Skip to main content

ဒဂုံမြို့သစ်နှင့် သန်လျင်တွင် ပွဲစားများက တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး စာချ...



ဒဂုံမြို့သစ်နှင့် သန်လျင်တွင် ပွဲစားများက တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး စာချုပ်တုများ ဖန်တီးနေခြင်းကြောင့် မြေပိုင်ဆိုင်မှု အငြင်းပွားမှုများ ရှိနေ



ဒဂုံမြို့သစ် မြို့များဖြစ်သည့် မြောက်ဒဂုံ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် သံလျင်မြို့များတွင် ပွဲစားများက အိုးအိမ်ဦးစီးဌာန တာဝန်ရှိသူများ၊ စည်ပင်တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး သေဆုံးသူများ အမည်ကိုသုံးကာ မိမိကို ရောင်းချခဲ့သယောင် စာချုပ်တုများပြုလုပ်ပြီး ပြန်လည်ရောင်းချခြင်းကြောင့် အငြင်းပွားမှုများ ဆက်တိုက်ပေါ်ပေါက်ပြီး အမှုအခင်း ရင်ဆိုင်နေရကာ အမှန်တကယ် ၀ယ်ယူထားသူများ နစ်နာနေကြောင်း သိရသည်။



“ကျွန်တော်တို့ မှတ်ပုံတင်ခွင့် မရခြင်းရဲ့ အကျိုးဆက်အနေနဲ့ လူတွေက အမှန်တကယ် ပိုင်ရေးဆိုင်ခွင့် မရဘဲနဲ့ မသမာသူတွေက လက်တစ်လုံးခြားလုပ်နိုင်တဲ့ အခြေအနေတွေ ယနေ့လက်ရှိ ပေါ်ပေါက်နေတာလေး ရှိပါတယ်။ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်မှာ၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှာ ဒဂုံမြို့သစ် အရှေ့ပိုင်းမှာ ဒဂုံမြို့ လေးမြို့နယ်မှာရော သန်လျင်မှာရော ရပ်ကွက်ထဲမှာရှိတဲ့ ပွဲစားတစ်ပိုင်း လူလည်တွေက ဘာတွေလုပ်နေသလဲဆိုတော့ အိုးအိမ်ရုံးနဲ့ပေါင်းပြီးတော့ လူတွေရဲ့ သေစာရင်းတွေ ရအောင်ယူပါတယ်။ အိုးအိမ်ကရတဲ့ သေသွားတဲ့သူတွေရဲ့စာရင်း ရရှိပြီး သေသူကတစ်ဆင့် ရောင်းလိုက်တယ်ဆိုပြီးတော့ ပါမစ်မြေတွေ၊ ဂရန်မြေတွေ ဒီမြေတွေကို အရောင်းအ၀ယ် လုပ်ထားတယ်ဆိုတဲ့ စာချုပ်တွေကို လက်ထဲမှာ ကိုင်ထားပါတယ်။ ပြီးတဲ့အခါကျတော့ ရပ်ကွက်အုပ်ချုပ်ရေးတွေ မြို့နယ်ထွေအုပ်တွေရယ် စည်ပင်တွေရယ်ပေါင်းပြီးတဲ့ အခါကျတော့ ဘယ်သူပိုင်ဆိုင်တဲ့မြေ ဘယ်သူပိုင်ဆိုင်တဲ့မြေ ဖြစ်ပါတယ်ဆိုပြီးတော့ ဆိုင်းဘုတ်တွေ စိုက်ထူပါတယ်။ တကယ်ပိုင်ဆိုင်တဲ့သူတွေ အိုးအိမ်ကပေးထားတဲ့ စလစ်တွေ ပါမစ်တွေ ဒါတွေနဲ့ ပတ်သက်ပြီးတော့ အမှန်တကယ် ကိုင်ထားတဲ့သူတွေ ပေါ်လည်းပေါ်လာတဲ့ အခါကျရော ဒီမှာကျွန်တော်ကို မိတ္တူနဲ့ ရောင်းသွားတာပါ။ ပါမစ်ရဲ့ မိတ္တူတွေ စလစ်ရဲ့မိတ္တူတွေနဲ့ ဟောဒီမှာ သေသွားသောသူက ရောင်းတယ်။ ဘယ်သူ ဘယ်သူက ရောင်းသွားတယ်ပေါ့။ အဲ့ဒီလူက ဘယ်သူဘယ်သူ စုံစမ်းလိုက်တဲ့ အခါကျတော့ အဲ့ဒီသေသွားတဲ့သူ။ သေသွားတဲ့သူက ရောင်းသွားတယ်ဆိုတော့ သက်သေထူစရာမရှိဘူး ဖြစ်နေတယ်။ ဒီမှာ ပိုင်ရေးဆိုင်ခွင့်အရ နှစ်ဖက်အငြင်းပွားတဲ့အခါမှာ တရားရုံးရောက်ရင်လည်း နှစ်ဖက်ကြားထဲမှာ ၀ယ်ထားသူက နောက်ဆုံးဝယ်တဲ့သူထက်ကို စောနေတဲ့အတွက်ကြောင့် နှစ်ဖက်အငြင်းပွားမှုတွေဟာလည်း အမှုရှည်ကြာမှာ စိုးတဲ့အတွက်ကြောင့် တကယ်ပိုင်ရေးဆိုင်ခွင့်ရှိတဲ့သူ မစို့မပို့လျော်ကြေးနဲ့ ဒါမှမဟုတ်လည်း တစ်ဝက်ကြေးနှုန်းတွေနဲ့ တစ်ဝက်နှုန်း ထွက်သွားကြရတယ်” ဟု Purple Equity Law Firm မှ ရှေ့နေဦးဖိုးဖြူက ပြောကြားသည်။



