Skip to main content

အိမ်ခြံမြေကဏ္ဍတွင် ဈေးကစားမှုမြင့်တက်နေခြင်းသည် စီးပွားရေးရပ်ဝန်းတစ်ခုလုံးကို အနှေ...



အိမ်ခြံမြေကဏ္ဍတွင် ဈေးကစားမှုမြင့်တက်နေခြင်းသည် စီးပွားရေးရပ်ဝန်းတစ်ခုလုံးကို အနှေးနှင့်အမြန် အန္တရာယ် ကျရောက်လာနိုင်သည့် အလားအလာများရှိနေကြောင်း ကဏ္ဍစုံမှ လုပ်ငန်းရှင်များသုံးသပ်



"အိမ်ခြံမြေကဏ္ဍတွင် ဈေးကစားမှုများ အလွန်အမင်းမြင့်တက်နေခြင်းသည် စီးပွားရေးရပ်ဝန်းတစ်ခုလုံးအား အနှေးနှင့်အမြန် အန္တရာယ်ကျရောက်လာနိုင်သည့် အလားအလာများရှိနေကြောင်း ကဏ္ဍပေါင်းစုံမှ လုပ်ငန်းရှင်များက သုံးသပ်ပြောကြားခဲ့သည်။



"အိမ်ခြံမြေဈေးဆိုတာကတော့ ဒီလိုစီးပွားရေးကိုစဖွင့်တဲ့အချိန်မျိုးမှာ တက်တတ်ပါတယ်။ အချိန်တန်ရင်တော့ သူ့ဟာသူရပ်သွားတယ်။ သူကပူဖောင်းလိုပဲ။ တဖြည်းဖြည်းဖောင်းဖောင်းလာတဲ့သဘော။ အဲဒါကနေပြီး အချိန်တန်ရင်ပေါက်သွားတယ်။ ဒါမျိုးဖြစ်နေတာက ဗီယက်နမ်မှာလည်းဖြစ်တယ်။ ထိုင်းမှာလည်းဖြစ်တယ်။ အခု မြန်မာမှာလည်း ဖြစ်မှာပဲ။ ဘယ်အချိန်ပေါက်မယ်ဆိုတာသာမသိတာ။ ၂၀၁၅ မှာ အရင်းအနှီးဈေးကွက်ပေါ်လာမယ်ဆိုပေမယ့် ရှယ်ယာတွေမှာ အလုံးအရင်းနဲ့ဝင်ပြီး ရင်းနှီးမြှုပ်နှံရအောင်တော့ မဖြစ်နိုင်သေးဘူး။ တကယ်လို့ ၂၀၁၅ မှာ စလုပ်ဖြစ်ရင်တောင် လေးနှစ်ငါးနှစ်တော့ အချိန်ယူရဦးမယ်။ အဲဒီလောက်မှ အရှိန်ရလာမှာ။ ဒါကြောင့် ဒီလေးနှစ်ငါးနှစ်မှာတော့ စတော့မားကတ်က အိမ်ခြံမြေဈေးကျသွားရလောက်အောင်တော့ အထောက်အကူမပေးနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်မြင်တာကတော့ ဒီလေးငါးနှစ်မတိုင်ခင်ကို ဒီပူဖောင်းက ပေါက်ကိုပေါက်သွားမယ်။ အခုလက္ခဏာတွေကြည့်ရတာ သိပ်ပြီးအလွန်အကျွံဖြစ်လာတာတွေ့ရတယ်" ဟု MESC ၏ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သူ ဦးစိုးသိန်းက သုံးသပ်ပြောကြားခဲ့သည်။



မြန်မာပြည်တွင် အိမ်ခြံမြေဈေးနှုန်းများ အလွန်အမင်းမြင့်တက်လာသည့်အတွက် လိုအပ်ချက်အားဖြည့်ဆည်းနိုင်ရန် ဂျပန်နိုင်ငံမှ Developer အနေဖြင့် ၀င်ရောက်မြှုပ်နှံမည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း လက်ရှိအချိန်တွင် အကောင်အထည်ပေါ်မလာသေးကြောင်း သိရှိရသည်။



"ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ အစိုးရကတော့ အကုန်လုံးတာဝန်ယူနိုင်မှာမဟုတ်ပါဘူး။ သူလုပ်ပေးနိုင်တာက မြေနေရာတွေ သတ်သတ်မှတ်မှတ်လုပ်ပေးရမယ်။ မီးတို့ရေတို့ လမ်းတို့စတဲ့ Infrastructure တွေကို တည်ပေးလိုက်နိုင်တယ်။ ပြီးရင် Developer ကို အဆောက်အအုံရဲ့ Standard တွေဘာတွေကို Check လုပ်ပေးမယ်။ ဈေးနှုန်းကိုပါ နည်းနည်း Control လုပ်ပေးမယ်။ ပြိုင်ဆိုင်မှုရှိမှ ဈေးနှုန်းဆိုတာကျမှာ။ အခုဖုန်းကတ်တွေဈေးကျသွားသလိုပေါ့ဗျာ။ ဟိုတုန်းက ဖုန်းကတ်တစ်ခုကို သိန်းသုံးလေးဆယ်ဖြစ်နေတယ်။ အခုလိုသလောက်ရောင်းပေးနေတဲ့အခါ Competition ကကျလာတာပဲ။ အပြိုင်အဆိုင်မရှိဘဲနဲ့တော့ မရဘူး။ အစိုးရအနေနဲ့ အပြိုင်အဆိုင်ရှိအောင်လုပ်ပေးရမယ်။ အိမ်ခြံမြေဈေးကွက်မှာလည်း ဒီလိုပဲ။ ဒါပေမဲ့ ပူဖောင်းပေါက်နိုင်တဲ့ အခြေခံအချက် ငါးခုလောက်ရှိတယ်။ လက္ခဏာတစ်ခုက ဘယ်သူလုပ်လုပ် ဒီအထဲကိုဝင်လုပ်လို့ မြတ်နေပြီဆိုရင် အဲဒီပူဖောင်းကပေါက်တော့မှာပဲ။ ဆိုလိုတာက အိမ်ခြံမြေဆိုတာသူ့ Professional နဲ့သူ လုပ်ကြတာ။ အခုလူတိုင်းဝင်လုပ်နေတယ်။ တွေ့တဲ့သူအကုန်ဝင်ဝယ်နေတာ။ ကျွန်တော့်အမြင်ပြောရရင် ဒီမြေဈေးကွက်က လာမယ့်တစ်နှစ်နှစ်နှစ်အတွင်းမှာပေါက်တော့မှာ။ အခုတောင်နည်းနည်း အေးသွားပြီ။ ပြိုကွဲပြီဆိုရင်လည်း အရမ်းမြန်တယ်။ အပြိုင်အဆိုင်ဖြစ်လာပြီဆိုရင် ဖြစ်တော့မှာပဲ။ အခုက အိမ်ခြံမြေဈေးအရောင်းအ၀ယ်ဖွံ့ဖြိုးတယ်ဆိုတာ လူလတ်တန်းစားဖွံ့ဖြိုးမှရတာ။ လူလတ်တန်းစားဆိုတာက လစာများများရမယ်။ အလုပ်အကိုင်ကောင်းမယ်ဆိုရင် အိပ်ခန်းဝယ်မယ်။ မြေ၀ယ်မယ်။ ၀ယ်ကြမယ်။ အခုတက်နေတဲ့ပုံစံက အဲဒီပုံမျိုးမဟုတ်ဘူး။ ဈေးကစားကြတာ။ တစ်ယောက်ကို ငါးကွက်၊ ၁၀ ကွက် ကိုင်ထားကြတယ်။

အရောင်းအ၀ယ်ဖြစ်နေတဲ့အများစုက အချင်းချင်းပြန်လုပ်နေကြတာ။ တကယ်နေဖို့လိုလို့ ၀ယ်သွားတယ်ဆိုတာမျိုးက ၁၀ ကွက်တစ်ကွက်မရှိဘူး။ အဲတော့ မြန်မာပြည်ရဲ့ အိမ်ခြံမြေဈေးကွက် တက်တယ်ဆိုတာက ဈေးကစားလို့တက်တာပါပဲ" ဟု ဦးစိုးသိန်းက ဆက်လက်ပြောကြားခဲ့သည်။



ရန်ကုန်မြို့တွင် လက်ရှိပေါ်ပေါက်နေသော မြေပြဿနာနှင့်ပတ်သက်ပါက ဖြေရှင်း၍ရနိုင်သည့်နည်းလမ်းအချို့ရှိကြောင်း၊ ယင်းမှာမြေကွက်တစ်ခုကို စိုက်ပျိုးမြေမှ အိမ်ရာမြေပြောင်းမပြောင်း၊ ဘယ်လောက်ပြောင်းမည်၊ ဘယ်လောက်ထားမည်ဆိုသည့် Master Plan အစိုးရတွင်ရှိသင့်ကြောင်း၊ ၂၀၄၀ မှာ မြန်မာနိုင်ငံ လူဦးရေသန်း ၁၀၀ ကျော်လာမည်ဟု ခန့်မှန်းထားသည့်အတွက် သန်း ၁၀၀ အတွက် လယ်ယာမြေမည်မျှချန်ထားမည်နည်းဆိုသည့် ပြဿနာလည်းရှိကြောင်း၊ အလားတူ Policy ပိုင်းနှင့်ပတ်သက်ပါက Land use ကိုလည်း လုပ်ငန်းလုပ်ဆောင်ချက်များ နည်းလမ်းမကျဟု ဝေဖန်မှုများရှိနေသည်။



