Skip to main content

အာဆီယံဒေသတွင်းဖိုရမ် မပြုလုပ်မီ သြဂုတ် ၈ ရက်တွင် အမေရိကန်နှင့် တရုတ်ကိုယ်စားလှယ်များ နေပြည်တော်၌ သီးခြားတွေ့ဆုံရန် လျာထားသည့်အစီအစဉ် ပျက်ပြယ်






အာဆီယံ ဒေသတွင်းဖိုရမ် မပြုလုပ်မီ သြဂုတ် ၈ ရက်တွင် အမေရိကန်နှင့် တရုတ်ကိုယ်စားလှယ်များ နေပြည်တော်၌ သီးခြားတွေ့ဆုံရန် လျာထားခဲ့သည့် အစီအစဉ်မှာ ပျက်ပြယ်ခဲ့ကြောင်း သတင်းရရှိသည်။



သြဂုတ် ၈ ရက်တွင် သီးခြားတွေ့ဆုံရန် လျာထားခဲ့သော အဆိုပါအစီအစဉ်မှာ မည်သည့်အတွက်ကြောင့် ပျက်ပြယ်ခဲ့သည်ကို မသိရှိရသော်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ရောက်ရှိမလာသေးသဖြင့် ပျက်ပြယ်ရခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။



အမေရိကန်နှင့် တရုတ်တို့ သီးခြားတွေ့ဆုံမှုတွင် တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်လိမ့်မည်ဆိုသော သတင်းများထွက်ပေါ်ချိန်၌ သီခြားတွေ့ဆုံမည့် အစီအစဉ် ပျက်ပြယ်ခဲ့ခြင်းလည်း ဖြစ်သည်။



အမေရိကန်အနေဖြင့် အာဆီယံဒေသတွင်းဖိုရမ်ကို အသုံးပြုကာ တောင်တရုတ်ပင်လယ် အရေးကိစ္စအတွက် ဖိအားပေးလိမ့်မည်ဆိုသော သတင်းများ ထွက်ပေါ်နေသော်လည်း မြန်မာနိုင်ငံ၏ အာဆီယံရေးရာ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဖြစ်နိုင်ခြေမရှိကြောင်း ပြောကြားသည်။



“အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဆီယံအစည်းအဝေးကို အသုံးပြုပြီး တောင်တရုတ်ပင်လယ် အရေးကိစ္စအတွက် ဖိအားပေးမယ်ဆိုတာက သိပ်တော့မဖြစ်နိုင်ပါဘူး။ ပြီးခဲ့တဲ့ ထိပ်သီးအစည်းအဝေးမှာ တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ဖို့ကို အာဆီယံအနေနဲ့ ညီညွတ်တဲ့သဘောထားကို ထုတ်ပြန်ခဲ့တယ်။ နောက်ပိုင်းမှာလည်း တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီးတော့ပဲ ဆွေးနွေးပွဲနှစ်ခု ဆက်ကျင်းပခဲ့တယ်။ အဲဒီအတွက် တောင်တရုတ်ပင်လယ်အရေးက တင်းမာမှုလျော့ကျသွားပြီ။ အဲဒီအတွက် ဒီကိစ္စကို ဒေသတွင်းဖိုရမ်မှာ ကိစ္စတစ်ခုအနေနဲ့ ဆွေးနွေးကောင်း ဆွေးနွေးနိုင်ပေမယ့် သီးခြားထုတ်ပြန်ချက် ထုတ်ပြန်တာမျိုးတော့ မရှိပါဘူး” ဟု ပြန်ကြားရေးဝန်ကြီး ဌာန၀န်ကြီးနှင့် အာဆီယံရေးရာ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။



တရုတ်နိုင်ငံသည် အာဆီယံဒေသတွင်းဖိုရမ် မစတင်မီ သြဂုတ် ၇ ရက်က တောင်တရုတ်ပင်လယ်၌ ဗီယက်နမ်၊ ထိုင်ဝမ်တို့နှင့် ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသည့် ကျွန်းငါးကျွန်းတွင် မီးပြတိုက်များ ဆောက်လုပ်မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာမှတစ်ဆင့် ကြေညာချက်ထုတ်ခဲ့သည်။



ထိုသို့ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း အာဆီယံဒေသတွင်းဖိုရမ်တွင် တောင်တရုတ်ပင်လယ်အရေး ဆွေးနွေးမှုများ လွှမ်းမိုးလိမ့်မည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။



အမေရိကန်ဘက်က တရုတ်နိုင်ငံအား ဖိအားပေးလိမ့်မည်ဟု ပြောဆိုမှုများ ရှိနေသော်လည်း တရုတ်နိုင်ငံအနေဖြင့်မူ ထိုကဲ့သို့ တောင်းဆိုမှုများအပေါ် လုံးဝဂရုစိုက်နေမည် မဟုတ်ကြောင်း ပေဂျင်းက ပြောဆိုထားသည်။



“တောင်တရုတ်ပင်လယ်အရေးကို အမေရိကန်က ဒေသတွင်းဖိုရမ်မှာ ပြောကောင်းပြောလိမ့်မယ်။ ဒါပေမယ့် သူက ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့သူ မဟုတ်ဘူးလေ။ အာဆီယံနဲ့ တရုတ်က လက်ခံထားတာက ဒါဟာ ဒေသတွင်းပြဿနာ။ ဒေသတွင်းနိုင်ငံ အချင်းချင်းပဲ ညှိနှိုင်းဖြေရှင်းရမယ်။ ဒါကို တရုတ်နိုင်ငံကလည်း အစကတည်းက ပြောထားပြီးသားပါ” ဟု ဦးရဲထွဋ်က ပြောကြားသည်။



သြဂုတ် ၁၀ ရက်တွင်ပြုလုပ်မည့် အာဆီယံဒေသတွင်းဖိုရမ်၌ ကိုရီးယားကျွန်းဆွယ်အရေး ဆွေးနွေးမှုနှင့် တောင်တရုတ်ပင်လယ်အရေး ဆွေးနွေးမှုများက ထိပ်တန်းဖြစ်လာနိုင်သည်။



အမေရိကန် ကိုယ်စားလှယ်များအနေဖြင့် သြဂုတ် ၈ ရက်တွင် တရုတ်အပြင် ဖိလစ်ပိုင်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန်ကိုလည်း လျာထားခဲ့ပြီး ထိုလျာထားချက်မှာလည်း ပျက်ပြယ်ခဲ့သည်။








from Eleven Daily News http://ift.tt/1lIb1i7

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...