အိမ်ခြံမြေ ရောင်းဝယ်ရာတွင် ၀ယ်ယူသူမှ ၀ယ်ယူသည့်တန်ဖိုး၏ ၃၈ ရာခိုင်နှုန်းကို အခွန်ဆောင်နိုင်မှသာ အမည်ပေါက် တရားဝင်ပိုင်ဆိုင်ခွင့်ရှိမည် ဖြစ်သောကြောင့် အများစုမှာ အရပ်စာချုပ်များဖြင့်သာ အရောင်းအ၀ယ် ပြုလုပ်လေ့ရှိကြသည်။



“ဒီလိုနည်းနဲ့ ဒေသအာဏာပိုင်တွေနဲ့ မရှိသော သေတဲ့သူဆီက ၀ယ်ထားသောဆိုတဲ့ စာချုပ်တွေနဲ့ မသမာတဲ့သူတွေက သိန်းကိုထောင်နဲ့ချီပြီးတော့ ရပ်ကွက်တွေထဲမှာ ချမ်းသာနေတာမျိုးတွေကို ကျွန်တော်တွေ့ရတယ်။ အဲ့ဒါဘာလဲဆိုရင် မှတ်ပုံမတင်သော စာချုပ်တွေကို ကျွန်တော်တို့တွေ အသိအမှတ်ပြုထားလို့ပဲ အာဏာပိုင်တွေ မှတ်ပုံမတင်တဲ့ စာချုပ်တွေကို အသိအမှတ်ပြုထားလို့ပဲ။ လွှတ်ထားလို့ပဲ” ဟု ဦးဖိုးဖြူက ပြောကြားသည်။



အခွန်နှုန်းထားတွေကြောင့်လည်း တရားဝင်မှတ်ပုံတင် စာချုပ်ချုပ်ဆိုနိုင်ကြခြင်းမရှိဘဲ ဖြစ်နေပြီး အစိုးရအနေဖြင့် မှတ်ပုံတင်ခြင်းကို အခွန်နှုန်းထား လျှော့ချထားပြီး မြေယာပိုင်ဆိုင်ခွန်၊ အိမ်ရာပိုင်ဆိုင်ခွန်များကိုသာ အခွန်ကောက်ခံသင့်ကြောင်း ဦးဖိုးဖြူ က ပြောကြားသည်။

from Eleven Media Group's Facebook Wall http://ift.tt/1t86Kd4

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...