Skip to main content

တောင်တရုတ်ပင်လယ်အရေး ဖြေရှင်းမှုတွင် သက်ဆိုင်ရာနိုင်ငံများ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများ အမြန်ဆုံးထွက်ပေါ်ရန် အရေးကြီးကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပြောကြား










တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပြောကြားနေစဉ်






တောင်တရုတ်ပင်လယ်ဆိုင်ရာ ရေပိုင်နက်အငြင်းပွားမှု ဖြေရှင်းရာတွင် သက်ဆိုင်ရာနိုင်ငံများအလိုက် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများ (COC) အမြန်ဆုံး ပေါ်ထွက်လာရေးက အရေးကြီးကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က သြဂုတ် ၁၀ ရက်တွင် ပြောကြားလိုက်သည်။



သြဂုတ် ၅ ရက်မှ ၁၀ ရက်အထိ နေပြည်တော်၌ ပြုလုပ်ခဲ့သော (၄၇) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၊ အာဆီယံဒေသတွင်း ဖိုရမ်တို့နှင့် ပတ်သက်ပြီး သြဂုတ် ၁၀ ရက်ညပိုင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ဦးဝဏ္ဏမောင်လွင်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။



အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များက အစည်းအဝေးကာလအတွင်း တောင်တရုတ်ပင်လယ်အရေး တင်းမာမှုများကိုသာ မေးမြန်းခဲ့ကြသည်။



“ကျွန်တော်တို့ တောင်တရုတ်ပင်လယ်အရေးကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ အဓိက အခြေခံအကျဆုံးမူက အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ပါ ပဲ။ အငြင်းပွားမှုမှာ ပါဝင်နေတဲ့ နိုင်ငံတွေက သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ပြောဆိုခဲ့ကြပါတယ်။ အငြင်းပွားတဲ့ နိုင်ငံတွေအချင်းချင်း ပြောဆိုဖို့ပါ။ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက ဒီပြဿနာဖြေရှင်းဖို့ နည်းလမ်းရှာရာမှာ ပံ့ပိုးကူညီဖို့ ဆောင်ရွက်ပါတယ်။ ပြီးရင် code of conduct ကိုလည်း အမြန်ဆုံးပြီးအောင် လုပ်ဆောင်ကြရမှာပါ” ဟု The Wall Street Journal က မေးမြန်းသော မေးခွန်းကို ပြန်ဖြေရာ၌ ဦးဝဏ္ဏမောင်လွင်က ထည့်သွင်းပြောကြားခဲ့သည်။



“အာဆီယံအဖွဲ့အနေနဲ့ ဒီဒေသမှာ တည်ငြိမ်မှု၊ အေးချမ်းမှု၊ ရေကြောင်းလုံခြုံမှု စတာတွေကို ဦးစားပေးပါတယ်။ ဒါကြောင့် ငြိမ်းချမ်းတဲ့အဖြေကိုရှာဖို့ ဆွေးနွေးပွဲတွေဖြစ်လာအောင် အာဆီယံနိုင်ငံတွေက ပံ့ပိုးကူညီပါတယ်။ အရေးကြီးတာက COC အမြန်ဆုံးပြီးဖို့နဲ့ လိုက်နာကြဖို့ပါပဲ” ဟု ဦးဝဏ္ဏမောင်လွင်က ဆက်လက်ပြောကြားသည်။



ထို့အပြင် တရုတ်နိုင်ငံဘက်ကလည်း တောင်တရုတ်ပင်လယ်အတွင်း နိုင်ငံများ လိုက်နာစောင့်ထိန်းရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာချက် (DOC) အကောင်အထည်ဖော်နိုင်ရေးကို လိုလားနေသည်ဟု Channel News Asia ရုပ်သံလိုင်းမှ သတင်းထောက်မေးမြန်းသော မေးခွန်းကို ပြန်ဖြေရာ၌ ဦးဝဏ္ဏမောင်လွင်က ထည့်သွင်းပြောကြားသည်။



“တရုတ်ကလည်း DOC အကောင်အထည်ဖော်နိုင်ရေးကို လိုလားလျက်ရှိပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အားလုံးက COC အမြန်ဆုံးပြီးနိုင်ရေးကိုလည်း ဆောင်ရွက်နေပါတယ်။ တစ်ဖက်က အခြားတစ်ဖက်ကို လွှမ်းမိုးနေတယ်ဆိုတာမျိုး မရှိပါဘူး။ ကျွန်တော်တို့ ASEAN Way လို့ခေါ်တဲ့ အခြေခံမူက ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ပါပဲ” ဟု ဦးဝဏ္ဏမောင်လွင်က ဆိုပါသည်။



ခြောက်ရက်ကြာပြုလုပ်ခဲ့သော နေပြည်တော်အာဆီယံ ဆွေးနွေးပွဲများသို့ သက်ဆိုင်ရာနိုင်ငံများမှ တက်ရောက်သူကိုယ်စားလှယ် ၁၀၀၀ ကျော်ရှိခဲ့ပြီး ပြုလုပ်ခဲ့သည့် အစည်းအဝေး ၃၀ ကျော်အနက် ၁၅ ခုမှာ ၀န်ကြီးအဆင့် အစည်းအဝေးများဖြစ်ကြောင်း သိရသည်။








from Eleven Daily News http://ift.tt/1ykPPnS

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...