Skip to main content

အစိုးရကို ဆန္ဒပြခဲ့သောကြောင့် မြို့နယ်ခုနစ်ခုမှ စုစုပေါင်းထောင်ဒဏ် ငါးနှစ်ချမှတ်ခ...



အစိုးရကို ဆန္ဒပြခဲ့သောကြောင့် မြို့နယ်ခုနစ်ခုမှ စုစုပေါင်းထောင်ဒဏ် ငါးနှစ်ချမှတ်ခံထားရသည့် ကိုထင်ကျော်အား မရမ်းကုန်းမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် ထပ်မံချမှတ်



ပြည်ထောင်စုအစိုးရကို အယုံအကြည်မရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့်အတွက် ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု (MDCF) အဖွဲ့မှ ခေါင်းဆောင် ကိုထင်ကျော်အား မရမ်းကုန်းမြို့နယ်တရားရုံးက ဩဂုတ် ၁၁ ရက် နေ့လယ်ပိုင်းတွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။



ပြီးခဲ့သည့် ဧပြီ ၁၉ ရက် နံနက်ပိုင်းခန့်တွင် မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံ၌ ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု (MDCF) အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်သည် ပြည်ထောင်စုအစိုးရအား အယုံအကြည်မရှိကြောင်း၊ ပြည်သူသာလျှင် အရှင်သခင်ဖြစ်ကြောင်းကို ဆန္ဒပြဟောပြောခဲ့ပြီး လက်ကမ်းစာစောင်ဝေငှမှုဖြင့် ၎င်းအား မရမ်းကုန်းမြို့နယ်ရဲစခန်းမှ အမှုဖွင့်ကာ တရားစွဲဆိုခဲ့ကြောင်း သိရသည်။



ကိုထင်ကျော်ကို မရမ်းကုန်းမြို့နယ်တရားရုံးမှ ရုံးချိန်းသုံးချိန်း ချိန်းဆိုပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ)ဖြင့် ယခုလို ဩဂုတ် ၁၁ ရက်တွင် အမိန့်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



ထို့ပြင် ကိုထင်ကျော်သည် အဆိုပါရုံးချိန်းတွင် အမိန့်ချမှတ်ခံရပြီးနောက် ပြန်ထွက်လာစဉ် အာဏာရှင်အစိုးရကိုဆန့်ကျင်သည့် အနေဖြင့် လက်သုံးချောင်းထောင် ဆန္ဒပြခဲ့ပြီး ပြည်သူများကလည်း ၎င်းနှင့်အတူ ထိုသို့ဆန္ဒပြခဲ့ကြသည်။



“ကိုထင်ကျော် အခုဒီရုံးနဲ့ဆိုရင် စုစုပေါင်း ထောင်ဒဏ်ခြောက်နှစ်ရှိသွားပါပြီ။ ကိုထင်ကျော် ဘယ်နှနှစ်ပဲကျသည်ဖြစ်စေ အစ်မတို့ကတော့ အဲ့ဒါကို သိပ်ဦးစားမပေးပါဘူး။ သူ့ရဲ့လုပ်ရပ်ပေါ်မှာပဲ လိုက်လံဆောင်ရွက်ပေးတာပါ။ ကိုထင်ကျော်က အထဲမှာဆိုတော့ စီးပွားရေးအနေနဲ့ ကိုယ့်ဈေးဆိုင်လေးပဲ ပြန်ဖွင့်ရတာပဲ။ သာမန်စီးပွားရေးလောက်နဲ့ပဲ ရပ်တည်ပါတယ်”ဟု ကိုထင်ကျော်၏ဇနီးဖြစ်သူ မသန်းသန်းမော်က ဆိုသည်။



လက်ရှိတွင် ကိုထင်ကျော်အား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ) ဖြင့် တောင်ဥက္ကလာပမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်လ၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်တရားရုံးက အလုပ်ကြမ်း နှင့် ထောင်ဒဏ်တစ်နှစ်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ်တစ်နှစ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် တို့ကိုချမှတ်ထားခဲ့ပြီး စုစုပေါင်း ပုဒ်မ ၅ဝ၅ (ခ) ဖြင့် လေးနှစ်ခြောက်လ ချမှတ်ထားပြီး ဖြစ်ကြောင်းသိရသည်။



ထို့ပြင် ငြိမ်းစုစီပုဒ်မ(၁၈)ဖြင့် ကိုထင်ကျော်အား ကျောက်တံတားမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးလအားလည်းကောင်း၊ ဗဟန်းမြို့နယ်တရားရုံးက ထောင်ဒဏ်သုံးလတို့ ချမှတ်ထားပြီး ပုဒ်မ (၁၈)ဖြင့် စုစုပေါင်း ထောင်ဒဏ်ခြောက်လ ချမှတ်ထားပြီးဖြစ်ကြောင်း သိရသည်။ (MD CF) အဖွဲ့မှ ခေါင်းဆောင် ကိုထင်ကျော်မှာ ယခု မရမ်းကုန်းမြို့နယ်အပါအဝင် စုစုပေါင်း ထောင်ဒဏ်ခြောက်နှစ် ကျခံနေရပြီဖြစ်ကြောင်း သိရသည်။

from Eleven Media Group's Facebook Wall http://ift.tt/1ypdovW

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3