ယင်းပွဲတွင် လူငယ်များ၏စိတ် ပိုင်းဆိုင်ရာ ကြုံတွေ့ခံစားရမှုအခြေအနေများ နှင့်ပတ်သက်၍ ရန်ကုန်တက္ကသိုလ်၊ စိတ် ပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာ နီလာကြူ၊ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့မှ လက်ထောက်ဌာနေကိုယ်စားလှယ် ဒေါက် တာနေဝင်း၊ စာရေးဆရာမ ပုညခင်၊ စာရေး ဆရာ လူနေ၊ လူငယ်ဖွံ့ဖြိုးမှုအစီအစဉ်မှ လူငယ်ကိုယ်စားလှယ် ဒေါက်တာမြတ်စန္ဒီမင်း၊ ရန်ကုန်လူငယ်ကွန်ရက်က လူငယ်ကိုယ် စားလှယ် သဉ္ဇာရွှန်းလဲ့ရည်တို့မှ ပါဝင် ဆွေးနွေးခဲ့ကြသည်။







မြန်မာနိုင်ငံတွင် လူငယ်ပေါင်း ၂၆ သန်းခန့်ရှိပြီး သုံးဦးလျှင် တစ်ဦးမှာ စိတ်ကျရောဂါ...

www.news-eleven.com

မြန်မာနိုင်ငံတွင် လူငယ်ပေါင်း ၂၆ သန်းခန့်ရှိပြီး သုံးဦးလျှင် တစ်ဦးနှုန်း စိတ်ကျရောဂါ ခံစားနေရကြောင်း ဩဂုတ် ၁၂ ရက် တွင်Dolphin Restaurant ၌ ကျင်းပခဲ့သည့် နိုင်ငံတကာလူငယ်များနေ့ အထိမ်းအမှတ် စုံညီဆွေးနွေးပွဲ (Mental Health Matters) မှ သိရသည်။

from Eleven Media Group's Facebook Wall http://ift.tt/1uuslPU

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...