ရေပန်းစားနေတဲ့ ချယ်လ်ဆီး ဂိုးပြတ်နိုင်ပွဲနဲ့ အမှတ်ပေးဇယားကိုဦးဆောင်
ပရီးမီးယားလိဂ်ပွဲစဉ် (၁) ပွဲ ကျန် သုံးသပ်ချက်
ဘန်လေ ၁-၃ ချယ်လ်ဆီး
ပွဲကြိုကာလမှာ ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက လူစုံဖို့မသေချာကြောင်း ပြောခဲ့ပေမယ့် လက်တွေ့မှာတော့ ချယ်လ်ဆီးအသင်း လူစုံတက်စုံနဲ့ ယှဉ်ပြိုင်သွားခဲ့ပါတယ်။ ကစားသမားသစ်တွေဖြစ်တဲ့ ဒီယေဂိုကော်စတာနဲ့ ဖာဘရီဂတ်စ်တို့ ပွဲထွက်ခဲ့သလို၊ ဟာဇက်၊ အော်စကာ၊ တယ်ရီ၊ ကာဟေးလ်တို့နဲ့ ချယ်လ်ဆီးအသင်းရဲ့ လူစာရင်းက ဘန်လေလိုတန်းတက်အသင်းကို အသာစီးယူဖို့ အခက်အခဲမရှိခဲ့ပါဘူး။
ပရီးမီးယားလိဂ်ကို စုစည်းမှုအားနဲ့ တက်လှမ်းလာခဲ့တဲ့ ဘန်လေအသင်းက ပွဲအစပိုင်းမှာ ချယ်လ်ဆီးကို ခြိမ်းခြောက်မှုတချို့ ပြုလုပ်နိုင်ခဲ့ပြီး ဦးဆောင်ဂိုးကိုလည်း စတင်သွင်းယူနိုင်ခဲ့ပါ တယ်။ ပွဲချိန်(၁၄)မိနစ်မှာ ချယ်လ်ဆီးခံစစ်ကို အငိုက်ဖမ်းပြီး တောင်ပံကစားသမား အာဖီးလ်က အပိုင်ကန်သွင်းယူသွားခဲ့တာပါ။ ဒါပေမဲ့ ဂိုးပေးလိုက်ရပြီးနောက်ပိုင်းမှာ ချယ်လ်ဆီးအသင်း ဆက်တိုက်ဖိကစားခဲ့ပြီး (၁၇)မိနစ်မှာတော့ တိုင်ထိပြီးထွက်လာတဲ့ ဘောလုံးကို ဒီယေဂိုကော်စတာက ပိတ်သွင်းယူနိုင်ခဲ့တာကြောင့် ချယ်လ်ဆီးအသင်း ချေပဂိုးရရှိခဲ့ပါတယ်။
အဲဒီနောက် (၂၁)မိ နစ်မှာတော့ ရှိုရာက ဖာဘရီဂတ်စ်ရဲ့ပေးပို့ မှုကနေ ဒုတိယဂိုးကို လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းယူခဲ့ပါတယ်။ ဒီဂိုးက ချယ်လ်ဆီးတိုက်စစ်ရဲ့ ဖော်မြူလာကွက်ထဲ ၀င်သွားတဲ့ ဂိုးတစ်ဂိုးလို့လည်း ဆိုနိုင်ပါတယ်။ ချယ်လ်ဆီးကွင်းလယ်မှာ ဟာဇက်က နေရာစုံရွေ့လျားကစားသွားခဲ့သလို၊အနီးကပ်အပေးအယူတွေ၊ တောင်ပံကအဝေးဘောတွေနဲ့ စိတ်ကြိုက်ကစားသွားနိုင်ခဲ့ပြီး(၃၄)မိနစ်မှာတော့ ဖာဘရီဂတ်စ်ရဲ့ ထောင့်ကန်ဘောကနေ အီဗန်နိုဗစ်က တတိယဂိုးကို ကန်သွင်းယူခဲ့ပြန်ပါတယ်။
ဒုတိယပိုင်းမှာတော့ ရလဒ်ပိုင်း အပြောင်းအလဲမဖြစ်ခဲ့တာကြောင့် ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ ချယ်လ်ဆီးအသင်း ပွဲစဉ်(၁)အပြီးမှာ အမှတ်ပေးဇယားကို စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းအတွက် ချေပဂိုးသွင်းယူပြီးနောက် ဒီယေဂိုကော်စတာ အောင်ပွဲခံနေစဉ်(Photo: AFP)
from Eleven Media Group's Facebook Wall http://ift.tt/1o70Qnk
Comments
Post a Comment