"Land used Policy ကိုဆွဲတဲ့အခါ ၂၀၄၀ လောက်မှာ ဘာဖြစ်လာမလဲဆိုတဲ့ အနာဂတ်အတွက် ကြိုပြီးစဉ်းစားပြီးမှဆွဲတာ ကောင်းပါတယ်။ လူနေတာနဲ့ စိုက်ပျိုးမြေအပါအ၀င် မြေကြီးကိုပြန်လည် (Reform) လုပ်ရမယ့်ကိစ္စတွေပါလာပြီ။ အခုလက်ရှိဥပဒေတွေက ကာဗာမဖြစ်ဘူး။ ဥပမာတစ်ခုပြောရရင် ဘာကြောင့်ပြည်ထဲရေးက မြေကြီးကိုကိုင်ထားလဲ။ စဉ်စားစရာရှိပါတယ်" ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူးတစ်ဦးက ပြောပြခဲ့သည်။



"မြန်မာနိုင်ငံမှာ တယ်လီဖုန်းခေတ်၊ ကားခေတ်နဲ့ အခုအိမ်ခြံမြေခေတ်ဆိုပြီးရှိတယ်။ တယ်လီဖုန်းနဲ့ ကားဈေးကတော့ ပြိုကျသွားပြီ။ အခုမြေဈေးပဲကျန်တော့တယ်။ မြေကွက်တွေကိုတော့ တင်ထားသေးတာတွေ့ရတယ်။ မတင်လို့လည်းမရဘူးလေ။ ဒါကနောက်ဆုံးလက်နက်ပဲ။ တစ်ခုရှိတာက Property ကိုပြန်ကြည့်တော့ Property ကဆက်တက်မှာ Demand ကဖြစ်နေတာ သေချာတာကိုး။ ဘာလို့လဲဆိုရင် Prime ဧရိယာမှာ လူတွေက ဗိုက်မနာဘူးဆိုရင် အဲဒါဈေးကမကျဘူး။ Prime ဧရိယာမှာရှိတဲ့လူတွေက နည်းနည်းဗိုက်နာပြီးတော့ ရောင်းလိုက်ပြီဆိုရင် အဲဒါဆိုရင်တော့ မြေဈေးကပြုတ်ကျမှာ သေချာတယ်" ဟု Parami Energy Group of Companies မှ CEO ဦးပြည့်ဝထွန်းက ပြောကြားခဲ့သည်။



"အိမ်ခြံမြေဈေးကွက်မှာ ဈေးကစားတာတွေဖြစ်နေတာက ဆန်းတော့မဆန်းဘူး။ နှစ်လုံးသုံးလုံးတောင် ထိုးနေကြသေးတာပဲ။ အခုအိမ်ခြံမြေတွေက ဈေးတက်တယ်ဆိုတော့ တချို့က ကိုယ့်လက်ထဲမှာ ပိုက်ဆံရှိတာမဟုတ်ဘူး။ အတိုးနဲ့ချေးဝယ်တယ်။ အတိုးကိုကာမိအောင် ဈေးတင်တယ်။ တက်ဈေးကိုမျှော်ပြီး အလုပ်လုပ်နေကြတာ။ အဲဒါကြီး ရုတ်တရက်ပြိုကျသွားရင် စီးပွားရေးအ၀န်းအ၀ိုင်းတစ်ခုလုံးအတွက် သိပ်အန္တရာယ်ရှိပါတယ်။ ငွေမည်းတွေနဲ့ဝယ်တဲ့သူတွေအတွက်က ဘာမှသိပ်ပြဿနာမရှိဘူး။ သူတို့ထိလို့လည်း တိုင်းပြည်စီးပွားရေးမနာဘူး။ ဒါပေမဲ့ Deconomy ပေါ်မှာ တက်ဈေးကိုမျှော်မှန်းပြီး အတိုးနဲ့ လည်ပတ်နေတဲ့သူတွေထိပြီဆိုရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့စီးပွားရေးပါ ထိသွားမယ်" ဟု ၎င်းကပြောကြားသည်။



