အမေရိကန် ပြည်ထောင်စု၊ မိုင်ယာမီ ကမ်းခြေမှာ လွန်ခဲ့တဲ့ ခုနှစ်လ က အဖမ်းခံခဲ့ရတဲ့ အဆိုတော် ဂျက်စတင် ဘီဘာဟာ ကားကို မဆင်မခြင် မောင်းနှင်မှု၊ ဖမ်းဆီးတာကို ခုခံမှုစတဲ့ ပြစ်မှုသေးတွေကို အပြစ်ရှိပါတယ်လို့ ဒီကနေ့မှာ ဝန်ခံလိုက်ပါတယ်။
ဒီ အမှု ကို မိုင်ယာမီ က တရားရုံးမှာ ကြားနာခဲ့ပြီး မနေ့က ဘီဘာဟာ ရုံးမတက်ပဲ ဝန်ခံချက် ကို ပေးခဲ့ပါတယ်။ အသက် ၂၀ အရွယ် အဆိုကျော်ဟာ အစိုးရ ရှေ့နေတွေ ကမ်းလှမ်းတဲ့ ဒေါသ ထိန်းချုပ်တဲ့ သင်တန်းကို ၁၂ နာရီကြာ တက်ရောက်ဖို့၊ တရားရုံး ဒဏ်ကြေးနဲ့ ဒေါ်လာ ၅၀,၀၀၀ ကို အလှူငွေအဖြစ် လှူဒါန်း ဖို့ သဘောတူခဲ့ပါတယ်။ အဲဒီလို လက်ခံလိုက်တဲ့ အတွက် ဘီဘာကို မူးယစ်စေတဲ့ အရာတွေသုံးစွဲပြီး ကားမောင်းမှုနဲ့ စွဲဆိုတာကနေ ရှောင်ရှားနိုင်ခဲ့ပါတယ်။
http://ift.tt/Ya61xm
အဆိုတော် Justin Bieber ပြစ်မှုသေးအတွက် ဒဏ်ရိုက်ခံရ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1nTOiPO
Comments
Post a Comment