Skip to main content

(သြဂုတ်လ ၁၁ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်) အီဘိုလာရောဂါအတွက် ကျန...



(သြဂုတ်လ ၁၁ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်)



အီဘိုလာရောဂါအတွက် ကျန်းမာရေးဝန်ကြီးသစ် အစွမ်းပြပါ



အနောက်အာဖရိက နိုင်ငံတစ်နိုင်ငံဖြစ်သော လိုင်ဘေးရီးယားတွင် ဖြစ်ပွားနေသည့် အီဘိုလာရောဂါသည် တစ်ကမ္ဘာလုံးသို့ ခြိမ်းခြောက်နေပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO က သတိပေး ပြောဆိုထားသည်။ ကုသရန် ဆေးမရှိသေးသည့် ရောဂါသည် ဖြစ်ပွားသူပေါင်း ၁,၇၀၀ ကျော်တွင် ၉၀၀ ကျော်ကို သေဆုံးစေခဲ့ပြီဟုလည်း WHO က ဆိုသည်။



WHO ၏ သတိပေးချက်နှင့်အတူ လိုင်ဘေးရီးယားနိုင်ငံတွင်လည်း ရောဂါဖြစ်ပွားရာဒေသများမှ လူဝင်ထွက်သွားလာမှုကို စစ်ဆေးထိန်းချုပ်နေပြီး နိုင်ငံအတွင်း အရေးပေါ်အခြေအနေကို ကြေညာထားသည်။ အလားတူ အမေရိကန်အစိုးရ၏ ရောဂါကာကွယ် ထိန်းချုပ်ရေးဌာနကလည်း အရေးပေါ် ကာကွယ်မှုများပြုလုပ်ရန် တပ်လှန့်ထားသည်။



မြန်မာနိုင်ငံတွင်လည်း အဆိုပါရောဂါကို ကာကွယ်ရန် ဆေးရုံများကို အသင့်ပြင်ထားပြီးဖြစ်သည်ဟု ကျန်းမာရေးဌာန အကြီးတန်းအရာရှိများက ထုတ်ဖော်ပြောဆိုသည်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပါအ၀င် တိုင်းနှင့် ပြည်နယ်ရှိ ခရိုင်ကြီးများရှိ ဆေးရုံကြီး ၁၉ ရုံတွင် ပြင်ဆင်ထားပြီးဖြစ်သည်ဟု ဆိုသည်။



သို့သော် အီဘိုလာနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိရန် လိုအပ်နေသေးသည်။ သတင်းအချက်အလက်များ ပြည့်စုံစွာသိရှိရန် အားနည်းပါက ကြိုတင်ကာကွယ်မှုသည်လည်း ထိရောက်မှုရှိမည် မဟုတ်ပေ။



သတင်းအချက်အလက်များ ပျံ့နှံ့မှု အားနည်းသည့် နယ်ဒေသများနှင့် သာမန်ရောဂါများအတွက်ပင် ဆေးဝါးလုံလောက်မှု မရှိ၊ ဆေးရုံတက်လူနာများ ကိုယ်တိုင် လိုအပ်သည့် ဆေးဝါးများကို စိုက်ထုတ်ဝယ်ယူကုသနေရသည်ဟု ဝေဖန်ခံနေရသော အစိုးရဆေးရုံများအတွက် အီဘိုလာဗိုင်းရပ်စ်က သတိပေးလျက်ရှိသည်။



အလားတူပင် သံသယဖြစ်ဖွယ်လူနာများ တွေ့ရှိပါက အီဘိုလာရောဂါ ကူးစက်ခံစားနေရသူဟု မြန်မာ့ဆေးရုံ၊ ဆေးခန်းများက အတည်မပြုနိုင်သေးပေ။ ရောဂါဖြစ်ပွားနေသူဟု အတည်ပြုချက်ရယူနိုင်ရန် ပြည်ပနိုင်ငံများသို့ ပို့ဆောင်စစ်ဆေးရမည်ဖြစ်ရာ အချိန်နှင့် ကုန်ကျစရိတ်ကလည်း အကန့်အသတ်ဖြစ်နေသည်။ ဆိုခဲ့သော အချက်အလက်များအပေါ် မူတည်လျက် အီဘိုလာရောဂါလက္ခဏာ တစ်ခုခုပြနေသည့် လူနာတစ်ဦးဦးတွေ့ရှိသည်ဆိုပါမူ ကာကွယ်ရန်နှင့် ထိန်းချုပ်ရန် ခက်ခဲနေပေဦးမည်။



ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများတွင် ကြိုတင်ကာကွယ်ရန် လုပ်ဆောင်နေသကဲ့သို့ နယ်ဒေသများရှိ လူထုနှင့် ဆေးရုံများ၊ ဆေးခန်းများ၊ ကျန်းမာရေးဝန်ထမ်းများအားလည်း အသိပညာပေးရန်နှင့် ညွှန်ကြားချက်များ အခါအားလျော်စွာ ထုတ်ပြန်ပေးရန် ကျန်းမာရေးဝန်ကြီးဌာနတွင် တာဝန်ရှိသည်။



ရောဂါသည် တိရစ္ဆာန်များ၊ လူများမှ ထွက်သည့် သွေး၊ ခန္ဓာကိုယ်မှ ထွက်သည့် အရည်များကြောင့် ကူးစက်တတ်သည်ဟူသည့် WHO ၏ ထုတ်ပြန်ချက်ကို မြို့ပြနေလူထုသာမက ကျေးလက်ဒေသ လူထုသိရှိရန်လည်း လိုအပ်သည်။ အလားတူပင် ရောဂါခံစားနေရသူကို ကိုင်တွယ်ကုသရာမှ ရောဂါကူးစက်နိုင်သည်ကိုလည်း ကျန်းမာရေးဝန်ထမ်းများသာမက လူနာနှင့် ထိတွေ့မှုများသည့် မိသားစုဝင်များ သိရှိထားရန်လည်း လိုအပ်သည်။ရောဂါလက္ခဏာများအဖြစ် ဖျားနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ၀မ်းလျှောခြင်း၊ ချောင်းဆိုးခြင်းစသည့် လက္ခဏာများ နှစ်ရက်မှ ၂၁ ရက်အတွင်း ပြတတ်ပြီး အခြားရောဂါလက္ခဏာများနှင့် တူညီသည့် လက္ခဏာများ ပြသတတ်ခြင်းကြောင့် သတိပြုရန်လိုသည်ဟု WHO က ဆိုထားသည်။



အီဘိုလာရောဂါ ကာကွယ်ဆေးမပေါ်သေးသကဲ့သို့ ထိန်းချုပ်ရန်လည်း ခက်ခဲသည့် အခြေအနေတွင် ရောဂါပိုး အဓိက ၀င်ပေါက်များဖြစ်သည့် နိုင်ငံတကာဧည့်သည်များ ၀င်ထွက်သွားလာသည့် လေဆိပ်၊ သင်္ဘောဆိပ်ကမ်းများတွင် နိုင်ငံတွင်းသို့ ၀င်ထွက်သွားလာခွင့်ပြုမည့် ၀န်ထမ်းများသည်လည်း ပေါ့လျော့မနေသင့်ဘဲ အလေးထား စစ်ဆေးရန် ဂရုပြုလုပ်ဆောင်သင့်သည်။



ကြိုတင်ကာကွယ်ခြင်းနှင့် ကျန်းမာရေး အသိပညာတိုးတက်ရန် သတင်းအချက်အလက် ဖြန့်ဝေခြင်း၊ တိကျသည ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ ထုတ်ပြန်သည့်အချက်များကိုလည်း တိကျစွာလိုက်နာခြင်းတို့ဖြင့် ကြိုတင်ကာကွယ်ရန် လိုအပ်လှသည်။ ပြည်သူတို့အတွက် ကျန်းမာရေးဝန်ဆောင်မှု ညံ့ဖျင်းလှသည်ဟု ဝေဖန်ခံနေရသည့် ကျန်းမာရေးဝန်ကြီးဌာန၏ ၀န်ကြီးအသစ်၏ အစွမ်းကို ပြသရန် အချိန်တန်ပြီဖြစ်သည်။ #Mizzimadaily

from Mizzima - News in Burmese's Facebook Wall http://ift.tt/1nGMRUT

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...