Skip to main content

စပါးထုတ်လုပ်မှုကျဆင်းခြင်းနှင့် ဆန်အရည်အသွေးညံ့ဖျင်းမှုများကြောင့် ယခုဘဏ္ဍာနှစ်အတွင်...



စပါးထုတ်လုပ်မှုကျဆင်းခြင်းနှင့် ဆန်အရည်အသွေးညံ့ဖျင်းမှုများကြောင့် ယခုဘဏ္ဍာနှစ်အတွင်းဆန်တန်ချိန် နှစ်သန်း တင်ပို့မည့် အစိုးရ၏ လျာထားချက်မပြည့်မီနိုင်ဟု ကမ္ဘာ့ဘဏ်ဝေဖန်



လယ်ယာအဆင့်တွင် ထုတ်လုပ်မှု လျော့ကျခြင်းနှင့် ဆန်အရည်အသွေးညံ့ဖျင်း မှုများကြောင့် ယခုဘဏ္ဍာနှစ်အတွင်း ဆန် တန်ချိန်နှစ်သန်းတင်ပို့မည့် မြန်မာအစိုးရ ၏ လျာထားချက်မှာ မပြည့်မီနိုင်ကြောင်း ဩဂုတ် ၁၂ ရက်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ထားချက်အရ သိရသည်။



အဆိုပါထုတ်ပြန်ချက်အရ မြန်မာ့လယ်ယာကဏ္ဍနှင့်ဆန်စပါးတင်ပို့မှုများ နှင့် ပတ်သက်၍ကမ္ဘာ့ဘဏ်မှ လေ့လာမှုများ ပြုလုပ်ခဲ့ပြီး လယ်ယာအဆင့်ထုတ်လုပ်မှု များ လျော့ကျနေခြင်းနှင့် ဆန်အရည်အသွေး ညံ့ဖျင်းမှုများကိုတွေ့ရှိရကြောင်း ဖော်ပြခဲ့ သည်။



ထို့ပြင်ဒေသတွင်း ဆန်ထုတ်လုပ်တင် ပို့သူများ ရည်မှန်းထားသည့် တစ်ဟက်တာလျှင် ပျမ်းမျှအထွက်နှုန်း ၂ ဒသမ ၅ အထိရရှိအောင် အကောင်အထည်ဖော် ခဲ့ကြသော်လည်း ထုတ်လုပ်သူများ၏ထက် ဝက်ခန့်သာ ယင်းရည်မှန်းချက်ကို ပြည့်မီ အောင်အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း သိရသည်။



ယခင်ဘဏ္ဍာနှစ်များအတွင်းက ပြည်ပ နိုင်ငံများသို့ အမှန်တကယ်ဆန်တင်ပို့သည့် ပမာဏသည် တန်ချိန် ၁ ဒသမ ၃ သန်းသာ ရှိခဲ့ပြီး ယခုဘဏ္ဍာနှစ်အတွင်း တင်ပို့မည့် ပမာဏ နှစ်သန်းတင်ပို့နိုင်ရန်မှာ မဖြစ်နိုင် ကြောင်း ကမ္ဘာ့ဘဏ်က နှိုင်းယှဉ်ထောက်ပြ ထားသည်။



၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်ကာလတူက ဆန်တန်ချိန် ၆၂၆ဝ၄ဝ တင်ပို့ခဲ့မှုမှ တန်ဖိုး ဒေါ်လာ ၂၄ဝ သန်းကျော်နှင့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၂၇ ရက်အထိ ပြည်ပသို့ ဆန်တန်ချိန် ၃၁၆၇၁၁ တင်ပို့ခဲ့ပြီး ဒေါ်လာ ၁၂၉ သန်းကျော်ရရှိခဲ့ ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။



၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်အတွင်း ဆန် တန်ချိန် ၁ ဒသမ ၄ သန်းကျော်တင်ပို့နိုင် ခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော်အတွင်း ပြည်ပ သို့ အများဆုံးတင်ပို့နိုင်သည့်ပမာဏဖြစ် ကြောင်း၊ ယင်းကဲ့သို့တင်ပို့နိုင်ခဲ့သော်လည်း တန်းမြင့်ဆန်အနေဖြင့် ဆန်တန်ချိန် ၁၆ဝဝဝဝ ကျော်ကိုသာ တင်ပို့နိုင်ခဲ့ကြောင်းလည်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။



မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှု ၏ ရာခိုင်နှုန်း ၈ဝ ကို တရုတ်နိုင်ငံသို့ တင် ပို့နေခြင်းဖြစ်ပြီး ဥရောပသမဂ္ဂသည် မြန်မာ နိုင်ငံမှ ဆန်များအား အကောက်ခွန်လွတ် တင်သွင်းရန် ဈေးကွက်ဖွင့်ပေးခဲ့သည်။



ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကလည်း မြန်မာနိုင်ငံ ဒေသအတော်များများတွင် ရေကြီးမှု၊ မိုးခေါင်မှုများကြောင့် ပျက်စီးမှုများရှိခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ အနည်းဆုံး ဆန်တန်ချိန် တစ်သန်းတင်ပို့နိုင်ရေး လုပ် ဆောင်ခဲ့သည်။







စပါးထုတ်လုပ်မှုကျဆင်းခြင်းနှင့် ဆန်အရည်အသွေးညံ့ဖျင်းမှုများကြောင့် ယခုဘဏ္ဍာနှစ်အတွင်း�

www.news-eleven.com

လယ်ယာအဆင့်တွင် ထုတ်လုပ်မှု လျော့ကျခြင်းနှင့် ဆန်အရည်အသွေးညံ့ဖျင်း မှုများကြောင့် ယခုဘဏ္ဍာနှစ်အတွင်း ဆန် တန်ချိန်နှစ်သန်းတင်ပို့မည့် မြန်မာအစိုးရ ၏ လျာထားချက်မှာ မပြည့်မီနိုင်ကြောင်း ဩဂုတ် ၁၂ ရက်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ထားချက်အရ သိရသည်။

from Eleven Media Group's Facebook Wall http://ift.tt/1uQQP32

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...