Skip to main content

နေအိမ်အတွင်းဝင်ရောက်ခိုးယူသူ (၂)ဦးအားဖော်ထုတ်ဖမ်းဆီးရမိ



ရန်ကုန်၊ သြဂုတ် ၂၅

၁၉.၈.၂၀၁၄ရက်နေ့ ၀၈၀၀အချိန် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ရွှေနံ့သာ စံပြကျေးရွာနေ ဦးအောင်စိုး ဝင်း သည် နေအိမ်မှ အလုပ်သို့ သွားခဲ့ရာ ၁၈၀၀အချိန် နေအိမ်သို့ ပြန်လည် ရောက်ရှိစဉ် နောက်ဖေး တံခါး မှာ ပွင့်နေပြီး အိမ်ရှေ့ခန်း ဘုရားစင်အောက်တွင် ထားရှိသော သေတ္တာမှာ သော့ပျက်ပွင့်နေ၍ စစ်ဆေးရာ ရွှေထည်လက်ဝတ်ရတနာ (၆)မျိုးနှင့် ငွေကျပ် (၁၀၅၀၀၀၀) စုစုပေါင်းတန်ဘိုး ငွေကျပ် (၂၂၀၀၀၀၀)မှာ ပျောက်ဆုံးနေသည်ကိုတွေ့ရသဖြင့် ခိုးယူသူအား စုံစမ်ဖော်ထုတ် အရေးယူပေးရန် တိုင်တန်းချက်အရ ထောက်ကြန့်နယ်မြေရဲစခန်း (ပ)၂၆၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ဖြင့်အမှုဖွင့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။


အမှုမှတရားခံဖမ်းဆီးရမိရေးအတွက် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်နှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် ထောက်ကြန့်နယ်မြေရဲ စခန်းမှတပ်ဖွဲ့ဝင်များ ပူးပေါင်း စုံစမ်းဆောင်ရွက်ခဲ့ရာ အဆိုပါ နေအိမ်တွင် ယခင်ကနေထိုင်ခဲ့သူ တင်ကိုကိုဦး၊ (ဘ)ဦးဘတင်မှာ အခင်းမဖြစ်မီ (၂)ရက်ခန့်က ၎င်း၏ဇာတိဖြစ်သော မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်သို့ ပြန်မည်ပြောဆို၍ထွက်သွား သော်လည်း ရပ်ကွက်အတွင်းသွားလာနေကြောင်းသိရှိရ၍ ၂၁.၈.၂၀၁၄ရက်နေ့တွင် မသင်္ကာဖမ်းဆီးစစ်ဆေးရာမှ ၎င်းသည် ရွှေနံ့သာစံပြကျေးရွာနေ သူငယ်ချင်းဖြစ်သူ ထက်ပိုင်ဝိုင်း၊ (ဘ)ဦးဇင်ဝင်းနှင့်အတူ ၁၉.၈.၂၀၁၄ရက်နေ့ ၁၁၀၀ အချိန်ခန့်က အဆိုပါနေအိမ်အတွင်းဝင်ရောက်ကာ အမှုမှပျောက်ဆုံး ပစ္စည်းများနှင့်ငွေများကို ခိုးယူခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။


စစ်ဆေးပေါ်ပေါက်ချက်အရ တင်ကိုကိုဦးနှင့် ထက်ပိုင်ဝိုင်းတို့ (၂)ဦးအား အမှုဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိပြီး သက်သေခံပစ္စည်းများပြန်လည် သိမ်းဆည်းလျက်ရှိကြောင်း သတင်းရရှိပါသည်။


Yangon Police

http://ift.tt/1oASl5N






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1mHNNsP

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...