"ဈေးနှုန်းအရဆိုရင်တော့ မနှစ်တုန်းက သြဂုတ်လနဲ့ ဒီနှစ်သြဂုတ်လက နည်းနည်းလေးတက်ရိပ်ရှိပေမယ့် ပုံမှန်လောက်ပဲရှိပါတယ်။ တချို့နေရာတွေ လမ်းမတန်းတွေမှာ ဈေးနည်းနည်းတက်သွားတာတွေရှိပါတယ်။ ပင်လုံလမ်းတို့၊ တပင်ရွှေထီးလမ်းတို့ နည်းနည်းတက်သွားတယ်။ စက်မှုဇုန်တွေကတော့ အရောင်းတော့ သိပ်မရှိဘူး။ အငှားများတယ်။ တစ်လကို သိန်း ၂၀၊ သိန်း ၃၀ လောက် အကွက်တွေတော့ ငှားရတယ်။ စက်မှုဇုန်တွေကတော့ များသောအားဖြင့် ပြည့်နေတယ်။ ဒါပေမဲ့ တချို့လွတ်နေတဲ့နေရာလေးတွေရှိ တယ်။ တချို့လုပ်ငန်းမလည်ပတ်နိုင်သေးတဲ့လူတွေက ပြန်ရောင်းကြတာမျိုးတော့ရှိတယ်။ ဒါပေမဲ့ ဈေးနှုန်းတွေက နည်းနည်းမြင့်တော့ ၀ယ်သူကလည်းပြန်ချိန်တာပေါ့။ တချို့စက်မှုဇုန်တွေဆိုလို့ရှိရင် တစ်ဧကကို လေးငါးထောင်လောက်ရှိတယ်။ လုပ်ငန်းလုပ်ချင်တဲ့သူတွေကတော့ ခုနစ်သိန်း၊ ရှစ်သိန်းလောက်ကနေပြီး သိန်း ၃၀ လောက်ကြားကတော့ အငှားများတယ်" ဟု ယူနတီအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးဇော်ဇော်ကဆိုသည်။



အလားတူ ၂၀၁၅ ၌ စတော့ရှယ်ယာဈေးကွက်ပေါ်လာပါက ငွေကြေးရင်းနှီးမြှုပ်နှံသူများ စတော့ရှယ်ယာဘက်သို့ ရောက်ရှိလာပြီး အိမ်ခြံမြေဘက်တွင် ဈေးကစားမှုများလျော့ကျနိုင်သည်ဟု သုံးသပ်မှုများရှိနေသော်လည်း ၂၀၁၅ တွင် စတော့ရှယ်ယာ ဖွင့် မဖွင့်ဆိုသည်မှာလည်း မသေချာသေးကြောင်းနှင့် အကယ်၍ ဖွင့်နိုင်ခဲ့လျှင်လည်း အနည်းဆုံးလေး၊ ငါးနှစ်ခန့်ကြာမှသာ ကောင်းကောင်းလည်ပတ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စတော့ရှယ်ယာဈေးကွက်နှင့် အိမ်ခြံမြေဈေးကွက်ပတ်သက်မှု အများကြီးမရှိသော်လည်း လက်ရှိအနေအထားသည် ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးအပေါ်တွင် ရောက်နေသည့်အတွက် လာမည့်တစ်နှစ်နှစ်နှစ်အတွင်း ပြုတ်ကျရန် အခွင့်အလမ်းများရှိနေကြောင်း သုံးသပ်ကြသည်။





အိမ်ခြံမြေကဏ္ဍတွင် ဈေးကစားမှုမြင့်တက်နေခြင်းသည် စီးပွားရေးရပ်ဝန်းတစ်ခုလုံးကို အနှေးန

news-eleven.com

"အိမ်ခြံမြေကဏ္ဍတွင် ဈေးကစားမှုများ အလွန်အမင်းမြင့်တက်နေခြင်းသည် စီးပွားရေးရပ်ဝန်းတစ်ခုလုံးအား အနှေးနှင့်အမြန် အန္တရာယ်ကျရောက်လာနိုင်သည့် အလားအလာများရှိနေကြောင်း ကဏ္ဍပေါင်းစုံမှ လုပ်ငန်းရှင်များက သုံးသပ်ပြောကြားခဲ့သည်။"အိမ်ခြံမြေဈေးဆိုတာကတော့ ဒီလိုစီးပွားရေးကိုစဖွင့်တဲ့အချိန်မျိုးမှာ တက်တတ်ပါတယ်။ အချိန်တ…

from Eleven Media Group's Facebook Wall http://ift.tt/1tQ4XvF

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...