Skip to main content

မန်ဂါလာကို မန်စီးတီးအသင်း (၅)နှစ်စာချုပ်ဖြင့် ခေါ်ယူ မန်စီးတီးအသင်းသည် ပေါ်တိုအသင...



မန်ဂါလာကို မန်စီးတီးအသင်း (၅)နှစ်စာချုပ်ဖြင့် ခေါ်ယူ



မန်စီးတီးအသင်းသည် ပေါ်တိုအသင်း၏ ပြင်သစ်လက်ရွေးစင်နောက်ခံလူ မန်ဂါလာအား အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီး (၅)နှစ် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရှိရသည်။



မန်စီးတီးနည်းပြ ပယ်လီဂရီနီသည် အာဆင်နယ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် ကွန်မြူနတီဒိုင်းပွဲစဉ်အပြီးတွင် မန်ဂါလာသတင်းကို အတည်ပြုပြောကြားခဲ့ခြင်းဖြစ်ပြီး မိမိသည် အသင်း၏လက်ရှိလူအင်အားကို အလွန်အားရကျေနပ်မိသည်ဟု ပြောကြားခဲ့သည်။ ပယ်လီဂရီနီက “မန်ဂါလာကို အသင်းရဲ့ခံစစ်ကြောင်းအတွက် ကျွန်တော်အရမ်းအလိုရှိပြီး အခုလိုခေါ်ယူနိုင်ခဲ့တဲ့အတွက် ၀မ်းမြောက်မိပါတယ်”ဟု ပြောကြားခဲ့သည်။ မန်ဂါလာသည် ပြီးခဲ့သည့် တနင်္လာနေ့က မန်စီးတီးအသင်းနှင့် အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်ပြီး မန်စီးတီးအသင်းအနေဖြင့် ၎င်းအတွက်ပြောင်းရွှေ့ကြေး ပေါင်(၃၂)သန်းဝန်းကျင် အသုံးပြုခဲ့ရကာ ကျောနံပါတ်(၂၀)ပေးအပ်ခဲ့ကြောင်းလည်း သိရှိရသည်။



မန်စီးတီးအသင်းသည် ပေါ်တိုအသင်း၏ ကွင်းလယ်လူ ဖာနန်ဒိုကိုလည်း ခေါ်ယူထားပြီး ကွန်မြူနတီဒိုင်းပွဲစဉ်တွင် အသုံးပြုခဲ့သည်။ ယင်းပွဲတွင် အာဆင်နယ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သော်လည်း လာမည့်ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲအတွက် ယုံကြည်ချက်အပြည့်ရှိကြောင်းနှင့် မိမိသည် အသင်း၏လက်ရှိလူအင်အားကို အလွန်အားရကျေနပ်နေကြောင်း ပယ်လီဂရီနီကပြောကြားခဲ့သည်။ ၎င်းက “ကျွန်တော်တို့အသင်းမှာ အလွန်တောင့်တင်းတဲ့လူစာရင်း ရှိပါတယ်။ ကာဘယ်လာရို၊ ဆက်ဂ်ညာ၊ ဖာနန်ဒိုနဲ့ မန်ဂါလာတို့ဟာ အသင်းကိုပိုပြီးအားကောင်းစေမှာပါ။ ကျွန်တော်တို့ရဲ့ခံစစ်က ပိုတောင့်တင်းလာသလို၊ တိုက်စစ်ကလည်း ပိုကောင်းလာဖို့မျှော်လင့်ထားပါတယ်”ဟုဆိုခဲ့သည်။



(မန်စီးတီးအသင်းသို့ ရောက်ရှိလာသည့် ပေါ်တိုနောက်ခံလူ မန်ဂါလာ)







from Eleven Media Group's Facebook Wall http://ift.tt/1nJC2Bn

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3